ရှေ့သို့
Image

ကော်တင်ဟိုကို ပေါင်၁၂ သန်းနဲ့သာ ကမ်းလှမ်းခဲ့တဲ့ အက်စတွန်ဗီလာ

4:03 PM, 10 May

အက်စတွန်ဗီလာဟာ ကွင်းလယ်တိုက်စစ်မှူးကော်တင်ဟိုကို ပြောင်းရွှေ့ကြေးထက်ဝက်နဲ့ရရှိဖို့ ယုံကြည်မှုအပြည့်ရှိနေတာပဲဖြစ်ပါတယ်။

ဘာကာကနေ အငှားစာချုပ်နဲ့ ဇန်နဝါရီလကပြောင်းရွှေ့လာပြီးတည်းက အဆိုပါကစားသမား ၄ ဂိုးသွင်း ၃ ဂိုးဖန်တီးပေးနိုင်တာကြောင့် အဆိုပါအသက် ၂၉ နှစ်အရွယ်ကစားသမားဖြစ်သူကို အက်စတွန်ဗီလာနည်းပြဖြစ်သူ စတီဗင်ဂျာရက်ကတော့ အပြီးဝယ်ယူချင်နေတာဖြစ်ပါတယ်။ ဘာကာအသင်းနဲ့ အစကသဘောတူထားတာကတော့ ရာသီကုန်မှာ ပေါင် ၃၃ သန်းနဲ့ ဝယ်ယူဖို့ပဲဖြစ်ပါတယ်။

ဗီလာတို့ကတော့ ပထမဆုံးကမ်းလှမ်းမှုကို ပေါင် ၁၂ သန်းစတင်ပေးလိုက်ပြီး နောက်ထပ်ပိုပြီးပေးထားခြင်းမရှိဘဲ အသင်း ၂ သင်းကြား ဆွေးနွေညှိနှိုင်းမှုတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ စပိန်က သတင်းတင်ပြချက်တွေအရတော့ ဘာကာဟာ အဆိုပါကစားသမားကို ပေါင် ၁၂ သန်းနဲ့လည်းရောင်းချနိုင်ခြေရှိနေတာပဲဖြစ်ပါတယ်။

ငွေရေးကြေးရေးကြပ်တည်းနေတဲ့ ဘာစီလိုနာဟာ အဆိုပါဘရာဇီးကစားသမားရဲ့ မြင့်မားတဲ့လစာကို မပေးလိုတော့တာဖြစ်ပါတယ်။ ဘာကာအသင်းဟာ ယခုရာသီရဲ့အပြောင်းအရွှေ့ဈေးကွက်မှာ ဝင်ဆံ့နိုင်ဖို့ဆိုရင် လခများတဲ့ ကစားသမားအချို့ကို ထုတ်ဖို့လိုအပ်နေတာလည်းဖြစ်ပါတယ်။

သူတို့ဟာ ဒေါ့မွန်အသင်းက ဟာလန်းကို စိတ်ဝင်စားနေသလို ဘိုင်ယန်မြူးနစ်အသင်းက လီဝန်ဒေါစကီးကိုလည်း ခေါ်ယူလိုနေတာဖြစ်ပါတယ်။ အက်စတွန်ဗီလာ အနေနဲ့ ပြောင်းရွှေ့ကြေးထပ်ဝက်နဲ့ရခဲ့ရင်တောင် ကစားသမားရဲ့လစာနဲ့ ပက်သက်ပြီး ညှိနှိုင်းရဦးမှာပဲဖြစ်ပါတယ်။

အသင်းမှာ ခြေစွမ်းကောင်းလာတဲ့ ကော်တင်ဟိုကို ပြီးခဲ့တဲ့ရက်သတ္တပတ်တွေက ကစားတဲ့ အာဆင်နယ်နဲ့ နယူးကာဆယ်ပွဲတွေမှာပါ ထည့်သွင်းကစားလာခဲ့တာဖြစ်ပြီး ဂျာရက်ကတော့ ကော်တင်ဟိုကို သူတို့အသင်းရဲ့အစီအစဉ်တွေမှာ အရေးကြီးတဲ့နေရာတွေကနေ ပါဝင်ရမှာဖြစ်ကြောင်း စည်းရုန်းနိုင်ခဲ့တာဖြစ်ပါတယ်။

ယခင်က အင်တာမီလန်ကစားသမားဟောင်းဖြစ်သူ အဆိုပါကစားသမားနဲ့အတူ ဂျာရက်ဟာ လီဗာပူးမှာ အတူကစားခဲ့ဖူးပြီးနောက် ဘာကာအသင်းကို ၁၀၅ သန်းနဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ထိုပြောင်းရွှေ့ကြေးဟာ တတိယအများဆုံးဖြစ်ပေမဲ့ ဂျာရက်ကတော့ လာလီဂါမှာ အဆင်မပြေခဲ့ပါဘူး။ အက်စတွန်ဗီလာနည်းပြဖြစ်သူဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာတော့ အသင်းပိုင်ရှင် ဘီလျံနာသူဋ္ဌေးတွေဆီက အထောက်အပံ့ကောင်းကောင်းရဦးမှာလည်းဖြစ်ပါတယ်။

#အက်စတွန်ဗီလာ #ကော်တင်ဟို