ရှေ့သို့
Image

ပိတ်ရက်မှာ လေ့ကျင့်ခန်းဆင်းရတာအတွက် အပြစ်ပေးခံရတယ်လို့ မထင်ပါဘူးဆိုတဲ့ လော့ဖ်တပ်ချိ

3:41 PM, 11 May

ပရီးမီယားလိဂ်နောက်တစ်ပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့ကြပြန်လို့ ပိတ်ရက်မှာ လေ့ကျင့်ခန်းထပ်ဆင်းရတာကို အပြစ်ပေးခံရတာလို့မထင်ဘူးလို့ လော့ဖ်တပ်ချိက ဆိုပါတယ်။

ချဲလ်ဆီးတို့ဟာ ပွဲချိန် ၉၇ မိနစ်မှာ ကိုအာဒီသွင်းတဲ့ဂိုးကို လက်လွတ်ပေးလိုက်တာကြောင့် ၂-၂ ဆိုတဲ့သရေရလဒ်ပေးလိုက်ရပြီး ၂ ဂိုးနဲ့ဦးဆောင်ခဲ့တာကြီးလည်း ပျက်စီးခဲ့ရသလို နောက်ဆုံး ၃ ပွဲလုံးဟာ နိုင်ပွဲမဲ့နေခဲ့ပါပြီ။ အက်ဖ်အေဖလားမှာ လီဗားပူးနဲ့ကန်ရဦးမှာဖြစ်တဲ့ ချဲလ်ဆီးတို့ကို ပိတ်ရက်မှာပါ လေ့ကျင့်ခဲ့တာဖြစ်ပြီး လော့ဖ်တပ်ချိကတော့ ထိုသို့လေ့ကျင့်ပေးခံရတာကို အပြစ်ပေးခံရတာလို့မြင်ရမယ့်အစား ခြေစွမ်းတက်စေမယ့် အခွင့်အကောင်းတစ်ခုလို့ မြင်တယ်လို့ဆိုပါတယ်။

“ပွဲတစ်ပွဲကို မိနစ် ၆၀ နဲ့ခင်ဗျား အပြတ်ဖြတ်ချင်မှာပေါ့။ ဒါပေမဲ့ ဒီလိဂ်မှာက အဲလိုတွေမရဘူးဗျ။ နောက်နေ့ကျ ကျွန်တော်တို့တွေ လေ့ကျင့်ခန်းဆင်းကြတယ်။ ကျွန်တော်ကတော့ ကစားသမားတွေက ဒါကို အပြစ်ပေးတယ်လို့မြင်တယ်မထင်ဘူးဗျ။ ကျွန်တော်တို့တွေ ကစားပြီး စိတ်သက်သာရာရသွားတယ်။ တစ်ခါတလေကျ မကြာခင်မှာ ပွဲတစ်ပွဲကန်ရတော့မယ်ဆိုတဲ့ အချိန်မှာ ဒါမျိုးတွေလုပ်ပေးတာက ကောင်းပါတယ်။ ကျွန်တော်တို့တွေ လိဒ်စ်နဲ့မကန်ရသေးခင် ကျွန်တော်တို့အချင်းချင်းကြားမှာ အကုန်ထပ်တူကျနေအောင် စကားစမြည်ပြောဖို့လိုပါတယ်။ ကျွန်တော်တို့တွေ အချင်းချင်း စည်းစည်းလုံးလုံးရှိဖို့က အရေးကြီးပါတယ်”လို့ လော့ဖ်တပ်ချိက Sky Sports ကို ပြောခဲ့ပါတယ်။

#ချဲလ်ဆီး #လော့ဖ်တပ်ချိခ်