ရှေ့သို့
Image

လိဒ်စ်နဲ့ပွဲစဉ်က အာဆင်နယ် အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် ချီးကျူးလိုက်တဲ့ အန်ခီတီယာ

9:31 AM, 9 May

ခြေစွမ်းကောင်းရနေတဲ့ အာဆင်နယ်တိုက်စစ်မှူး အန်ခီတီယာက ယမန်နေ့ လိဒ်စ်ယူနိုက်တက်နဲ့ပွဲစဉ်မှ အသင်းရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးသွားခဲ့ပါတယ်။ ပထမပိုင်း၁၀မိနစ်အတွင်းမှာတင် အန်ခီတီယာက ၂ဂိုးသွင်းခဲ့ပြီး လိဒ်စ်အတွက် ချေပဂိုးကိုတော့ ဒုတိယပိုင်းမှာ လော်ရန်တေးက သွင်းယူပေးခဲ့ပါတယ်။

ပွဲအပြီး အန်ခီတီယာက “တကယ်မိုက်ပါတယ်။ ဂိုးသွင်းနိုင်တာက အမြဲတမ်းကောင်းမွန်တဲ့အရာတစ်ခုပါ။ ဒီနိုင်ပွဲက ကြီးမားတဲ့ နိုင်ပွဲပါပဲ။ ကျွန်တော် ပွဲမတိုင်ခင် ပြောခဲ့သလို အားလုံး အထူးကြိုးစားနေကြပြီး ဒါကလည်း ပရိသတ်တွေအတွက် ဖြစ်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ခြေစွမ်းပြန်ပြလာနိုင်တဲ့အပေါ် မေးမြန်းရာမှာ အန်ခီတီယာက ပွဲကစားချိန်ကြောင့် ခုလို ခြေမှန်လာတာဖြစ်ပြီး ဖန်တီးမှုတွေ ပြုလုပ်ပေးခဲ့တဲ့ အသင်းဖော်တွေကိုလည်း ချီးကျူးခဲ့ပါတယ်။

“ကစားသမားတွေအားလုံးက ပွဲကစားလိုပြီး အခွင့်အရေးတွေ ရချင်ကြပါတယ်။ ကျွန်တော် အခွင့်အရေးရရင် အသင့်ဖြစ်နေအောင် တစ်ရာသီလုံး အထူးကြိုးစားခဲ့ပါတယ်။ ခုလို ခြေစွမ်းပြနိုင်အောင် ကူညီပေးခဲ့တဲ့ အသင်းဖော်တွေကိုလည်း အသိအမှတ် ပြုပါတယ်။ ကျွန်တော် အသင်းအတွက် ကူညီပေးရတာနဲ့တင် ကျေနပ်နေပါပြီ”“ကျွန်တော်တို့ ပထမပိုင်းအတွင်းမှာတင် ၃ဂိုးပြတ် ဦးဆောင်နိုင်မယ့် အခွင့်အရေးတွေ ရခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့ပါဘူး။ သူတို့က အသင်းကောင်း၁သင်းပါ။ သူတို့က အသင်းအတွက် အစွမ်းကုန် တိုက်ပွဲဝင်နေပါပြီ”“သူတို့ အစွမ်းကုန် ကြိုးစားလာမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ သူတို့ ဒုတိယပိုင်းမှာ ကျွန်တော်တို့ကို ဒုက္ခရောက်စေခဲ့ပေမဲ့ အသင်းရဲ့ အနိုင်ဂိုးကို ထိန်းကာ အရေးပါတဲ့ ၃မှတ်ကို ယူနိုင်ခဲ့ပါတယ်”လိူ့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး အန်ခီတီယာက ကြာသပတေးည တော့တင်ဟမ်နဲ့ပွဲစဉ်မှာလည်း ၃မှတ်ရယူနိုင်ဖို့ မျှော်လင့်ကြောင်း ပြောသွားခဲ့ပါတယ်။

#အာတီတာ #အာဆင်နယ် #လိဒ်စ်ယူနိုက်တက် #အန်ခီတီယာ