ရှေ့သို့
Image

ပြုပြင်ပြောင်းလဲမှုလုပ်မယ့် နည်းပြရော်ဂျာရဲ့ ဆန္ဒအရ အဓိက ကစားသမားတစ်ချို့ကို ဆုံးရှုံးရနိုင်တဲ့ လက်စတာ

1:42 PM, 7 May

လက်စတာစီးတီးနည်းပြ ဘရန်ဒန်ရော်ဂျာရဲ့ လက်ရှိလက်စတာလူစာရင်းကို ပြုပြင်ပြောင်းလဲဖို့ ဆန္ဒရှိနေတာကြောင့် လက်ရှိပထမအသင်းရဲ့ အဓိက ကစားသမားတစ်ချို့ကို ဒီနွေရာသီမှာ ဆုံးရှုံးရနိုင်တဲ့ အလားအလာ ရှိနေပါတယ်။ အဓိကကွင်းလယ်လူ ယူရီတိုင်လေမန်းကို ဈေးကောင်းရရင် ရောင်းထုတ်ဖွယ်ရှိနေသလို နောက်ထပ်ကြယ်ပွင့် ကစားသမားတွေဖြစ်ကြတဲ့ ဂျိမ်းစ်မက်ဒီဆင်နဲ့ ဟာဗေးဘန်းစ်တို့လည်း အသင်းပြောင်းရွှေ့ဖွယ် ရှိပါတယ်။

လာမယ့်ရာသီမှာ ဥရောပဝင်ခွင့်ရဖို့ မရှိပေမယ့် ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းတွေ ပြန်ရနိုင်ဖို့အတွက် အသင်းကို ပြုပြင်ပြောင်းလဲချင်နေတာလည်း ဖြစ်ပါတယ်။ လက်စတာဟာ ပြီးခဲ့တဲ့ကြားရက်ကမှ ရိုးမားအသင်းကို ယူရိုပါကွန်းဖရက်လိဂ် ဆီမီးဖိုင်နယ်မှာ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် နည်းပြရော်ဂျာဟာ ရာသီသစ်မစတင်မီမှာ ကစားသမားသစ်တွေကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

ရော်ဂျာခေါ်ယူလိုတဲ့ ကစားသမားတွေကတော့ ဗဟိုခံစစ်မှူးတစ်ဦး၊ ကွင်းလယ်ကစားသမားတစ်ဦးနဲ့ ညာတောင်ပံပိုအားသန်တဲ့ တောင်ပံတိုက်စစ် ကစားသမားတစ်ဦးတို့ပဲ ဖြစ်ပါတယ်။ ဒီကစားသမားအားလုံးကလည်း ပွဲထွက်လူစာရင်းထဲကို တန်းဝင်နိုင်တဲ့ ကစားသမားတွေ ဖြစ်ဖို့လည်း လိုအပ်ပါတယ်။

ဒီကစားသမားသစ်တွေကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ လက်စတာအနေနဲ့ စာခုုုပ်သက်တမ်း တစ်နှစ်သာ ကျန်တော့တဲ့ တိုင်လေမန်းကို ဈေးကြီးကြီးနဲ့ ရောင်းထုတ်ဖွယ်ရှိပြီး မက်ဒီဆင်နဲ့ ဘန်းစ်တို့အတွက်ကိုလည်း ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားဖို့ရှိနေပါတယ်။ ၂၅ နှစ်အရွယ် မက်ဒီဆင်ဟာ တစ်ပတ်ပေါင် ၁၀၀၀၀၀ ရရှိနေသူဖြစ်ပြီး ဒီရာသီမှာ ၁၄ ဂိုးသွင်း၊ ၉ ဂိုးဖန်တီးထားသူပါ။ ဘန်းစ်ကလည်း ဒီရာသီမှာ ခြေစွမ်းပြနေသူဖြစ်ပြီး ၉ ဂိုးသွင်း ၁၀ ဂိုးဖန်တီးထားတာကြောင့် လစာမြင့်မားတဲ့ ဒီကစားသမားတွေကို လက်စတာက ရောင်းထုတ်ဖို့ စီစဉ်နေတာပဲ ဖြစ်ပါတယ်။

အခြားကစားသမားတွေဖြစ်တဲ့ ကာဂ်လာဆိုယွန်ကူ၊ ဟမ်ဇာချောင်ဒူရီနဲ့ အယိုဇီပီရက်ဇ်တို့ကိုလည်း လာမယ့်ဇွန်လမှာ စာချုုပ်သက်တမ်းကုန်ရင် ထွက်ခွာခွင့်ပေးသွားမှာဖြစ်လို့ ကစားသမားသစ်များစွာ ထပ်ခေါ်ရနိုင်ပါတယ်။ လက်စတာရဲ့ စီနီယာကစားသမားကြီးတွေဖြစ်တဲ့ ဂျေမီဗာဒီ၊ ကတ်စ်ပါရှမိုက်ကယ်နဲ့ ဂျွန်နီအီဗန်တို့ရဲ့ စာချုပ်တွေကလည်း နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။

#လက်စတာ #ရော်ဂျာ