ရှေ့သို့
Image

ချန်ပီယံလိဂ်ဖိုင်နယ်ပွဲ လက်မှတ်ဈေးနဲ့ ပတ်သက်ပြီး ကလော့ပ်ရဲ့ ဝေဖန်မှုကို ယူအီးအက်ဖ်အေဥက္ကဌ ပြန်လည်တုံ့ပြန်

10:17 AM, 14 May

ယူအီးအက်ဖ်အေဥက္ကဌ ဆီဖာရင်က ပြင်သစ်မှာ ကျင်းပမယ့် ချန်ပီယံလိဂ်ဖိုင်နယ်ပွဲလက်မှတ် ဈေးကြီးမှုနဲ့ ပတ်သက်ပြီး ကလော့ပ်ရဲ့ ဝေဖန်မှုကို ပြန်လည်တုံ့ပြန်ပြောကြားလိုက်ပါတယ်။

လီဗာပူးဟာ၅ ရာသီအတွင်း တတိယမြောက်ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ၂၀၁၈ တုန်းက ပြိုင်ဘက်ဟောင်းကို လက်စားပြန်ချေရမှာဖြစ်ကာ ရီးရဲလ်က စီးတီးကို ကျော်ဖြတ်ပြီး တက်ရောက်လာနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပဲရစ်မှာကျင်းပမယ့်ပွဲအတွက် လက်မှတ်ခွဲတမ်းကို တစ်သင်းကို ၁၉၀၀၀ ဆီပဲပေးတဲ့အနေအထားမှာ လူဦးရေ ၇၅၀၀၀ လောက်ဝင်ဆန့်တဲ့ကွင်းကို အခုလောက်လေးပဲ ခွင့်ပြုတာနဲ့ပတ်သက်ပြီး ကလော့က်က ဝေဖန်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်လက်မှတ်တွေက ဈေးတက်နေပြီး A လက်မှတ်ကို  ၅၇၉ ပေါင် ၊ B အတွက် ၄၁၁ ပေါင် နဲ့ C အတွက် ၁၂၆ ပေါင် ၊ D အတွက် ၅၀ ပေါင် သတ်မှတ်ထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းက ကလော့ပ်က ယူအီးအက်အေရဲ့လက်မှတ်ခွဲဝေရေး နဲ့ စီမံခန့်မှုအဖွဲ့ကို ဝေဖန်ခဲ့တာဖြစ်ပါတယ်။ ဆီဖာရင်က ဗင်ယင်နာမှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းပွဲမှာ ကလော့ပ်ရဲ့ ပြောကြားချက်ကို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

“အဲ့တာက ကလပ်အသင်းတွေအတွက် အလုပ်လုပ်တဲ့ နည်းလမ်းတစ်ခုပါ။ ယူအီးအက်အေအတွက် မဟုတ်ပါဘူး။ တကယ်လို့ လက်မှတ်ဈေးကို ယူရို ၁၀ ပေါင် ချိန်းလိုက်မယ်ဆိုရင် အဲ့တာက အသင်းတွေ အများကြီးကို လိုက်ချိန်းရမှာပါ။ အများကြီးပါ။ ကွျွန်တော် သူ့ကိုရှင်းပြပါတယ်။ အချိန်လေးတော့ပေးပါ။ ဘာလို့လဲဆိုတော့ တစ်ချက်ချင်းစီကို ရှင်းပြရမှာမလို့ပါ။  ဖိုင်နယ်ပွဲက ရတဲ့အကျိုးအမြတ်ကို ယူအီးအက်ဖ်အေက ၆.၅% လောက်ပဲရတာပါ။ အသင်းတွေက ၉၃.၅% လောက်ရရှိနေတာပ။ အခြားပွဲတွေဆိုရင် ၁၀၀% အမြတ်ငွေက အသင်းတွေအတွက်ပဲ သွားတာပါ။ ၂ သင်းစလုံးပရိသတ်တွေ လက်မှတ်အစောင်ရေ ၂ သောင်းနီးပါးရရှိကြပါတယ်။ စပွန်ဆာတွေက ယူရိုသန်း ၁၀၀ ပိုပေးလည်း ၉၃.၅% က တူညီတဲ့အသင်းတွေဆီကိုပဲ သွားတာပါ။ ယူအီးအက်ဖ်အေက အခြားသူတွေထပ်  လက်မှတ်ပိုမရပါဘူး။ အချို့လက်မှတ်တွေက ဈေးကွက်ထဲသွားပါတယ်။ အချို့လက်မှတ်တွေက ပရိသတ်တွေဆီသွားပါတယ်။ အချို့ကတော့ ပါတနာတွေဆီကို သွားပါတယ်။ အဲ့တာက ယူအီးအက်ဖ်အေမဟုတ်ပါဘူး။ ကျွန်တော်က လက်မှတ်တွေကို သူငယ်ချင်းတွေ နဲ့ ကျွန်တော့်မိတ်ဆွေတွေကို အလကားပေးမနေပါဘူး”လို့ ဆီဖာရင် ပြောကြားခဲ့ပါတယ်။

လီဗာပူးဟာ ကာရာဘောင်ဖလားရရှိထားပြီးဖြစ်ကာ အက်ဖ်အေဖလားဖိုင်နယ်အဖြစ် ချဲလ်ဆီးနဲ့ စနေနေ့မှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#လီဗာပူး #ကလော့ပ် #ယူအီးအက်ဖ်အေ #ဆီဖာရင်