ရှေ့သို့
Image

အဲဗာတန်ကို ပရီးမီးယားလိဂ်မှာ တင်ကျန်အောင် လုပ်နိုင်ခြင်းက ပိုမိုကြီးမားတဲ့အောင်မြင်မှုဆိုတဲ့ လမ်းပတ်

10:54 AM, 11 May

လမ်းပတ်ဟာ ကစားသမားဘဝနဲ့ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်ရရှိအောင်မြင်ခဲ့ဖူးပေမဲ့ အဲဗာတန်ကို ပရီမီးယားလိဂ်မှာ ဆက်လက်ထားရှိအောင် စွမ်းဆောင်နိုင်ခဲ့တာက ပိုကြီးမားတဲ့ အောင်မြင်မှုလို့ဆိုပါတယ်။

အဲဗာတန်ဟာ နောက်ပိုင်းကစားပွဲ ၂ ပွဲမှာ နိုင်ပွဲဆက်နေတာဖြစ်ပြီး ချဲလ်ဆီးနဲ့ လက်စတာတို့ကို အနိုင်ရခဲ့တာဖြစ်သလို ယနေ့ဗုဒ္ဓဟူးညမှာ ဝက်ဖို့ဒ်ကို အနိုင်ရခဲ့ရင်တော့ တတိယမြောက်ဆက်တိုက်နိုင်ပွဲဖြစ်သွားမှာဖြစ်သလို တန်းဆင်းဇုံအန္တရာယ်ကနေ အပြီးတိုင် ကျွတ်လွတ်သွားမှာဖြစ်ပါတယ်။

လမ်းပတ်ရဲ့ အဲဗာတန်နည်းပြဘဝအစဟာ အဆင်ပြေချောမွတ်ခဲ့တာမဟုတ်ဘဲ အသင်းဟာ ပိုပိုပြီး အောက်ကျလာခဲ့သလို တန်းဆင်းဇုံပြိုင်ဖက်အသင်းကို ဘန်လေကို ရှုံးခဲ့ပြီးနောက်မှာ သူ့‌စွမ်း‌ဆောင်ရည်ဟာ အဆိုဆုံးဆိုတာလိုမျိုး ဖြစ်ပါတယ်။ သို့သော်ငြားလည်း အဲဗာတန်ဟာ သူတို့ရဲ့သမိုင်းကြောင်းကို ပြန်လည်ထိန်းသိမ်းခဲ့ပြီး အဆိုပါ ၄၃ နှစ်အရွယ် နည်းပြကြီးရဲ့အောက်မှာ ပြန်လည် ကောင်းမွန်လာခဲ့တာပဲဖြစ်ပါတယ်။ လမ်းပတ်ရဲ့အဲဗာတန်အသင်းဟာ တန်းဆင်းဇုံကနေ အပြီးတိုင်မလွတ်သေးတာဖြစ်တာကြောင့် လမ်းပတ်ကတော့ လွတ်အောင်လုပ်ဖို့ရည်ရွယ်ထားပုံပေါ်ပါတယ်။

လမ်းပတ် “ပုဂ္ဂိုလ်ရေးအရပြောရမယ်‌ဆိုရင် တန်းဆင်းဇုံကို ကြုံရတယ်ဆိုတာက သိပ်မလွယ်ဘူး။ ကိုယ့်ကိုလာပြီး စိတ်ဓာတ်ပျက်ပြားအောင်လုပ်နေတော့ မှန်ကန်တဲ့အရာတွေကို အောင်မြင်မှုက ဘယ်လိုမျိုးလဲဆိုတာ နားလည်လာစေတယ်” လို့ ဆိုပါတယ်။ အခုလိုအောင်မြင်မှုက ကျွန်တော့်ကစားသမားဘဝက အောင်မြင်မှုထက်ကိုပိုသာပါတယ်။  ဘာလို့ ဒီလိုပြောတာလဲဆိုတော့ အသင်းအတွက် တကယ့်ကို အဲလိုမျိုးမလို့ပါ။ စီးပွားရေးအခြေအနေလည်း ပိုကောင်းလာတယ်။ တစ်ဦးချင်းစီအရလည်း ပိုကောင်းတဲ့အနေအထားကို ရောက်လာတယ်။ ပရိသတ်တွေနဲ့ ဒီမှာအလုပ်လုပ်တဲ့လူတွေအတွက် ပေးဆပ်နိုင်တာမျိုး‌ပေါ့။ ကစားရမယ့်ပွဲလေးပွဲတောင်ကျန်တဲ့အချိန်မှာ တန်းဆင်းဇုံထက်လည်း ၁ မှတ်ပဲသာသေးတာဆို‌တော့ အဆင်ပြေပြီလို့တွေးလို့မရသေးပါဘူး။ လွန်ခဲ့တဲ့ ၂ လ ၃ လကို အဲလိုခံစားချက်တွေနဲ့ ရုန်းကန်ကုန်ဆုံးခဲ့ရတော့ ဒါကို ‌ပေါ့ပေါ့တန်တန်သဘောထားလို့မရပါဘူး။ ကျွန်တော့မှာ တကယ့်ကို မယုံနိုင်စရာ အတွေ့အကြုံရှိနေပါပြီ”လို့ သူကဆိုပါတယ်။

လမ်းပတ်အတွက် အကောင်းဆုံးနည်းလမ်းကတော့ အဲဗာတန်ကို နည်းပြဖို့ကို ငြင်းပယ်ခဲ့ဖို့ဖြစ်ပေမဲ့ လွန်ခဲ့တဲ့ ၄ လက သူ့အတွက်ပညာတွေလည်းရခဲ့သလို အားတက်စရာတွေလည်း ရလာခဲ့ပြီပဲဖြစ်ပါတယ်။

#အဲဗာတန် #လမ်းပတ်