ရှေ့သို့
Image

ဒီနွေရာသီမှာ အဲဗာတန်က ကစားသမား ၃ ဦးကို ခေါ်ယူဖို့အတွက် စီစဉ်နေတဲ့ တော့တင်ဟမ်

9:25 AM, 13 May

တော့တင်ဟမ်ဟာ အဲဗာတန်က ကစားသမား ၃ ဦးကို ခေါ်ယူဖို့အတွက် မျက်စိကျနေတာဖြစ်ပါတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ လမ်းပတ်ရဲ့ ကစားသမားတွေဟာ ပရီးမီးယားလိဂ်မှာ တန်းတင်ကျန်ရစ်ဖို့အတွက် ကြိုးစားနေတာဖြစ်ပြီး တော့တင်ဟမ်ကတော့ ရစ်ချာလီဆန်၊ အန်တိုနီဂေါ်ဒန်နှင့် ဘန်ဂေါ့ဖရီတို့ကို ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။

မြောက်လန်ဒန်ရှိ သူ့ရဲ့ပထမဆုံးရာသီပြည့်အတွက် အသင်းကို အင်အားဖြည့်တင်းဖို့အတွက် ကွန်တီက လုပ်ဆောင်နေတာဖြစ်ပါတယ်လို့ The Telegraph ကဖော်ပြထားပါတယ်။ အသက် ၂၅နှစ်အရွယ် ရစ်ချာလီဆန်ဟာ အရင်ကအသင်းရဲ့ ခြေစွမ်းပြသမှုတွင် အဓိကျသူဖြစ်ပြီး ချဲလ်ဆီးနှင့် ကစားခဲ့တဲ့ပွဲမှာလည်း အရေးပါတဲ့ အနိုင်ဂိုးကို သွင်းယူခဲ့သူဖြစ်ပါတယ်။

သူဟာ ၂၀၁၈ခုနှစ်တကည်းက အဲဗာတန်သို့ ပေါင် ၃၅သန်း ဝန်းကျင်ဖြင့် ပြောင်းရွေ့ခဲ့သူဖြစ်ပြီး ကလပ်အတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၅၁ ဂိုးအထိသွင်းယူပေးထားသူဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံသားကို ဥရောပရှိ အသင်းကြီးတွေကလည်း ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် ဂေါ်ဒန်ကတော့ လက်ရှိရာသီမှာ ခြေစွမ်းပြသနေသူဖြစ်ပြီး ကလပ်ကသာ ချန်ပီယံရှစ်သို့ တန်းဆင်းသွားခဲ့ရပါက အသင်းပြောင်းရွေ့နိုင်ပါတယ်။ မကြာသေးခင်က အန်ဖီးလ်မှာ ကစားခဲ့တဲ့ပွဲမှာ လူငယ်တောင်ပံကစားသမားဟာ ပြိုင်ဘက်ကိုဒုက္ခပေးနိုင်ခဲ့ပြီး အထူးဖြင့် မာတစ်ကို ဒုက္ခပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အဲဗာတန် အကယ်ဒမီထွက်ကစားသမားဟာ ကလပ်ကနေထွက်ခွာမယ်ဆိုရင် အင်္ဂလန်ယူ ၂၁ အသင်းနှင့်ပါ ကစားခဲ့တဲ့ အတွေ့အကြုံရှိနေတာကြောင့် အလားအလာရှိနေတာဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ဂေါ့ဖရီကတော့ လက်ရှိရာသီမှာ ဒဏ်ရာရရှိလိုက် ပြန်ကစားလိုက်ဖြစ်နေပြီး နှစ်သစ်ကူးကတည်းက လိဂ်ပွဲ ၉ ပွဲသာ ကစားထားရသူဖြစ်ပါတယ်။

ဗဟိုခံစစ်မှုးကို ၂၀၂၀ခုနှစ်မှာ နော့ဝှစ်ချ်ကတော့ ပေါင် ၂၅ ဖြင့် ၅ နှစ်စာချုပ်ချုပ်ကာ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်ယူ ၂၁ ကစားသမားဟာ စွယ်စုံရကစားသမားဖြစ်ပြီး နောက်တန်းရဲ့ မည်သည့်နေရာမှာမဆို ကစားနိုင်သူဖြစ်ကာ လူငယ်အသင်းမှာလည်း ကွင်းလယ်ကစားသမားအဖြစ် ကစားသူဖြစ်ပါတယ်။

တော့တင်ဟမ်ဟာ မနေ့ညတုန်းက အာဆင်နယ်ကို အိမ်ကွင်းမှာ ၃-၀ နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲစဉ်ဟာ ချန်ပီယံလိဂ် Playoff နေရာအတွက် နှစ်သင်းကြား ကြီးမားတဲ့ပြိုင်ဆိုင်မှုဖြစ်မှာဖြစ်ပါတယ်။

#တော့တင်ဟမ် #အဲဗာတန် #လမ်းပတ်