ရှေ့သို့
Image

အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ကန်တီနဲ့ ကိုဗာဆစ် ပါဝင်ကစားနိုင်မယ်လို့ တူချယ် မျှော်လင့်နေ

8:50 AM, 14 May

သောမက်စ် တူချယ်က လီဗာပူးနဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ အဓိက ကွင်းလယ်လူ မတ်တီယို ကိုဗာဆစ် ပါဝင်ကစားနိုင်ဖို့ မသေချာသေးကြောင်း ဖွင့်ဟခဲ့ပါတယ်။

ကိုဗာဆစ်ဟာ လိဒ်စ်ယူနိုက်တက်နဲ့ပွဲစဉ်မှာ ဒန်နီရယ်ဂျိမ်းစ်ရဲ့ ပြင်းထန်တဲ့ ဖြတ်ထုတ်မှုကြောင့် ထော့နဲ့ထော့နဲ့ဖြင့် ကွင်းထဲက ထွက်သွားခဲ့ရပါတယ်။ ဒါပေမဲ့ တူချယ်တစ်ယောက် ဒဏ်ရာဟောင်းမှာ ပြန်ဖြစ်တယ်ပြောနေချိန် ခရိုအေးရှားသားကတော့ မျှော်မှန်းထားတာထက် ပိုစောကာ သက်သာလာခဲ့ပါတယ်။

တူချယ်က “သူ ဝင်ကစားချင်နေပါတယ်။ ဆေးအဖွဲ့က သူ့ကို လေ့ကျင့်ခန်းဆင်းခွင့်ပြုခဲ့ပါတယ်။ ဒဏ်ရာအသစ်မဟုတ်ပဲ တော်တော်နာနေတာပဲ ရှိပါတယ်။ သူ ပြန်ကစားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီရာသီ လီဗာပူးနဲ့ပွဲတွေမှာဆိုရင် သူတော်တော်လေး ကောင်းခဲ့ပါတယ်”“အရွတ်ကြောဒဏ်ရာက အရင်ကလည်း ရဃဲ့တာဖြစ်တာကြောင့် ဒဏ်ရာအသစ်မရှိပဲ တော်တော်နာကျင်နေတာပဲ ရှိပါတယ်။ သူ ပြန်ပါနိုင်မယ်လို့ မျှော်လင့်နေပေမဲ့ သူ့ကို လေ့ကျင့်ခန်းဆင်းခိုင်းပြီမှ ထည့်မထည့် စဉ်းစားသွားပါမယ်”

“လိဒ်စ်နဲ့ပွဲမှာ သူအရမ်းကောင်းခဲ့ပြီးမှ ဒဏ်ရာပြန်ရသွားပြန်ပါတယ်။ သူရဲ့ တစ်ဦးချင်းကျော်ဖြတ်မှု၊ ဘောလုံးသယ်ယူမှု၊ ဘောလုံးနဲ့ ဆွဲတက်မှုတွေက ထိပ်တန်းကစားသမားတစ်ယောက်ရဲ့ ပုံံစပါ။ သူက မာနတွေကို ဘေးဖယ်ပြီး အသင်းအတွက် လုပ်ပေးရမယ်ဆိုတာ သိသူဖြစ်ပါတယ်။ သူက တကယ်ကောင်းတဲ့ ကစားသမား၁ယောက်ပါ”လို့ ပြောခဲ့ပါတယ်။

အလားတူ ကန်တီနဲ့ ပတ်သက်ပြီး တူချယ်က “ကျွန်တော်တို့ ကန်တီအတွက် ကြိုးစားပါဦးမယ်။ ဖလားဗိုလ်လုပွဲ ဖြစ်တဲ့အတွက် စွန့်စားတွက်ချက်ရတာမျိုး ရှိပါတယ်”လို့ ဆိုခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဖေဖော်ဝါရီလက လီဗာပူးကို ကာရာဘောင်ဖလားဗိုလ်လုပွဲမှာ ပင်နယ်တီနဲ့ ရှုံးထားတာကြောင့် ယနေ့ည လက်စားပြန်ချေလိုနေကြပါတယ်။

#ချဲလ်ဆီး #တူချယ် #ကန်တီ #အက်ဖ်အေဖလား