ရှေ့သို့
Image

အာတီတာက စာချုပ်သစ်နဲ့လုံး၀ ထိုက်တန်တယ်လို့ ဂျေမီရက်ပ်နက် ချီးကျူး

4:30 PM, 9 May

SkySport ရဲ့ ဘောလုံးပွဲသုံးသပ်သူ ဂျေမီရက်ပ်နက်က အာဆင်နယ်နည်းပြ မီခေးလ်အာတီဟာ အာဆင်နယ် အသင်းရဲ့ စာချုပ်သစ်နဲ့ လုံးဝကိုထိုက်တန်မှုရှိပြီးလူငယ်အများစုနဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင်တော့ ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ရရှိသွားမှာဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

အာတီတာဟာ ပြီးခဲ့တဲ့အပတ်ကမှ ၃ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး စာချုပ်သစ်အရ အာဆင်နယ်ဟာ နည်းပြအာတီတာကို ၂၀၂၄-၂၅ ရာသီအထိ အသင်းမှာ ဆက်ထိန်းထားနိုင်တော့မှာပဲ ဖြစ်ပါတယ်။ စာချုပ်သစ်အတွက် ကြေညာပြီးချိန်မှာတော့ အာဆင်နယ်ကို ဥရောပအဆင့်ကို ပြန်လည်ပို့ဆောင်ပေးသွားမှာ ဖြစ်ကြောင်း ကတိပေးခဲ့ပါတယ်။

အာဆင်နယ်ဟာ ဒီရာသီမှာ အတက်အကျများစွာနဲ့ ဒရမ်မာဆန်ခဲ့ပြီး အခုချိန်မှာတော့ မြောက်လန်ဒန်ဒါဘီပြိုင်ဘက် တော့တင်ဟမ်ကို ၄ မှတ်ဖြတ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ရက်ပ်နက်ကလည်း အာတီတာရဲ့ စီမံကိန်းကိုချီးကျူးခဲ့ပြီး အချိန်ဇယားထက်တောင် အရင်ပြီးအောင် လုပ်နေနိုင်တယ်လို့ ပြောခဲ့ပါတယ်။

ရက်ပ်နက်က “ကျွန်တော်ပြီးခဲ့တဲ့တစ်ပတ်က ပြောခဲ့သလိုပဲ စပါးရဲ့အထက် အဆင့် ၄ အတွင်းမှာ ရပ်တည်နိုင်ခဲ့မယ်ဆိုရင် အန်တိုနီယိုကွန်တီကလည်း ၂ မှတ်အကွာလောက်ကနေ လိုက်လာပါလိမ့်မယ်။ အခုဆိုရင် အာဆင်နယ်က တစ်ပွဲလျော့နဲ့ အဆင့် ၃ ထိရောက်ခါနီးနေပြီ။ ကျွန်တော့်အမြင် အာတီတာလုပ်နေတာတွေက တကယ်ကောင်းတယ်၊ ဒီလောက်များတဲ့ ဖိအားတွေကြားကနေတောင် အသင်းကို ဒီလောက်ထိ ဆွဲတင်နိုင်ခဲ့တာပဲ။ ရာသီအစတုန်းကအခြေအနေတွေကိုတောင် သတိရမိတယ်။ သူအလုပ်ပြုတ်တော့မယ်ဆိုပြီးတော့တောင် ပြောခဲ့ကြသေးတယ်လေ။ ဒါပေမယ့် သူအကောင်းဆုံး အသင်းကိုစီမံပြီးတော့ လူငယ်တွေနဲ့ပဲ အခက်အခဲတွေကို ကျော်ဖြတ်ပြသွားခဲ့တယ်။ သူတို့က အချိန်ဇယားထက်တောင် တစ်နှစ်လောက်စောပြီး အလုပ်တွေ ပြီးနေသလိုပါပဲ။ အဆင့် ၄ အတွင်းမှာသာ ရပ်တည်နိုင်ခဲ့မယ်ဆိုရင်တော့ သူတို့အတွက် အရမ်းကောင်းတဲ့ အောင်မြင်မှုပါပဲ”လို့ ပြောခဲ့ပါတယ်။

#အာတီတာ #အာဆင်နယ် #ရက်ပ်နက်