ရှေ့သို့
Image

ခရစ္စတယ်ပဲလေ့စိတ်ဝင်စားနေတဲ့ ယူနိုက်တက်ကစားသမား ဝမ်ဘစ်ဆာကာကို ရုတ်တရက်ကြီး စိတ်ဝင်စားလာတဲ့ ရိုးမား

4:03 PM, 5 May

ယူနိုက်တက်နည်းပြဟောင်းမော်ရင်ဟိုဟာ အင်္ဂလန်တိုက်စစ်မှူး တမ်မီအေဘရာဟမ်ကို လက်မှတ်ထိုးပြီးနောက် အဆိုပါကစားသမားက ယခုရာသီမှာ ၂၄ ဂိုးသွင်းခဲ့တာကြောင့် ကြီးမားတဲ့အောင်မြင်မှု ရခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။

အခုဆိုရင်တော့ သူဟာ အေဘရာဟမ်နဲ့တွဲဖက်ကစားမယ့်ကစားသမားအဖြစ် ဝမ်ဘစ်ဆာကာကို သဘောတွေ့နေပြီပဲဖြစ်ပါတယ်။ အဆိုပါနောက်ခံအစွန်လူဟာ စပိန်အသင်းကြီးတစ်သင်းဖြစ်တဲ့ အက်သလက်တီကိုမက်ဒရစ်ရဲ့စိတ်ဝင်စားမှုကို ရရှိနေတာလည်းဖြစ်ပါတယ်။

ဝမ်ဘစ်ဆာကာကတော့ ယူနိုက်တက်နည်းပြအသစ်တန်ဟက်ရဲ့အစီအစဉ်ထဲမှာ သူပါမပါ သိချင်နေတာလည်းဖြစ်ပါတယ်။ အဆိုပါ ၂၄ နှစ်အရွယ် နောက်ခံကစားသမားဟာ အိုးထရက်ဖို့ဒ်ကွင်းမှာ ခက်ခဲတဲ့ရာသီတစ်ခုနဲ့ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။

နောက်ပိုင်းပွဲစဉ်တွေမှာ သူ့နေရာကို ဒါလော့ဝင်ကစားနေတာကြောင့် သူဟာ ၂၅ ပွဲပဲကစားရသေးတာဖြစ်ပါတယ်။ ဝမ်ဘစ်ဆာကာကို ၂၀၁၉ ခုနှစ်တုန်းက သန်း ၅၀ နဲ့ရောင်းထုတ်ခဲ့တဲ့ ခရစ်စတယ်ပဲလေ့ဟာလည်း သူ့ကို ပြန်လည်လတ်မှတ်ထိုးချင်နေတာဖြစ်ပါတယ်။

ဒါပေမဲ့ ပဲလေ့အနေနဲ့ အဆိုပါကစားသမားကို အငှားစာချုပ်နဲ့သာလတ်မှတ်ထိုးနိုင်မှာဖြစ်ပါတယ်။ မော်ရင်ဟိုဟာ ဝမ်ဘစ်ဆာကာမရောက်ခင်နှစ်မှာ ယူနိုက်တက်နေ ထွက်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ အခုဆိုရင် အီတလီစီးရီးအေမှာ သူ့ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်နေခဲ့တာဖြစ်ပါတယ်။

အကယ်၍ သူသာ ကွန်ဂိုနိုင်ငံနဲ့သက်ဆိုင်သူ အသက် ၂၁ နှစ်အောက် အဆိုပါ အင်္ဂလန်ကစားသမားဟောင်းကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ အေဘရာဟမ်နဲ့ ခရစ်စမောလင်းအတွက်တွဲဖက်ကစားသမားရလာတော့မှာပဲဖြစ်ပါတယ်။ အက်သလက်တီကို အသင်းဟာလည်း အင်္ဂလိပ်လူမျိုးကစားသမား ထရစ်ပီယာကို နယူးကာဆယ်ဆီကို ဇန်နဝါရီလက ရောင်းထုတ်လိုက်ရတဲ့အတွက် ညာနောက်ခံကစားသမားအသစ်တစ်ယောက်ကို ရှာဖွေနေခဲ့တာလည်းဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ခရစ္စတယ်ပဲလေ့စ် #အေဘရာဟမ် #မော်ရင်ဟို #ဝမ်ဘစ်ဆာကာ