ရှေ့သို့
Image

အားလပ်ရပ်တွင် ဇနီးသည် ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်နှင့် အပန်းဖြေနေတဲ့ ရော်နယ်ဒို

11:34 AM, 12 May

ယူနိုက်တက်ရဲ့ ဘရိုက်တန်အား ၄-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှုးဟာ ဇာတိမြေဖြစ်တဲ့ ပေါ်တူဂီသို့ ပြန်လာခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အားလပ်ရက်ရရှိခဲ့ပြီး တန်ဖိုးရှိတဲ့အချိန်တွေကို ဇနီးသည် ဂျော်ဂျီနာနှင့်အတူ ကုန်ဆုံးခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ အက်ဖ်အေဖလားဖိုင်နယ်ပွဲ ကစားရမှာဖြစ်တာကြောင့် ယူနိုက်တက်ဟာ ဒီတစ်ပတ်မှာ ပွဲကစားဖို့မရှိနေတာဖြစ်ပါတယ်။ မန်ချက်စတာရဲ့အဝေးမှာ အပန်းဖြေနေတဲ့ပုံတွေကို ရော်နယ်ဒိုက အင်စတာဂရမ်မှာ ပို့စ်တင်ခဲ့တာဖြစ်ပါတယ်။

ပုံထဲမှာ တိုက်စစ်မှုးဟာ လှေတစ်စီးပေါ်မှာရှိနေပြီး ဂျော်ဂျီနာကလည်း ရော်နယ်ဒိုရဲ့ လက်မောင်းကိုဖက်ပြီး ပုခုံးပေါ်ကို မှီထားတာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ အဆိုပါပုံကို အသံပုံ emoji ၊ နမ်းနေတဲ့ emoji တို့ဖြင့် ကပ်ပရှင်ရေးသားခဲ့ပြီး ၂၅ မိနစ်အတွင်းမှာ ပရိသတ်ပေါင်း ၆၀၀၀၀၀ ကျော်ကို ဆွဲဆောင်နိုင်ခဲ့တာပါ။

ဒါ့အပြင် ယူနိုက်တက်စတားဟာ သူငယ်ချင်းတွေနဲ့အတူ အချိန်ကုန်ခဲ့ပြီး မီဂွယ်ပိုင်ဇို၊ ရှက်ဖီးလ်ဝမ်းနက်စ်ဒေးစတား ဂျိုဆေးဆီမီဒိုတို့နှင့်အတူ ရိုက်ထားတဲ့ပုံကို Share ခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ် ၃ ပတ်ခန့်က ကလေးမွေးဖွားပြီးနောက် ရော်နယ်ဒိုဟာ ဂျော်ဂျီနာနှင့်အတူ အပန်းဖြေနေချင်ပုံရပါတယ်။

လွန်ခဲ့တဲ့ရက်ကပဲ သူတို့နှစ်ဦးဟာ သမီးလေးရဲ့နာမည်ကို ဘယ်လာအက်စ်မာရယ်ဒါလို့ အမည်မှည့်ခေါ်ခဲ့ပြီး ဆေးရုံကနေအိမ်သို့ရောက်ပြီးနောက် ပထမဆုံးပုံတွေကို ပို့စ်တင်ခဲ့တာဖြစ်ပါတယ်။ အမွှားယောက်ျားလေးတစ်ဦး သေဆုံးခဲ့ပြီးနောက် ရော်နယ်ဒိုနှင့် ဂျော်ဂျီနာတို့ဟာ ဘယ်လာလေးကို ချစ်မြတ်နိုးနေကြတာပါ။ သာလေး သေဆုံးခဲ့တယ်လို့ ကြေညာခဲ့တဲ့အချိန်မှာ သေဆုံးမှုကြောင့် ဝမ်းနည်းရသော်လည်း မွေးဖွားလာတဲ့ သမီးလေးဟာ သူတို့ကို အသက်ရှင်ဖို့အတွက် ခွန်အားပေးလိုက်တာပါပဲလို့ ရော်နယ်ဒိုက ပြောဆိုခဲ့ပါတယ်။

"ကျွန်တော့်တို့ရဲ့ကလေးဖြစ်တဲ့ အမွှာယောကျ်ားလေးက သေဆုံးသွားပြီဆိုတဲ့အကြောင်းကို ဝမ်းနည်းစွာပဲ ပြောကြားလိုပါတယ်""တော်တော်လေးကို နာကျင်ခံစားရပါတယ်၊ အခြားမိဘတွေလည်း ဒီခံစာချက်ကိုနားလည်မှာပါ""ကျန်ရှိနေတဲ့ သမီးလေးက လက်ရှိအချိန်မှာ ကျွန်တော်တို့အတွက် ခွန်အားပေးလိုက်တာပါပဲ""သေသေချာချာ ဂရုစိုက်ပေးခဲ့တဲ့ ဆရာဝန်နဲ့ သူနာပြုတွေအားလုံးကို အထူးကျေးဇူးတင်ပါတယ်"လို့ ရော်နယ်ဒိုက ပြောဆိုခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဘရိုက်တန် #ရော်နယ်ဒို ဂျိမ်းစ်ရိုဒရီဂွက်ဇ်