ရှေ့သို့
Image

လီဗာပူးနဲ့ ပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ဟန်နီဘယ်ကို ယူ -၂၃ အသင်းထံပြန်ပို့ခဲ့တဲ့ ရန်နစ်

2:27 PM, 7 May

ယူနိုက်တက်အသင်းနည်းပြ ရန်နစ်ဟာ လီဗာပူးကို ၄ ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ပွဲမှာ လူငယ်ကစားသမား မီဂျာဘရီရဲ့ စွမ်းဆောင်ရည်ကို သဘောမကျဖြစ်ခဲ့ပြီး ယူ - ၂၃ အသင်းထံ ပြန်ပို့ခဲ့ပါတယ်။

အသက် ၁၉ နှစ်သားဟာ လီဗာပူးနဲ့ပွဲမှာ နောက်ဆုံး ၆ မိနစ် ပါဝင်ကစားခွင့်ရရှိခဲ့ပေမယ့် ကြီးမားတဲ့ ဖျက်ထုတ်မှုတွေကြောင့် အဝါကတ်ပြခံခဲ့ရတာဖြစ်ပါတယ်။ သူဟာ ကံကောင်းစွာနဲ့ အထုတ်ခံရမယ့်အရေးကနေ လွတ်မြောက်ခဲ့ပြီး ယူနိုက်တက်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က အကယ်ဒမီထွက်ကစားသမားလေးရဲ့ စွမ်းဆောင်ရည်ကို သဘောကျနေပါတယ်။

ယာယီနည်းပြ ရန်နစ်ကတော့ သဘောမကျဖြစ်နေပြီး သတင်းတွေအရ အဆိုပါလူငယ်ကစားသမားလေးကို လူငယ်အသင်းထံပြန်ပို့ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ အသက် ၆၃ နှစ်သားဟာ ဟန်နီဘယ်ရဲ့စွမ်းဆောင်ရည်ကို သဘောကျဖြစ်နေတယ်လို့ ယုံကြည်ရကာ အဲ့နောက်ပိုင်းမှာလည်း သူဟာ လူစာရင်းမှာ မပါဝင်လာတော့တာဖြစ်ပါတယ်။

ဘရန့်ဖို့်ဒ်နဲ့ပွဲမှာတော့ အခြားလူငယ်တွေဖြစ်တဲ့ ဂါနာချို နဲ့ အဲလ်ဗာရိုတို့ အရန်ခုံမှာ ပါဝင်လာခဲ့ပါတယ်။ မီဂျာဘရီဟာ အာဆင်နယ် နဲ့ ချဲလ်ဆီးပွဲတွေကို လွဲချော်ခဲ့ပြီး ယူနိုက်တက်က ၃-၁ နဲ့ ၁-၁ သာ ကစားနိုင်ခဲ့ပါတယ်။

နဗီးလ်က မီဂျာဘရီနဲ့ပတ်သက်ပြီး “အရိုးသားဆုံးပြောရရင် ဒီကလေးက တစ်ခုခုပြသခဲ့ပါတယ်။ သူဟာ လူငယ်လေးတစ်ဦးဖြစ်ပေမယ့် အကောင်းဆုံးစွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။ ကျွန်တော် သူ့အတွက် ဂုဏ်ယူပါတယ်။ လီဗာပူးနဲ့ပွဲမှာ သူစွမ်းဆောင်ရည်ကောင်ေးကောင်းမပြနိုင်ခဲ့ပေမယ့် အခြားသူတွေလည်း အတူတူပဲလို့ ကျွန်တော်ထင်ပါတယ်။ သူဟာ တခုခုလုပ်ပြနေတာပါ။ သူက တစ်ခုခုကို ပြသနေပါတယ်။ သူအကောင်းဆုံးလုပ်ပြခဲ့တယ်လို့ ကျွန်တော်မပြောပေမယ့် လီဗာပူးကစားသမားတွေကို သူနာကျင်စေခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

မီဂျာဘရီဟာ ယူနိုက်တက်မှာ တောက်ပတဲ့ အနာဂတ်ရှိသူဖြစ်ပြီး တန်ဟက်လက်အောက်မှာ နေရာပြန်ရလာာဖွယ်ရှိနေပါတယ်။

#လီဗာပူး #ရန်နစ် #ဟန်နီဘယ်