ရှေ့သို့
Image

FA Youth Cup ဖိုင်နယ်မှာ ကွင်းတွင်းပရိသတ်ဝင်ရောက်မှု စံချိန်တင်တော့မယ့် ယူနိုက်တက်

4:20 PM, 10 May

ဗုဒ္ဓဟူးညမှာ ကစားမယ့် မန်ချက်စတာယူနိုက်တက်နဲ့ နော့တင်ဟမ်ဖောရက်စ်တို့ ကစားမယ့် FA ဖလား Youth Cup ဖိုင်နယ်မှာ ပရိသတ်ပေါင်း ၆၃၀၀၀၀ ကျော် လာရောက်ကြည့်ရှုမှာဖြစ်လို့ ဒီပြိုင်ပွဲရဲ့ ပရိသတ်ဝင်ရောက်ကြည့်ရှုမှု စံချိန်တင်တော့မှာပဲ ဖြစ်ပါတယ်။ အင်္ဂါနေ့ညနေကပဲ ယူနိုက်တက်က တစ်စောင်ကို ၁ ပေါင်သာ ကျသင့်တဲ့ လက်မှတ်ပေါင်း ၆၃၅၀၀ ရောင်းချခဲ့ပြီး ဒီပွဲက ရရှိတဲ့ အမြတ်ငွေတွေကို အသင်းရဲ့ ဖောင်ဒေးရှင်းကို လှူဒါန်းသွားမှာပဲ ဖြစ်ပါတယ်။

FA Youth Cup ပြိုင်ပွဲသမိုင်းတစ်လျှောက် ပရိသတ်စံချိန်တင်ခဲ့တဲ့ ပွဲကတော့ ၂၀၀၇ တုန်းက အာဆင်နယ်နဲ့ ယူနိုက်တက်တို့ရဲ့ ပွဲစဉ်ဖြစ်ပြီး ပရိသတ်ပေါင်း ၃၈၁၈၇ ယောက် လာရောက်ကြည့်ရှုခဲ့ပါတယ်။ ယူနိုက်တက်က ဒီပွဲမှာ ပရိသတ် ၅၀၀၀၀ ကျော်ဖို့ပဲ မျှော်လင့်ခဲ့တာဖြစ်ပေမယ့် ယူနိုက်တက်ရဲ့ လက်မှတ်အရောင်း ဝက်ဘ်ဆိုက်မှာ ပွဲလက်မှတ်အနည်းငယ်သာ ကျန်ပါတော့တယ်။

အိုးလ်ထရက်ဖို့ဒ်ကွင်းကြီးရဲ့ ပရိသတ်ဝင်ဆံ့မှုအရေအတွက်ဟာ ၇၄၁၄၀ ဖြစ်ပြီး ဗုဒ္ဓဟူးညပွဲစဉ်ဟာ ဒီပမာဏကို ရောက်ဖို့ ဘယ်လောက်မှတောင် မလိုတော့ပါဘူး။ ဖောရက်စ်အသင်းဟာလည်း အိုးလ်ထရက်ဖို့ဒ်ကို ပရိသတ် ၆၀၀၀ ခေါ်ဆောင်ခွင့်ရရှိထားပြီး နော်တင်ဟမ်ဖောရက်စ်လူငယ်အသင်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် FA Youth Cup ဖိုင်နယ် တက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ Youth Cup ကို သမိုင်းတစ်လျှောက် ၁၁ ကြိမ်မြောက် ရယူဖို့ ရည်ရွယ်ထားပြီး ဒီဖလားကိုနောက်ဆုံးအကြိမ် ရရှိခဲ့တာကတော့ ရှက်ဖီးလ်ယူနိုက်တက် လူငယ်အသင်းကို အနိုင်ရရှိခဲ့တဲ့ ပေါလ်ပေါ့ဂ်ဘာ၊ ဂျက်ဆီလင်ဂတ်တို့ပါဝင်ခဲ့တဲ့ ၂၀၁၁ ယူနိုက်တက်လူငယ်အသင်းပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #နောတင်ဟမ်ဖောရက်စ် #အက်ဖ်အေဖလား