ရှေ့သို့
Image

အင်္ဂလန်တစ်နိုင်ငံလုံးက လီဗာပူးကို ဖလားရစေချင်နေပါတယ်လို့ ဂွါဒီယိုလာ ညည်းညူ

10:11 AM, 9 May

မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက အင်္ဂလန်တစ်နိုင်ငံလုံးဟာ လီဗာပူးအသင်းကို ပရီးမီးယားလိဂ်ဖလား ရရှိစေချင်ကြတယ်လို့ ပြောသွားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ယမန်နေ့ည နယူးကာဆယ်ကို ၅ဂိုးပြတ် နိုင်ခဲ့ပြီးနောက် ဒုတိယနေရာက လီဗာပူးကို ၃မှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံဟာ လက်ကျန်ပွဲတွေအားလုံးကို အနိုင်ရခဲ့ရင် ၅နှစ်အတွင်း ၄ကြိမ်မြောက် လိဂ်ဖလားကို ဆွတ်ခူးသွားတော့မှာ ဖြစ်ပါတယ်။

ဂွါဒီယိုလာက “မီဒီယာတွေနဲ့ အင်္ဂလန်ကလူတွေအားလုံး လီဗာပူးကို အားပေးကြပါတယ်။ လီဗာပူးက ဥရောပပြိုင်ပွဲတွေမှာ ကြီးမားတဲ့ သမိုင်းကြောင်းရှိပြီး ပရီးမီးယားလိဂ်မှာက နှစ်၃၀နေမှ ၁ကြိမ်ပဲ ရတာကြောင့် သူတို့ အားပေးကြတာပါ”“ဒါပေမဲ့ ကျွန်တော် ဂရုမစိုက်ပါဘူး။ အားလုံးက လီဗာပူးကို ကျွန်တော်တို့ထက် ပိုဖလားရစေချင်ကြပါတယ်။ သူတို့မှာ ကမ္ဘာတစ်ဝှမ်း ပိုများတဲ့ ပရိသတ်တွေရှိသလို အင်္ဂလန်ကလူတွေကလည်း လီဗာပူးကို ပိုအားပေးကြပါတယ်”လို့ ပြောခဲ့ပါတယ်။

ဂွါဒီယိုလာက နောက်ခံလူ ရူဘင် ဒီယက်စ်၊ ဂျွန်စတုန်းနဲ့ ကိုင်လီ ဝေါ်လ်ကာတို့အားလုံး လက်ကျန်ပွဲတွေ မကစားနိုင်လောက်တော့ဘူးလို့ အတည်ပြုခဲ့ပါတယ်။ ဒီယက်စ်ဟာ ယမန်နေ့ညပွဲစဉ်အတွင်း ကြွက်သားဒဏ်ရာကြောင့် ပထမပိုင်းမှာတင် လူစားလဲခဲ့ရသလို ဂျွန်စတုန်းနဲ့ ဝေါ်လ်ကာကလည်း ဒဏ်ရာအသီးသီးကြောင့် အနားယူနေရပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ