ရှေ့သို့
Image

ဒါဘီပွဲ ရွှေ့ဆိုင်းမှုနဲ့ ပတ်သက်ပြီး ဒေါသထွက်နေဆဲဖြစ်တဲ့ တော့တင်ဟမ်နည်းပြ ကွန်တီ

10:22 AM, 12 May

တော့တင်ဟမ်အသင်းနည်းပြ ကွန်တီက ကိုဗစ်အခြေအနေကြောင့် ရွှေ့ဆိုင်းဖို့ တောင်းဆိုခဲ့တဲ့ အာဆင်နယ်ရဲ့ တောင်းဆိုချက်ကို လိုက်လျော်ပြီး ပြန်လည်စီစဉ်ခဲ့တာဟာ မမျှတဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ အဆိုပါ ၂ သင်းဟာ ယခင်က ဇန်နဝါရီလ ၁၆ ရက်နေ့ တော့တင်ဟမ်ကွင်းမှာ ကစားရမှာဖြစ်ပေမယ့် အာဆင်နယ်ဟာ ပွဲကစားဖို့အဆင်ပြေတဲ့အနေအထားမှာ ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အာဆင်နယ် အသင်းရဲ့ တောင်းဆိုမှုက အသင်းလူစာရင်းမှာ ကိုဗစ်ပြဿနာတစ်ဦးပဲရှိခဲ့ပေမယ့် အောင်မြင်ခဲ့တာဖြစ်ပြီး အခုမှပြန်လည်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကွန်တီက အဆိုပါရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တဲ့လုပ်ရပ်ကို ဒေါသထွက်နေဆဲဖြစ်ပါတယ်။

“အတိတ်မှာဖြစ်ခဲ့တာက အခုချိန်မှာ ပြောလို့လည်း အသုံးမဝင်ပါဘူး။ သေချာတာက ဒီပွဲက ကိုဗစ်ကြောင့် ရွှေ့ဆိုင်းခဲ့တာဆိုတာကိုက ထူးဆန်းနေပါတယ်။ အာဆင်နယ်မှာက ကိုဗစ်ပြဿနာတစ်ဦးပဲရှိခဲ့ပါတယ်။ ရန်းနက်စ်နဲ့ပွဲကို ကျွန်တော်တို့မှာ ကစားသမား ၉ ဦး ဒါမှမဟုတ် ၁၀ ဦးလောာက် ကိုဗစ်ပြဿနာရှိနေချိန် ရွှေ့ဆိုင်းဖို့ တောင်းဆိုခဲ့ပေမယ့် ၃ ဂိုးပြတ် အရှုံးသာပေးခဲ့ရပါတယ်။ အဲ့တာနဲ့တစ်ချိန်တည်းမှာ ကျွန်တော်တို့ မမျှတသလို ခံစားရပါတယ်။ အခုတော့ အတိတ်ထက် အခုလက်ရှိအနေအထားမှာ ရလဒ်ကောင်းဖို့ပဲ အာရုံစိုက်ထားပါတယ်။ ဇန်နဝါမှာသာ ကစားခဲ့မယ်ဆိုရင် ကျွန်တော်တို့ ၃ မှတ်ပြည့်ရနိုင်လောက်ပါတယ်။ သူတို့မှာ အဲ့တုန်းက ကစားသမားအများအပြား အာဖရိကဖလားနဲ့ ဒဏ်ရာတွေ ရှိနေတာကြောင့်ပါ။ ဘောလုံးက အံ့သြဖို့ကောင်းပါတယ်။ ဒီလိုပွဲမျိုးက ကစားသမားအားလုံးအဆင်ပြေတဲ့အတွက် ကစားရမယ့်ပွဲမျိုးပါ”လို့ ကွန်တီက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ လက်ရှိ အမှတ်ပေးဇယားရဲ့အဆင့် ၄ နေရာမှာ တော့တင်ဟမ်ကို ၄ မှတ်ဖြတ်ပြီး ဦးဆောင်နေကာ တကယ်လို့ လန်ဒန်ဒါဘီမှာသာ အနိုင်ရရှိခဲ့မယ်ဆိုရင် လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ သေချာသွားမှာဖြစ်ပါတယ်။ တော့တင်ဟမ်ကလည်း အဆင့် ၄ နေရာအတွက် ဆက်လက်တိုက်ပွဲဝင်နေတာဖြစ်ပြီး လက်လျှော့ဖို့ အနေအထားမရှိတာဖြစ်ပါတယ်။

“ကျွန်တော် စရောက်တုန်းက အခြေအနေတော်တော်ဆိုးတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ရူးနေတဲ့လူတစ်ယောက်သာ ၂ ပွဲနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရတယ်လို့ တွေးထင်နေမှာပါ။ အသင်းက ကျွန်တော့်ကို ချန်ပီယံလိဂ် ဒါမှမဟုတ် ယူရိုပါလိဂ်ဝင်ခွင့်ရဖို့အတွက် ခန့်အပ်ခဲ့တာမဟုတ်ပါဘူး။ သူတို့က အသင်းအခြေအနေ တိုးတက်အောင်လုပ်ဖို့လည်း ခန့်အပ်ခဲ့တာပါ။ အခုတော့ အသင်းရဲ့ခက်ခဲတဲ့ အခြေအနေအားလုံးကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်တဲ့အတွက် ကျွန်တော် အရမ်းဂုဏ်ယူပါတယ်။ ကျွန်တော်တို့ အခုပြိုင်ပွဲထဲမှာပါ။ အသင်းဝန်ထမ်းတွေ၊ ကစားသမားတွေနဲ့ အသင်းတိုးတက်အောင် လုပ်ဆောင်နေပါတယ်။ တစ်ခုခု ဖန်တီးနိုင်ဖို့လည်း လုပ်ဆောင်နေပါတယ်။ အခြေခံကိုတည်ဆောက်ပြီး ကျွန်တော်တို့ လုပ်နိုင်မယ်လို့ ထင်ပါတယ်”လို့ ကွန်တီက ပြောကြားခဲ့ပါတယ်။

#ဒါဘီ #အာဆင်နယ် #တော့တင်ဟမ် #ကွန်တီ