ရှေ့သို့
Image

ရိုးမား အသင်းကို ရှုံးနိမ့်ပြီး ယူရိုပါကွန်းဖရန့်လိဂ်က ထွက်ရတဲ့အပေါ် စိတ်ပျက်ဝမ်းနည်းနေတဲ့ ရော်ဂျာ

4:12 PM, 6 May

ကြာသပတေးနေ့က ရိုးမား အသင်းကို ၁-၀ နဲ့ရှုံးနိမ့်ခဲ့ပြန်တာကြောင့် လက်စတာစီးတီးနည်းပြ ဘရန်ဒန်ရော်ဂျာကတော့ သူ့အသင်းရဲ့ခံစစ်ကို ဝမ်းနည်းစိတ်ပျက်နေခဲ့ပြန်ပါတယ်။ လက်စတာဟာ တစ်ရာသီလုံး ထောင့်ကန်ဘောတွေကနေ ဂိုးတွေပေးနေခဲ့တာဖြစ်ပြီး ရိုးမားနဲ့ ပွဲမှာလည်း ထိုကဲ့သို့ဂိုးမျိုးပေးခဲ့ရပြီး ဖိုင်နယ်တက်ရောက်ခွင့်ကို လက်လွှတ်ခဲ့ရပြီပဲဖြစ်ပါတယ်။

"ဆီမီးဖိုင်နယ်ပွဲတစ်ပွဲရဲ့ ဒုတိယပိုင်းကိုရှုံးရတာ စိတ်ပျက်ဖို့ကောင်းပါတယ်”လို့ ရော်ဂျာက ပြောပါတယ်။ “တကယ်တော့ နှစ်သင်းလုံးရဲ့ပရိသတ်တွေရဲ့အားပေးမှုကတော့ တကယ်အံ့ဩဖို့ကောင်းပါတယ်။ တကယ့်ကို လာကစားရတာကောင်းပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပိုကောင်းလာတယ်။ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ သေချာပြင်ဆင်ပြီး ပြောင်းလဲမှုတွေလုပ်ခဲ့တယ်။ ပထမပိုင်းမှာတော့ ကစားပွဲက သိပ်မပြင်းထန်ခဲ့ဘူး။ ကစားသမားတွေက အဆုံးထိသာကစားသွားတယ်။ သိပ်ပြီးအခွင့်ကောင်းတွေ ရှာမတွေ့ခဲ့ဘူး။ နှစ်ဖက်လုံးအတွက်ကို အခွင့်အရေးသိပ်မရှိခဲ့ပါဘူး။ ထောင့်ကန်ဘောက တစ်ရာသီလုံးကို ကျွန်တော်တို့အတွက် ပြဿနာဖြစ်နေခဲ့တာ။ ကျွန်တော်တို့လည်း ပုံစံမျိုးစုံနဲ့တော့ ကြိုးစားကာကွယ်ခဲ့တာပဲ။ ဒါပေမဲ့ ကျွန်တော်တို့က တစ်ချို့ထောင့်ကန်ဘောအခြေအနေတွေကျရင် ဘယ်လိုမှမရတော့ဘဲ ဒီညမှာလည်း ပေးဆပ်လိုက်ရတယ်။ ကျွန်တော်တို့တွေ ပထမပိုင်းမှာ တကယ့်ကိုစိုးမိုးနိုင်ခဲ့တယ်။ အခွင့်အရေးတွေလည်းရှိခဲ့တယ်။ ဒီတော့ စိတ်ထဲမှာ အဲဒါကို သေချာတွေးထားပြီးတော့ ကွင်းလယ်ကိုပြောင်းလဲခဲ့တယ်ပေါ့။ ကစားသမားတွေကလည်း သေချာလေးကစားနိုင်ခဲ့ပါတယ်။ ဒီနောက်ဆုံး ၂ နှစ်မှာ ဒါဟာကျွန်တော်တို့အတွက်တော့ တကယ့်ခရီးရှည်ကြီးလိုပါပဲ။ ကျွန်တော်တို့ဆီမှာ ဘဝတက်လမ်းရှာနေတဲ့လူငယ်လေးတွေလည်းရှိတယ်ဆိုတော့ ဒါဟာ သူတို့အတွက်တော့ တကယ့်အတွေ့အကြုံကောင်းပါပဲ။ ဒီဟာကြောင့် သူတို့တွေ နောက်ရာသီမှာ တွန်းအာတွေရပါလိမ့်မယ်။ ကျွန်တော်တို့တွေ ထွက်ခဲ့ရတာ စိတ်ပျက်ဖို့ကောင်းပေမဲ့ ရာသီကို ကြံ့ကြံ့ခိုင်ခိုင်နဲ့ကျော်ဖြတ်ပြီး နောက်ရာသီမှာ ဒီထက်ပိုတိုးတက်ဖို့ကို ဦးတည်ရပါဦးမယ်”လို့ ရော်ဂျာက ဆိုပါတယ်။

#ရိုးမား #လက်စတာ #ရော်ဂျာ #ယူရိုပါကွန်းဖရန့်လိဂ်