ရှေ့သို့
Image

ယူနိုက်တက်ရှိ အနာဂတ်အပေါ် ဖာဂူဆန်နဲ့ သီးသန့်ဆွေးနွေးမှု ပြုလုပ်ခဲ့တဲ့ ရော်နယ်ဒို

11:10 AM, 8 May

ခရစ္စတီယာနို ရော်နယ်ဒိုဟာ ယူနိုက်တက်ရှိ အနာဂတ်အတွက် ဆာအဲလက်စ် ဖာဂူဆန်နဲ့ သီးသန့်ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ပေါ်တူဂီသားဟာ ဂန္တဝင်နည်းပြကြီးရဲ့ လက်အောက် ၁၈နှစ်အရွယ်မှာ အိုးထရက်ဖို့ဒ်ကို ရောက်လာပြီး ၆ရာသီကြာ ကစားခဲ့ပါတယ်။


ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်မှာ ၁၂နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်ကို ပြန်ရောက်လာခဲ့ပီး မန်စီးတီးထံကနေ ကြားဖြတ်ခေါ်ယူခဲ့ရာမှာ ဖာဂူဆန်က အဓိက နေရာက ပါဝင်ခဲ့ပါတယ်။

ကိုယ်ပိုင်သွင်းဂိုးတွေနဲ့အတူ အကောင်းဆုံး ခြေစွမ်ပြခဲ့ပေမဲ့ ယူနိုက်တက်ကတော့ ဆိုးရွားတဲ့ရာသီတစ်ခုကို ဖြတ်သန်းခဲ့တာကြောင့် ၃၇နှစ်သားရဲ့ အနာဂတ်က မရေမရာ ဖြစ်လာခဲ့တာပါ။


Mirrorရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုနဲ့ ဖာဂူဆန်တို့ဟာ ချက်ရှိုင်းယားမှာ အိမ်နီးချင်းတွေ ဖြစ်တာကြောင့် ပုံမှန်ဆွေးနွေးမှုတွေ ရှိနေကြောင်း သိရပါတယ်။

ဆရာတပည့်၂ဦးဟာ ယူနိုက်တက်ရဲ့ ကျရှုံးခဲ့တဲ့ ရာသီအကြောင်း ဆွေးနွေးခဲ့ကြပေမဲ့ ဖာဂူဆန်ကတော့ ရော်နယ်ဒိုကို အမွေအနှစ်တွေ ကာကွယ်ဖို့ နောက်ထပ် ၁ရာသီ ဆက်နေစေချင်နေပါတယ်။


တိုက်စစ်မှူးဟာ ဂျူဗင်တပ်စ်ကနေ ပေါင် ၁၂.၈၅သန်းနဲ့ ရောက်လာခဲ့ပြီးနောက် ၃၈ပွဲကစားရာမှာ ၂၄ဂိုး သွင်းထားခဲ့ပြီး အသင်းက ဘယ်ကစားသမားမဆို သွင်းဂိုးရဲ့ ၂ဆလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ရော်နယ်ဒိုရဲ့ စွမ်းဆောင်ရည်တွေက အိုးထရက်ဖို့ဒ်က အရှက်ရစရာရာသီတစ်ခုကို ကယ်တင်ဖို့ကတော့ လုံလောက်ခဲ့ခြင်း မရှိပါဘူး။


ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပြီဖြစ်သလို သမိုင်းတစ်လျောက် အမှတ်အနည်းဆုံး ပရီးမီးယားလိဂ်ရာသီကိုလည်း ရဖို့ရှိနေပါတယ်။

နွေရာသီမှာတော့ နည်းပြသစ် တန်ဟက် ရောက်လာပြီး ပြုပြင်ပြောင်းလဲမှုတွေ စတင်လုပ်ဆောင်ရန် ရှိနေပါတယ်။


#မန်ချက်စတာယူနိုက်တက် #ရော်နယ်ဒို #ဖာဂူဆန်