ရှေ့သို့
Image

မေဂျာလိဂ်ထံ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ ချီရယ်လီနီ

11:09 AM, 6 May

ဂျူဗင်တပ်စ်နောက်ခံလူ ချီရယ်လီနီဟာ ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေပြီး GOAL သတင်းဌာနက အီတလီသားဟာ မေဂျာလိဂ်ကို ပြောင်းချင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

အသက် ၃၇ နှစ်သားဟာ ဂျူဗင်တပ်စ်အသင်းမှာ ၁၇ နှစ်တာဖြတ်သန်းခဲ့ပြီး စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့တာဖြစ်ကာ အခုချိန်မှာ ကစားသမားဘဝအကျပိုင်းကို ရောက်လာခဲ့တာဖြစ်ပါတယ်။ အမှန်တကယ်မှာလည်း ချီရယ်လီနီဟာ အီတလီအသင်းကနေ အနားယူခဲ့ပြီလို့ ကြေညာခဲ့ပြီးဖြစ်ပါတယ်။ အီတလီသားဟာ လက်ကျန်နေ့ရက်တွေကို အမေရိကမြေမှာ ဖြတ်သန်းချင်နိုင်ဖို့ မျှော်လင့်နေကာ အပြောင်းအရွှေ့က လွယ်ကူလာဖွယ်မရှိတာဖြစ်ပါတယ်။

စီးရီးအေဖလား ၉ လုံး ၊ ကိုပါဖလား ၅ လုံး ၊ ယူရိုဖလား ၁ လုံး နဲ့ ချန်ပီယံလိဂ်ဖလား ၂ လုံးရယူနိုင်ခဲ့ကာ ချီရယ်လီနီဟာ သူ့ရဲ့မျိုးဆက်မှာ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတစ်သီးအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒါပေမယ့် မေဂျာလိဂ်တာဝန်ရှိသူတွေဟာ နာမည်ကျော် ကစားသမားတော်တော်များများကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ချီရယ်လီနီကို အမေရိကန်ကလပ်အသင်းတွေက စိတ်ဝင်စားနေကာ ကစားသမားကလည်း ပြောင်းရွှေ့လိုနေတာဖြစ်ပါတယ်။ ချီရယ်လီနီဟာ ခံစစ်ပိုင်းမှာတင် ဦးနှောက်ရှိတာမဟုတ်ပဲ စီးပွားရေးပိုင်းမှာလည်း ဦးနှောက်ရှိတဲ့သူတစ်ဦးလည်းဖြစ်ကာ အသင်းရဲ့အဖွဲ့အဝင်အဖြစ် ထွက်ခွာပြီးနောက် ပြန်လာဖွယ်ရှိနေပါတယ်။

#စီးရီးအေ #ဂျူဗင်တပ်စ် #ချီရယ်လီနီ