ရှေ့သို့
Image

တော့တင်ဟမ်နဲ့ ပွဲမှာ ဆာလက်နဲ့ မာနေးတို့ ခြေစွမ်းပျောက်ဆုံးခဲ့တယ်လို့ အိုဝင် ဝေဖန်

11:03 AM, 9 May

လီဗာပူး တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က စနေနေ့က တော့တင်ဟမ်ကို အန်ဖီးလ်မှာ ဧည့်ခံခဲ့တဲ့ပွဲမှာ ဆာလက်နဲ့ မာနေးတို့ ရုန်းကန်ခဲ့ရတယ်လို့ ယုံကြည်နေပါတယ်။ လီဗာပူးဟာ ချန်ပီယံဆုရယူနိုင်ဖို့ တွန်းအား ပေးခဲ့ပေမယ့်ပွဲကစားချိန် ၅၆ မိနစ်မှာ ဆွန်ဟောင်မင်က တော့တင်ဟမ်အတွက် အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

အဲ့နောက် ပွဲကစားချိန် ၇၄ မိနစ်မှာ သီယာဂိုရဲ့ ပေးပို့မှုကနေ ဒီယက်ဇ်က ချေပဂိုးပြန်လည်သွင်းယူပေးနိုင်ခဲ့ပြီး တော့တင်ဟမ်က သရေတစ်မှတ်ရဖို့သာ အားထုတ်ခဲ့ပါတယ်။ အဆိုပါရလဒ်ကြောင့် လီဗာပူးဟာ မန်စီးတီးထက် ၁ ပွဲ ပိုကစားပြီး ရမှတ် ၈၃ မှတ်ရရှိထားပါတယ်။ ဒါပေမယ့် အိုဝင်က ဆာလက်နဲ့ မာနေးတို့ရဲ့စွမ်းဆောင်ရည်ကို သဘောမကျဖြစ်နေပါတယ်။

“မို နဲ့ မာနေးတို့က ဒီနေ့ပွဲမှာ တော်တော်လေးငြိမ်သက်နေခဲ့ပါတယ်။ ဒီယက်ဇ်တစ်ဦးတည်းသာ ဒီနေ့တောက်ပခဲ့ပါတယ်”လို့ အိုဝင်က ပြောကြားခဲ့ပါတယ်။

ကလော့ပ်ကလည်း တော့တင်ဟမ်ကို သရေကျလိုက်တာက မန်စီးတီးကို ချန်ပီယံဆုအတွက် အလေးပေးလိုက်သလိုဖြစ်သွားတယ်လို့ ပြောကြားခဲ့ကာ စိတ်ပျက်မိတယ်လို့ ဝန်ခံခဲ့ပါတယ်။ အဲ့တာက အရေးကြီးတဲ့ပွဲဖြစ်သလို ၁ မှတ်ကလည်း အရေးကြီးပါတယ်။ ပွဲမတိုင်ခင်မှာ လီဗာပူးက ၁ မှတ်ထပ် ပိုပြီးလိုအပ်ပါတယ်။ ဒါပေမယ့်ဖြစ်မလာခဲ့ပါဘူး။ ဒါပေမယ့် အခြေအနေအားလုံးကို ကျွန်တော်တို့ သိပါတယ်။

ကျွန်တော်တို့က အမှတ်ပေးဇယားထိပ်ပိုင်းမှာပါ။ တစ်ယောက်ယောက် မေးမယ်ဆိုရင် ကျွန်တော်ရဲ့အကြိုက်ဆုံး အခြေအနေက အမှတ်တူအနေအထားမှာ ကျွန်တော်တို့ ပရီးမီးယားလိဂ် လက်ကျန်ပွဲအားလုံးကို အရေးနိမ့်ဖို့ပါ။ အဲ့တာက တကယ်ကောင်းပါတယ်။ ဒါပေမယ့် အဲ့တာမဖြစ်လာပါဘူး။ ဒီအခြေအနေမှာ ကျွန်တော် စိတ်ပျက်မိပါတယ်။ ကျွန်တော့်ကောင်လေးတွေက ကျွန်တော် စိတ်ပျက်တာထက်ပိုပါတယ်။

အဲ့တာက ကျွန်တော့်အသက်အရွယ်ကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒီအရာတွေကို ကျွန်တော့်ဘဝမှာ မြင်ဖူးပြီးသားပါ”လို့  ကလော့ပ်က ပြောကြားခဲ့ပါတယ်။

#လီဗာပူး #ဆာလက် #မာနေး #မိုက်ကယ်အိုဝင်