ရှေ့သို့
Image

ယူနိုက်တက်နှင့် စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ပေါ့ဂ်ဘာကို စိတ်ဝင်စားလာတဲ့ မန်စီးတီး

10:08 AM, 7 May

မန်စီးတီးဟာ ပေါ့ဂ်ဘာကို အလွတ်ပြောင်းရွေ့ကြေးဖြင့်‌ခေါ်ယူလိုနေပြီး ဗြိတိန်အပြောင်းအရွေ့သမိုင်းကြောင်းမှာ ကြီးမားတဲ့ အပြောင်းအရွေ့ဖြစ်လာနိုင်ပါတယ်။

လာမယ့်လကုန်မှာ ပေါ့ဂ်ဘာဟာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ကလပ်သို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွေ့ကြေးပေါင် ၈၉ သန်းဖြင့် ရောက်ရှိလာခဲ့ပြီးနောက် ဒုတိယအကြိမ်ထွက်ခွာဖို့ သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။ လာမယ့်ရာသီမှာ မန်စီးတီးဟာ ခါးသီးပြိုင်ဘက် ယူနိုက်တက်ထံကနေ ပေါ့ဂ်ဘာကို ခေါ်ယူဖို့ ရှိနေပါတယ်လို့ Sportsmail က သတင်းရရှိထားပါတယ်။

လာမယ့်ရာသီမတိုင်ခင်မှာ ဂွါဒီယိုလာဟာ ဝါရင့်ကွင်းလယ်ကစားသမားတစ်ဦးကိုခေါ်ယူလိုနေပြီး ရာသီကုန်မှာ သက်တမ်းကုန်ဆုံးမယ့် အသင်းခေါင်းဆောင် ဖာနန်ဒင်ဟိုရဲ့နေရာမှာ အစားထိုးလိုနေတာဖြစ်ပါတယ်။ ဂွါဒီယိုလာ ဖြည့်တင်းလိုနေတဲ့နေရာအတွက် ပေါ့ဂ်ဘာက ဖြစ်နိုင်ချေရှိတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ အပြောင်းအရွေ့ရဲ့ စည်းမျဉ်းများကြောင့် ရာသီမကုန်ခင်အထိ မန်စီးတီးဟာ ပေါ့ဂ်ဘာကို တရားဝင်ကမ်းလှမ်းမှုများ ပြုလုပ်နိုင်သေးမှာ မဟုတ်ပါဘူး။

ဒါဟာ မန်စီးတီးအတွက် အားနည်းချက်တစ်ခုဖြစ်နေပြီး နိုင်ငံရပ်ခြားက ကလပ်တွေကတော့ ပေါ့ဂ်ဘာနှင့် တရားဝင်ဆွေးနွေးနိုင်နေပြီဖြစ်ပါတယ်။ သို့သော်လည်း မန်စီးတီးဟာ ပေါ့ဂ်ဘာကို ခေါ်ယူဖို့ ငွေကြေးအင်အား တောင့်တင်းတာဖြစ်ပြီး ကစားသမားကတော့ အိုးထရက်ဖို့ဒ်မှာ တစ်ပတ်လုပ်ခ ပေါင် ၂၉၀၀၀၀ ရရှိနေတာဖြစ်ပါတယ်။

ပေါ့ဂ်ဘာကို မန်စီးတီးသို့ ခေါ်ယူဖို့ ဆွဲဆောင်နိုင်ခဲ့ရင်တောင် ကြီးမားတဲ့ အတားအဆီးတွေရဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် ကစားသမားဟာ မန်စီးတီးသို့ ပြောင်းရွေ့ရန် ချက်ချင်းပယ်ချခြင်းမရှိခဲ့ဘဲ လက်ခံရရှိထားတဲ့ အခြားကမ်းလှမ်းမှုများနှင့်ယှဉ်ပြီး ရွေးချယ်သွားမှာဖြစ်ပါတယ်။ ပီအက်စ်ဂျီ၊ ဂျူဗင်တပ်စ်တို့ကလည်း ပေါ့ဂ်ဘာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

ဘော့စ်မန်းစည်းမျဉ်းအရ ပြောင်းရွေ့ခဲ့မယ်ဆိုရင် ပြီးခဲ့တဲ့ သမိုင်းကြောင်းမှာ ဒရမ်မာအဆန်ဆုံး စာချုပ်တစ်ခုဖြစ်လာမယ်ဆိုတာကတော့ မေးခွန်းထုတ်စရာကိုမလိုပါဘူး။ ၂၀၀၉ခုနှစ်တုန်းက တီဗက်ဇ်ကလည်း ယူနိုက်တက်ကနေ မန်စီးတီးသို့ ပြောင်းရွေ့ခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်တုန်းက တော်တော်လေးကို ဂယက်ရိုက်ခဲ့တာဖြစ်ပါတယ်။

ကမ်းဘဲလ်ကလည်း တော့တင်ဟမ်ကနေ အာဆင်နယ်သို့ ၂၀၀၁ ခုနှစ်တုန်းက ပြောင်းရွေ့ခဲ့ပြီး ကြီးမားတဲ့ အငြင်းပွားဖွယ်ရာကိစ္စဖြစ်ခဲ့ဖူးတာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #မန်စီးတီး #အပြောင်းအရွှေ့ #ဂွါဒီယိုလာ #ပေါ့ဂ်ဘာ