ရှေ့သို့
Image

အက်စတွန်ဗီလာကို အပြီးသတ်ပြောင်းရွေ့ရာမှ လစာ ၇၀ ရာခိုင်နှုန်းထိ လျော့ယူခဲ့တဲ့ ကော်တင်ဟို

10:21 AM, 15 May

ဖီလစ်ပီ ‌ကော်တင်ဟိုဟာ ပြီးခဲ့တဲ့သောကြာနေ့က ဘာစီလိုနာအသင်းကနေ အက်စတွန်ဗီလာအသင်းထံ ပြောင်းရွေ့ကြေး ပေါင် ၁၇ သန်းနဲ့ ပြောင်းရွေ့ခဲ့ပါတယ်။ ထို့အတူ လစာငွေကိုလဲ ၇၀ % အထိ လျော့ချယူခဲ့တယ်လို့သိရပါတယ်။

အက်စတွန်ဗီလာအသင်းဟာ ကော်တင်ဟိုကို ဆောင်းရာသီ အပြောင်းအရွေ့မှာ အငှားနဲ့ ခေါ်ယူခဲ့ပြီး ယခုအချိန်မှာ အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီး စာချုပ်သက်တမ်းဟာ ၄ နှစ် ဖြစ်တယ်လို့ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ 

The Telegraph ရဲ့ အဆိုအရ ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၄၇၀၀၀၀ ရရှိနေပြီး ယခု အက်စတွန်ဗီလာအသင်းကို ပြောင်းရွေ့တဲ့အခါမှာ တစ်ပတ်လုပ်ခ ပေါင် ၁၂၅၀၀၀ သာရရှိမှာဖြစ်လို့ ယခင်လစာငွေထက် ၇၀ % အထိ လျော့ကျသွားခဲ့တာပဲဖြစ်ပါတယ်။ 

အစီရင်ခံစာအရတော့ ကော်တင်ဟိုဟာ ပရီးမီးယားလိဂ်ကလပ်မှာ ကစားလိုစိတ်ရှိတာကြောင့် ယခုလို လစာငွေကို လျော့ချယူခဲ့တာလို့ဆိုပါတယ်။ 

ဗီလာနည်းပြ ဂျရတ်တော့ အသင်းကို နွေရာသီမှာ ကစားသမားအင်အားထပ်ဖြည့်ချင်နေပြီး အင်္ဂလန်သား လိဒ်ကွင်းလယ်ကစားသမား ကယ်ဗင်ဖီးလစ်ကို ပစ်မှတ်ထားနေပါတယ်။ 

ထို့အပြင် ဂျရတ်ကတော့ ကော်တင်ဟိုကို ခေါ်ယူနိုင်ခဲ့တာက အသင်းကို အခြားသော နာမည်ကြီး ကစားသမားတွေကို ခေါ်ယူနိုင်စေဖို့ ဆွဲဆောင်နိုင်တဲ့ တချက်ဖြစ်တယ် လို့လဲ ယုံကြည်နေပါတယ်။ 

"ကျွန်တော်အသင်းမှာ အပြောင်းအရွေ့ကာလတစ်ခုပဲ ဖြတ်သန်းဖူးပါသေးတယ် ။ ဒါပေမယ့် ဇန်နဝါရီတုန်းက လူးကပ်စ်ဒီနေး နဲ့ အတူတူထိုင်နေခဲ့တဲ့ အချိန်ကို မှတ်မိပါသေးတယ်။ သူက ‌"ကော်တင်ဟိုက ဘယ်လိုဖြစ်တာလဲ" လို့ ပြောခဲ့ပါတယ်။ "

"ကစားသမားတွေက မေးခွန်းတွေ မေးကြတယ်။ သူတို့က သူတို့နဲ့ အတူ ဘယ်ကစားသမားကလာကစားမလဲ သိချင်ကြတယ်။ သူတို့ကလဲ ကစားသမားကောင်းနဲ့ တွဲဖက် ကစားချင်ကြတယ်။ "

"တကယ်လို့များ အောင်ပွဲတွေရတဲ့ အခါမှာ ကစားသမားတွေက သူတို့ တခြားသော ကစားသမားကောင်းတဲ့ တွဲဖက်ကစားနိုင်လို့ ရရှိတဲ့ အောင်မြင်မှုလားဆိုတာ သိချင်ကြပါတယ်။ အဲ့လိုပါ။ ဖီလစ်ပီရဲ့ ခြေစွမ်းဟာ ထိပ်တန်းအဆင့်မှာ ရှိနေပါသေးတယ်။ သူအသင်းကို ရောက်ကာစကတော့ သူဟာ ပွဲအတွက် သိပ်အသားမကျသေးပါဘူး။ အသားကျဖို့ အချိန်တစ်ခုတော့ပေးရပါတယ်။ ဒါပေမယ့် သူဟာ ဒီမှာနောက်ထပ် နှစ်တွေမှာ အသင်းအတွက် အရေးပါတဲ့ ကစားသမားကြီး ဖြစ်လာမှာပါ။ "

"သူ့ကို အသင်းမှာအပြီးသတ်ခေါ်ထားပြီးပါပြီ။ အသားကျဖို့ အချိန်တစ်ခု‌ပေးရပါမယ်။ သူဟာ ကစားသမားဘဝ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ပါလိမ့်မယ် ဘာကြောင့်လဲဆိုတော့ သူဘယ်လိုကစားရမယ်ဆိုတာကို သိဖို့က အရေးပါပြီး အဲ့ဒါကို လာမယ့်နှစ်တွေအတွင်းမှာ သူသိသွားပါလိမ့်မယ်။ "

"သူ့ကို အသင်းကလိုအပ်တယ်ဆိုတာ သူခံစားရဖို့ လိုအပ်ပါတယ်။ အဲ့သည်လိုပဲ သူ့ကိုအားပေးထောက်ခံနေကြတယ်ဆိုတာကို သူသိရှိခံစားမိဖို့ လိုပါတယ်။"

လို့ ဂျရတ်က ပြောခဲ့ပါတယ်။ 

#အက်စတွန်ဗီလာ #ကော်တင်ဟို