ရှေ့သို့
Image

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ခေါ်ယူချင်နေတဲ့ ဒေးဗစ်ဘက်ခမ်းရဲ့ အင်တာမိုင်ယာမီအသင်း

2:32 PM, 7 May

ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူနစ်ကွင်းလယ်ကစားသမားဟောင်းဟာ Miami မှာ ပန်းရောင်ဆံပင်စတိုင်နဲ့ ပုံတစ်ချို့တက်လာခဲ့ပါတယ်။

Sun Sport ရဲ့တင်ပြချက်အရတော့ ဘက်ခမ်းနဲ့ သူ့ရဲ့အင်တာမိုင်ယာမီအသင်းဟာ အဆိုပါ အသက် ၃၀ နှစ်အရွယ် ကစားသမားကို အိုင်ရာယန်းကနေပြောင်းရွှေ့တဲ့အခါ ဝယ်ယူဖို့ ဆွေးနွေးနေကြပုံပေါ်ပါတယ်။ ရိုဒရီဂွက်ဇ်ဟာ အင်တာမီယာမီကို ရောက်ရှိခဲ့ရင် တစ်နှစ်ကို ၆.၅ သန်းရတဲ့စာချုပ် ချုပ်ရမှာဖြစ်တာကြောင့် အသင်းရဲ့ဝင်ငွေ အများဆုံး ကစားသမားလည်းဖြစ်လာမှာဖြစ်ပြီး ၅.၆ သန်းရတဲ့ ဟိုက်ဂူအင်ထက် များပြားနေတာလည်းဖြစ်ပါတယ်။

အာဂျင်တီနားတိုက်စစ်မှူးဟာ နည်းပြဖီလ်နဗီးလ်ရဲ့လက်အောက်မှာ အခွင့်မသာခဲ့တာဖြစ်ပြီး ရာသီကုန်အသင်းကနေမထွက်ခင်မှာတင် တောင်ဖလော်ရီဒါမှာ လာရောက်ကစားဖို့ ရှိနေပုံပေါ်ပါတယ်။ အကယ်၍ ရိုဒရီဂွက်ဇ်သာ လတ်မှတ်ထိုးဖြစ်ခဲ့မယ်ဆိုရင်တော့ ယခုနှစ်အစောပိုင်းတည်းက မွန်တာရေးအသင်းအတွက် ကစားဖို့ထွက်ခွာသွားတဲ့ မက္ကဆီကန်ကစားသမား ပီဇာရိုရဲ့နေရာမှာ ဝင်ရောက်ကစားရမှာ ဖြစ်ပါတယ်။

လာမယ့်ရာသီ MLS အပြောင်းအရွှေ့ကာလကိုတော့ ဇူလိုင် ၇ ရက်နေ့မှာစတင်သွားမှာဖြစ်ပါတယ်။ အင်တာမိုင်ယာမီကို ဘက်ခမ်းရောက်ရှိလာကတည်းက မက်‌ဆီကို ခေါ်ယူဖို့ကြိုးစားနေခဲ့တာဖြစ်သလို ‌ဆွာရက်ဇ်ကိုလည်း ကြိုးစားခဲ့ပါသေးတယ်။  အင်တာမိုင်ယာမီရဲ့ ၂၀၂၂ ရာသီအစကတော့ စုတ်ပြတ်နေခဲ့ပြန်ပြီလည်း ဖြစ်ပါတယ်။

နဗီးလ်တို့အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်တုန်းက ခြေစစ်ပွဲကစားဖို့တောင် မစွမ်းဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ အသင်းဟာ ၉ ပွဲမှာ ၃ ပွဲသာ အနိုင်ရရှိထားပြီး ၁၄ သင်းသာရှိတဲ့ Eastern Conference လိဂ်မှာ အဆင့် ၁၂ နေရာသာ ရရှိထားခဲ့ပါတယ်။ အရင်က ဝင်ငွေအများဆုံးကစားသမားဖြစ်တဲ့ ဟိုက်ဂူအင်းကတော့ အသင်းက သူ့ကိုမထုတ်ပယ်ခင်မှာ ၆ ပွဲမှာ ၂ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

#ရီးရဲလ်မက်ဒရစ် #ဘိုင်ယန်မြူးနစ် #ဒေးဗစ်ဘက်ခမ်း ဂျိမ်းစ်ရိုဒရီဂွက်ဇ်