ရှေ့သို့
Image

အင်တာဗျူးက ဖြစ်ရပ်ကြောင့် မာတီနယ်လီကို အီတလီမာဖီးယားတစ်ဦးနဲ့ ဆင်တူတယ်လို့ အာဆင်နယ် ပရိသတ်တွေ ယူဆနေ

1:49 PM, 13 May

အာဆင်နယ်ပရိသတ်တွေဟာ အသင်းဖော် ဘင်ဝှိုက်ကို ကြိမ်းမောင်းခဲ့တဲ့ဗီဒီယိုဖိုင်ထွက်ပေါ်လာပြီးနောက် မာတီနယ်လီကို အီတလီလူဆိုးတစ်ဦးလို့ ကင်ပွန်းတပ်နေကြပါတယ်။

အသက် ၂၀ အရွယ်ကစားသမားဟာ Uncut က စီစဉ်တဲ့ ပရီးမီးယားလိဂ်ရဲ့နောက်ဆုံး အင်တာဗျူးကို ဖြေဆိုနေခဲ့တာဖြစ်ပါတယ်။ ဘရာဇီးသားဟာ ဒီရာသီသူသွင်းခဲ့တဲ့ဂိုးတွေအကြောင်း ဆွေးနွေးနေတာဖြစ်ပြီး အဲ့ထဲမှာ လိဒ်ယူနိုက်တက်နဲ့ပွဲက သွင်းဂိုးလည်း ပါဝင်တာဖြစ်ပါတယ်။

သူဟာ  အသင်းဖော် ဘင်ဝှိုက်တစ်ယောက် ဝင်မရှုပ်ခင် လူငယ်တွေကို တစ်နေ့မှာ သူ့လိုမျိုးဖြစ်လာစေဖို့ အကြံပေးနေခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာနောက်ခံလူဟာ မာတီနယ်လီအင်တာဗျူးနေချိန်နောက်မှာရှိနေတဲ့ ဂိုးအလွတ်ထဲကို ဘောလုံးကန်သွင်းခဲ့တာဖြစ်ပါတယ်။

အဲ့အချိန်မှာ ဘရာဇီးသားက “ဘင်.. ငါအလုပ်လုပ်နေတယ်”လို့ အော်ဟစ်ခဲ့ပါတယ်။ အာဆင်နယ်ပရိသတ်တွေက မာတီနယ်လီရဲ့အော်ဟစ်မှုကို အခုလိုပြောကြားခဲ့ကြပါတယ်။ “မာတီနယ်လီရဲ့အသံက အီတလီလူဆိုးတစ်ဦးရဲ့အသံနဲ့ ဆင်တူနေပါလား”လို့ အာဆင်နယ်ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။ “ဒမ် အဲ့တာက Joe Pesci လား”လိ့ု နောက်ထပ်ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။

မာတီနယ်လီဟာ အီတလီသားတဝက်ဖြစ်ပြီး အီတလီပတ်စ်ပို့စ်ကို ကိုင်ဆောင်ထားတာဖြစ်ကာ ဘရာဇီးအသင်း အတွက် ကစားပေးနေတာဖြစ်ပါတယ်။ သူဟာ မတ်လတုန်းက ချီလီ နဲ့ ဘိုလီဗီးယားပွဲတွေမှာ  ဘရာဇီးအသင်း အတွက် ၂ ပွဲ ပါဝင်ကစားပေးထားခဲ့ပါတယ်။ အခြားတစ်ဖက်မှာ အာဆင်နယ်ဟာ နွေရာသီမှာ တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ ပြင်ဆင်နေပြီး ဂျီးဆပ်စ်ကို ပစ်မှတ်ထားနေပါတယ်။

သတင်းတွေအရ အာဆင်နယ်ဟာ ဂျီးဆပ်စ်ကို ပေါင် ၄၃ သန်းလောက်နဲ့ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေကြောင်း ဖော်ပြခဲ့ပြီး ပထမဆုံးနွေရာသီခေါ်ယူမှုဖြစ်လာဖွယ်ရှိနေပါတယ်။

#အာဆင်နယ် #မာတီနယ်လီ