ရှေ့သို့
Image

အာဆင်နယ် ပစ်မှတ်ထားနေတဲ့ အေဘရာဟမ်အကြောင်း ထုတ်ဖော်ပြောကြားခဲ့တဲ့ မော်ရင်ဟို

10:21 AM, 11 May

ရိုးမားအသင်းနည်းပြ မော်ရင်ဟိုက တိုက်စစ်မှူး အေဘရာဟမ်တစ်ယောက် အင်္ဂလန်ကိုပြောင်းနိုင်ချေရှိတယ်လို့ ဝန်ခံပြောကြားလိုက်ကာ အာဆင်နယ်က စိတ်ဝင်စားနေပါတယ်။ အသက် ၂၄ နှစ်သားဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ချဲလ်ဆီးကနေ ရိုးမားကို ပြောင်းလာခဲ့တာဖြစ်ပြီး စီးရီးအေမှာ စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ခဲ့ပါတယ်။

အင်္ဂလန်သားဟာ ဒီရာသီအသင်းအတွက် ၂၅ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပေမယ့် လာမယ့်ရာသီမှာ အင်္ဂလန်ကိုပြန်ဖွယ်ရှိနေတယ်လို့ သတင်းတွေထွက်နေကာ အာတီတာကလည်း နံပါတ် ၉ နေရာအတွက် တိုက်စစ်မှူးသစ်ရှာဖွေနေတာဖြစ်ပါတယ်။ အေဘရာဟမ်ဟာ ရိုးမားကို ပေါင် ၃၄ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အင်္ဂလန်ကို ပြန်လာရင် အခုထက်ပြောင်းရွှေ့ကြေးပိုများဖွယ်ရှိနေပါတယ်။

“လူငယ်တစ်ယောက်အတွက် အဲ့တာကလွယ်ကူတဲ့ဆုံးဖြတ်လို့ ကျွန်တော်မထင်ပါဘူး။ ပြည်တွင်း ကစားသမားတစ်ဦးက အသင်းကနေ ထွက်ခွာတာ ၊ သူ့မြို့ကနေ ထွက်ခွာတာ ၊ သူ့နိုင်ငံကနေ ပရီးမီးယားလိဂ်ကနေ ထွက်ခွာတာက မလွယ်လှပါဘူး။ အဲ့လိုနေရာမှာရှိတဲ့ကစားသမားတစ်ဦးက ထွက်ခွာဖို့ ခက်ခဲလှပါတယ်။ သူက ရွေးချယ်မှုပြုလုပ်ခဲ့ပြီး ကျွန်တော့်ကို ယုံကြည်မှုပေးခဲ့ပါတယ်။ သူအင်္ဂလန်ကို ပြန်ချင်နေလားဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် သူအင်္ဂလန်ကိုပြန်ချင်တယ်ဆိုရင် သူ့အနေနဲ့ လက်ချောင်းတွေကို နှိပ်ဖို့ လိုအပ်ပါတယ်။ ကျွန်တော် သူ့အတွက် အရမ်းပျော်ပါတယ်။ နိုင်ငံအသင်းမှာ ပြန်လည်ပါဝင်လာလို့ပါ။ ကျွန်တော်လူတိုင်း မှားနေတာကို သူသက်သေပြနေတယ်လို့တော့ ကျွန်တော်မပြောချင်ပါဘူး။ ဘာလို့လဲဆိုတော့ လူတိုင်းက သူက ကစားသမားကောင်းတစ်ဦးဆိုတာကို သိနေလို့ပါ။ စမောလင်းနဲ့ တိုမိုရီတို့ကလည်း အင်္ဂလန်ရဲ့ကောင်လေးတွေပါပဲ။ ပရီးမီးယားလိဂ် နဲ့ အီတလီမှာ ကစားနေတဲ့ကစားသမားတွေရှိပါတယ်။ အဲ့တာက သူတို့ဘဝကို ပိုကောင်းလာအောင် လုပ်နေတာပါ”လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။ အေဘရာဟမ်ကတော့ သူဟာ အင်္ဂလန်ကိုပြန်လာဖို့အတွက် တံခါးဖွင့်ထားတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“အခြားအသင်းတွေက ချိတ်ဆက်နေတယ်ဆိုတဲ့သတင်းတွေကို ကျွန်တော်မြင်ရတဲ့ခံစားချက်က တကယ်ကောင်းပါတယ်။ အဲ့တာက လူငယ်ကစားသမားတစ်ဦးအနေနဲ့ မှန်တာကို လုပ်နေတယ်လို့ ခံစားရစေပါတယ်။ သတင်းစာတွေပေါ်မှာ မင်းနာမည်တွေ ပါလာတဲ့ခံစားချက်က တကယ်ကောင်းပါတယ်။ ကျွန်တော့်အတွက်တော့ ကိုယ့်အလုပ်ကိုယ်ပဲ အာရုံစိုက်ထားပါတယ်။ အသင်းတွေက ချိတ်ဆက်နေပေမယ့် အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ မသိသေးပါဘူး။ ကျွန်တော် အင်္ဂလန်မှာ ကြီးပြင်းခဲ့တာပါ။ကျွန်တော်က လန်ဒန်သားပါ။ ပရီးမီးယားလိဂ်ကို ကျွန်တော်ပြန်ချင်ပါတယ်။ အခုတော့ ကျွန်တော် ရိုးမားအတွက်ပဲ အာရုံစိုက်ထားပါတယ်”လို့ အေဘရာဟမ်က ပြောကြားခဲ့ပါတယ်။

အေဘရာဟမ်ဟာ ရိုးမားအသင်းကို အဆင့် ၆ နေရာမှာ ရပ်တည်အောင်ကူညီပေးနိုင်ခဲ့ပြီး မေလ ၂၅ ရက်နေ့မှာ ယူရိုပါကွန်းဖရန့်လိဂ်ဖိုင်နယ်ပွဲကစားရမှာဖြစ်ပါတယ်။

#ရိုးမား #အာဆင်နယ် #မော်ရင်ဟို #အေဘရာဟမ်