ရှေ့သို့
Image

အာရွန်ဝမ်ဘစ်ဆာကာ အတွက် ကမ်းလှမ်းမှုတွေကို တံခါးဖွင့်ထားတဲ့ ယူနိုက်တက်

4:09 PM, 11 May

မန်ချက်စတာယူနိုက်တက်ဟာ ဒီနွေရာသီမှာ အသင်းကိုကြီးကြီးမားမား ပြောင်းလဲဖို့ရည်ရွယ်ထားပါတယ်။ လက်ရှိအသင်းရဲ့ ကစားသမားအတော်များများကိုလည်း ပြောင်းလဲသွားမှာဖြစ်လို့ လာမယ့်လပိုင်းအတွင်း ယူနိုက်တက်ရဲ့ ကစားသမားအဝင်အထွက်တွေကို မြင်တွေ့ရဖို့ ရှိနေပါတယ်။

ပထမအသင်းရဲ့ ကစားသမားအတော်များများလည်း အလွတ်နဲ့ထွက်ခွာကြမှာဖြစ်သလို တစ်ချို့ကတော့ သင့်တော်တဲ့ ကမ်းလှမ်းမှုတွေရလာခဲ့ရင် ရောင်းထုတ်ခံရနိုင်ပါတယ်။ အဲရစ်တန်ဟတ်အတွက်တော့ အရည်အသွေးမြင့် ကစားသမားတွေနဲ့ ပြန်အစားဖို့အပြင် နည်းစနစ်ပိုင်းတွေ၊ စိတ်ကူးစိတ်သန်းအသစ်တွေကိုလည်း ပြောင်းလဲချမှတ်ရမှာဖြစ်တာကြောင့် အလွန်များပြားတဲ့ အလုပ်တွေက စောင့်ကြိုနေပါတယ်။

ပထမဆုံး တန်ဟတ်အသင်းကနေ ရောင်းထုတ်ချင်နေတဲ့ ကစားသမားကတော့ ဒီရာသီမှာ ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့တဲ့ ညာနောက်ခံလူ အာရွန်ဝမ်ဘစ်ဆာကာပဲ ဖြစ်ပါတယ်။ သတင်းတွေအရတော့ ယူနိုက်တက် ၂၄ နှစ်အရွယ် ကစားသမားဟာ ဒီရာသီယာယီနည်းပြ ရာ့ဖ်ရန်နစ်ရဲ့ စိတ်ကြိုက်ကစားသမား မဖြစ်ခဲ့တဲ့နောက် ယူနိုက်တက်ကနေ ကစားသမားအတွက် ကမ်းလှမ်းမှုတွေကို တံခါးဖွင့်ထားတယ်လု့ိ ဖော်ပြကြပါတယ်။

ဝမ်ဘစ်ဆာကာရဲ့ တိုက်စစ်လိုက်ပါမှု အရည်အသွေးက ဆိုးရွားလွန်းပေမယ့်လည်း ခံစစ်ကစားပုံကတော့ ဗဟိုခံစစ်ကစားသမား တစ်ယောက်လို ကောင်းမွန်ပါတယ်။ ဒါပေမယ့် အိုးလ်ထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ၂ နှစ်အတွင်းမှာ တိုက်စစ်ကစားပုံလည်း တိုးတက်လာဖို့ မျှော်လင့်ခဲ့ကြပေမယ့် ဝမ်ဘစ်ဆာကာရဲ့ ကစားပုံကတော့ တိုက်စစ်တင်မကပဲ သူ့ရဲ့အကောင်းဆုံးနေရာဖြစ်တဲ့ ခံစစ်မှာပါ အမှားတွေ ပြုလုပ်လာခဲ့ပါတယ်။

ကစားသမားကတော့ အသင်းမှာပဲ ဆက်နေဖို့ဆန္ဒရှိပေမယ့် သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရှိလာရင်တော့ ယူနိုက်တက်က ဝမ်ဘစ်ဆာကာကို ရောင်းထုတ်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။ တစ်ဖက်မှာလည်း အင်္ဂလန်သားရဲ့နေရာကို ယူနိုက်တက် အစားထိုးဖို့ ပြင်ဆင်နေတာကြောင့် ကစားသမားသစ်သာ ရောက်လာမယ်ဆိုရင် လက်ရှိညာနောက်ခံလူ နေရာမှာ နေရာရနေတဲ့ ဒီယိုဂိုဒါလော့ဟာလည်း ၂၀၂၂-၂၃ ရာသီမှာ ပထမဦးစားပေး ဖြစ်ဖို့မလွယ်တော့ပါဘူး။ မန်ချက်စတာယူနိုက်တက်အနေနဲပ အာရွန်ဝမ်ဘစ်ဆာကာကို တကယ်ပဲ ရောင်းထုတ်သင့်လား?

#မန်ချက်စတာယူနိုက်တက် #ဝမ်ဘစ်ဆာကာ