ရှေ့သို့
Image

အားလုံးက လီဗာပူးကိုပဲ အားပေးနေကြတယ်ဆိုတဲ့ ဂွါဒီယိုလာရဲ့ ပြောကြားချက်ကို တုံ့ပြန်လိုက်တဲ့ လီဗာပူးနည်းပြ ကလော့ပ်

11:03 AM, 10 May

လီဗာပူးအသင်းနည်းပြ ကလော့ပ်က ယူကေမှာရှိတဲ့ လူတွေအကုန်လုံးဟာ မန်စီးတီးထက် လီဗာပူးကိုသာ ပိုပြီးအားပေးကြတယ်ဆိုတဲ့ပြောကြားချက်ကို တုံ့ပြန်ပြောကြားလိုက်ပါတယ်။ စီးတီးဟာ တနင်္ဂနွေနေ့တုန်းက နယူးကာဆယ်ကို ၅ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး လက်ကျန် ၃ ပွဲအလိုမှာ လီဗာပူးကို ၃ မှဆ်ဖြတ်ထားနိုင်ခဲ့ပါတယ်။

ချန်ပီယံလိဂ်မှာ ရီးရဲလ်ကို အရေးနိမ့်ပြီး ဆီမီးဖိုင်နယ်ကနေ ထွက်ခဲ့ရပြီးနောက် စီးတီးဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကိုသာ အာရုံစိုက်လာခဲ့တာဖြစ်ပါတယ်။ ဂွါဒီယိုလာကပွဲအပြီးမှာ အင်္ဂလန်ကလူတွေဟာ သူ့အသင်းထက် ကလော့ပ်ရဲ့လီဗာပူးအသင်းကိုသာ အားပေးကြတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ကလော့ပ်က အဆိုပါပြောကြားချက်ကို ပြန်လည်တုံ့ပြန်ခဲ့ပြီး “ကျွန်တော် လီဗာပူးမှာ နေပါတယ်။ မှန်ပါတယ်။ ဒီကလူတွေက ကျွန်တော်တို့ကို လိဂ်ဖလားရရှိစေချင်ကြတာပါ။ အဲ့တာက အမှန်ပါ။ ဒါပေမယ့် ကျွန်တော်တို့မှာဖြစ်နိုင်ချေ ၅၀% ပဲရှိပါတော့တယ်။ နည်းပြတစ်ဦးအနေနဲ့ ကျွန်တော်အရင်က အခုလိုအတွေ့အကြုံမျိုးရှိနေပါတယ်။ တော့တင်ဟမ်ပွဲအပြီးမှာ ကျွန်တော်ပြောခဲ့ပါတယ်။ သူတို့က အကောင်းဆုံးကစားခဲ့ပေမယ့် အဆင့် ၅ နေရာမှာပဲ ရှိနေတုန်းပါ။ အဲ့ခံစားချက်က ကောင်းပါတယ်။ ဒါပေမယ့် အဲ့တာက မှားပါတယ်။ ဒါပေမယ့် လက်ရှိအဲ့တာက ကျွန်တော့်ခံစားချက်ပါ။ ကွန်တီကို မလေးစားသလိုလုပ်တာ မဟုတ်ပါဘူး။ သူဘာလုပ်နေလဲ ဘယ်လိုအသင်းမျိုးတည်ဆောက်နေလဲဆိုတာ မြင်နိုင်ပါတယ်။ ပက်အနေအထားက ဘယ်လိုလဲဆိုတာ ကျွန်တော်အတိအကျမသိပါဘူး။ ချန်ပီယံလိဂ်က ထွက်ခဲ့ဂရပီးနောက် ခက်ခဲတယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဖိုင်နယ်ကစားရဦးမှာပါ။ သူမှန်ပါတယ်။ သူက လက်ရှိထိပ်ဆုံးမှပာပါ။ ကျွန်တော် တော့တင်ဟမ်နဲ့ ပတ်သက်ပြီး မှန်နိုင်ပါတယ်။ ကျွန်တော်တို့ပရီးမီးယားလိဂ်ဖလား ၁ ကြိမ်ပဲရတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် တစ်တိုင်းပြည်လုံးက  ထောက်ခံတယ်ဆိုတာတော့ ကျွန်တော် မသိပါဘူး။ ကျွန်တော် အခြားနေရာတစ်ခုဆီကိုသွားပြီးကစားရတဲ့အချိန်မှာ ဘာခံစားချက်မှမရှိပါဘူး။ ဒါပေမယ့် သူက  ကျွန်တော့်ထက်ပိုပြီး ဒီအကြောင်းကို သိမှာပါ”လို့ ကလော့ပ်က ပြောကြားခဲ့ပါတယ်။

ချန်ပီယံလိဂ်ဖိုင်နယ်ပွဲမတိုင်ခင် ကလော့ပ်က စီးတီးကို ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ဆက်လက်ဖိအားပေးဖို့ ပြင်ဆင်နေပါတယ်။

#လီဗာပူး #မန်စီးတီး #ဂွါဒီယိုလာ #ကလော့ပ်