ရှေ့သို့
Image

ဗုဒ္ဓဟူးနေ့ည ပွဲတုန်းက လိဒ်စ်ပရိသတ်တွေဆီကနေ ဘောလုံးပြန်တောင်းနေတဲ့ ရာဖင်ဟာကို ပြုံးကြည့်နေခဲ့တဲ့ အလွန်ဆို

2:11 PM, 13 May

လိဒ်စ်အသင်းဟာ တန်းဆင်းဇုံထဲမှာ ဆက်လက်ကျရောက်နေဆဲဖြစ်ပြီး ပွဲနှစ်ပွဲသာ ကစားဖို့ကျန်တော့တာ ဖြစ်ပါတယ်။ ပွဲအချိန် ၄ မိနစ်မှာတင် ချဲလ်ဆီးအသင်းအတွက် ဦးဆောင်ဂိုးကို မေဆင်မောင့်က သွင်းယူခဲ့ပြီး ပွဲချိန် မိနစ် ၂၀ မှာတော့ လိဒ်စ်ကစားသမား ဒန်နီရယ်ဂျိမ်းစ် အနီကတ်ထိပြီး ကစားပွဲကနေ ထွက်ခဲ့ရပါတယ်။

ပူလီဆစ်နဲ့ လူကာကူတို့ ဒုတိယပိုင်းမှာ တစ်ဂိုးစီထပ်မံသွင်းယူခဲ့ပြီးနောက်မှာတော့ ချဲလ်ဆီးအသင်းဟာ လိဒ်စ်ကို ၃-၀ နဲ့အနိုင်ရရှိသွားခဲ့ပါတော့တယ်။ ဆိုရှယ်မီဒီယာမှာ မျှဝေထားတဲ့ ဗီဒီယိုထဲမှာတော့ ကွင်းပြင်ရောက်လာတဲ့ဘောလုံးကို အမျိုးသမီးတစ်ယောက်ဟာ သူမဘောလုံးဖြစ်တယ်ဆိုပြီး ကိုင်ဆောင်ထားခဲ့တာဖြစ်ပါတယ်။

ထိုအချိန်မှာ သူ့အသင်းသုံဂိုးသွင်းပြီးပြီဖြစ်တာကိုသိတဲ့ အလွန်ဆိုဟာ အဆိုပါဖြစ်ရပ်ကို နားရွက်ကို ပါးစပ်တက်ချိတ်မတက် မိန့်မိန့်ကြီးပြုံးပြီးကြည့်နေခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ရာဖင်ဟာကတော့ မိနစ်တိုင်းဟာ သေရေရှင်ရေးသမျှအရေးကြီးနေတဲ့ လိဒ်စ်အသင်းအတွက် အဆိုပါအမျိုးသမီးဆီကနေ ဘောလုံးကို သနာစဖွယ် အပြေးလေးတောင်းခံနေခဲ့တာဖြစ်ပါတယ်။

လိဒ်စ်အသင်းပြန်နိုင်ခြေဟာ အလွန်နည်းပါးလှပေမဲ့ တန်းဆင်းဇုန်ရောက်နေတဲ့အသင်းတစ်သင်းဟာ ရသမျှအခွင့်အရေးတိုင်းကို အသုံးချရမှာပဲဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာကတော့ ပရိသတ်တွေကတော့ ဗျောက်သောက်တွေ ပြောဆိုနေခဲ့ကြပြီး မယုံနိုင်ကြဘူးဖြစ်နေကြပါတယ်။

တစ်ယောက်က “တန်းဆင်းဇုံအန္တရာယ်က ဒီလောက်ဆိုးနေတာကို သူတို့ဘာတွေဖြစ်နေတာလဲ”ဆိုပြီး တစ်ယောက်က မန့်ခဲ့သလို နောက်တစ်ယောက်ကလည်း “ရာဖင်ဟာတော့ အဲလိဂ်ကို မုန်းနေပြီဗျာ”လို့ မန့်ခဲ့ပါတယ်။ တတိယတစ်ယောက်မှလည်း “အလွန်ဆို မျက်နှာကိုကြည့်ရင် သိနိုင်ပါတယ်”လို့ မန့်ခဲ့ပါတယ်။တွစ်တာအသုံးပြုသူတစ်ယောက်မှလည်း “တကယ်ပါပဲ။ ဒီပရိသတ်တွေက ဘောလုံးပွဲရလဒ်ထက် အိမ်ပြန်လက်ဆောင်ရဖို့ပဲ ပိုဂရုစိုက်နေကြတယ်”

ဒန်နီရယ်ဂျိမ်းစ် ကိုဗာဆစ်ကို အဝင်ကြမ်းလွန်းတာကြောင့် လိဒ်စ်အသင်းဟာ ကစားသမား ၁၀ ယောက်နဲ့ ဒုတိယအကြိမ်ကစားခဲ့ရတာပဲဖြစ်ပါတယ်။ တနင်္ဂနွေက ကန်ခဲ့တဲ့ပွဲမှာလည်း လိဒ်စ်တို့ဟာ အာဆင်နယ်ကို ၂-၁ နဲ့အရှုံးပေးခဲ့ရပြီး ပွဲအစပိုင်း ၁၀ မိနစ်မှာတင် ၂ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

BBC Sport မှာတော့ မာ့ချ်က “နောက်ဆုံးနှစ်ပွဲမှာ လူကပ်တာမှားလို့ အသင်းကို တော်တော် အထိနာစေခဲ့တယ်။ ကျွန်တော်တို့ရဲ့ဘယ်ကစားသမားကိုမှ ကျွန်တော် အပြစ်တင်နေမှာမဟုတ်သလို ဘယ်သူ့ကိုမှ လက်ညိုးထိုးနေမှာမဟုတ်ပါဘူး။ သူတို့လည်း အကောင်းဆုံး ကြိုးစားကစားခဲ့တာပါပဲ။ ကျွန်တော်တို့တွေ အချင်းချင်းဖျက်ဆီးရမယ့်အစား စုစုစည်းစည်းလေးနေရမှာပါ”လို့ ပြောခဲ့ပါတယ်။

လိဒ်စ်အသင်းဟာ နံပါတ် ၁၈ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး ဘန်လေနဲ့ အမှတ်ကွာဟနေခဲ့ပေမဲ့ တစ်ပွဲသာနေခဲ့တာဖြစ်ပါတယ်။ အဲဗာတန်ကတော့ ဝက်ဖို့ဒ်နဲ့ပွဲမှာလည်း ဝ-၀ ရလဒ်နဲ့ သရေကျခဲ့တာကြောင့် တန်းဆင်းဇုန်နဲ့ ပိုမိုဝေးကွာသွားခဲ့ပြီဖြစ်ပါတယ်။

#လိဒ်စ်ယူနိုက်တက် #မားကို့စ်အလွန်ဆို #ရာဖင်ဟာ