ရှေ့သို့
Image

ယူနိုက်တက်က ဂိုးသမားကလွဲရင် တစ်သင်းလုံးကို အားဖြည့်ရလာမယ်လို့ ရန်းနစ် ဆိုလာပြန်

11:31 AM, 3 May

ရက်ဖ် ရန်းနစ်က ယူနိုက်တက်အသင်းဟာ ဂိုးသမားနေရာကလွဲရင် တစ်သင်းလုံးကို အားဖြည့်ရမယ်လို့ ယမန်နေ့ညက ပြောသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ယမန်နေ့ညက ဘရန့်ဖို့ဒ်ကို ၃ဂိုးပြတ် အနိုင်ယူကာ အခက်အခဲတွေကြားကနေ ရုန်းထွက်သွားနိုင်ခဲ့ပါတယ်။

တစ်ရာသီလုံး ဆိုးရွားတဲ့ အခြေအနေကို ရင်ဆိုင်ခဲ့ရပြီးနောက် ယူနိုက်တက်တို့ အိုးထရက်ဖို့ဒ်ကို အနိုင်နဲ့ နှုတ်ဆက်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းမှာ မာတစ်၊ မာတာ၊ ဖီးလ်ဂျုံးစ်၊ ကာဗာနီတို့နဲ့အတူ ပေါ့ဂ်ဘာ၊ လင်ဂတ်တို့လည်း စာချုပ်ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

ရန်းနစ်က “ဂိုးသမားနေရာမှာ တွမ်ဟီတန်၊ ဒင်း ဟန်ဒါဆန်၊ ဒီဂီယာတို့လို အရမ်းကောင်းတဲ့ ဂိုးသမားတွေ ရှိနေတာကြောင့် အဲ့ဒီနေရာကလွဲရင် ကျန်တဲ့ နေရာတွေက ထွက်ခွာမယ့် ကစားသမားတွေလည်း ရှိနေတာကြောင့် အားဖြည့်ရပါမယ်”“ကျွန်တော်တို့ တန်ဟက်နဲ့ စကားမပြောရသေးပါဘူး။ သူက နယ်သာလန်အတွက် အာရုံစိုက်နေတာကြောင့် ကျွန်တော်တို့လည်း ကိုယ့်ပွဲတွေကိုယ် အာရုံစိုက်ရပါမယ်။ ကစားသမား အနည်းငယ် ထွက်မှာနဲ့ ထိပ်တန်းကစားသမားတွေ လိုအပ်တယ်ဆိုတာ အသိသာကြီးပါ။ အားလုံးသာ အတူတကွ လုပ်နိုင်ရင် ယူနိုက်တက် ရှိသင့်တဲ့နေရာကို ပြန်ခေါ်လာနိုင်မှာပါ”

“အခြားကလပ်တွေက အောင်မြင်ဖို့ အပြောင်းအရွှေ့ရာသီ ၂ခု၊ ၃ခုလောက်သာ လိုပေမဲ့ ကျွန်တော်တို့ကတော့ အခုကတည်းက အသင်းကို တိုးတက်စေမယ့် ထိပ်တန်းကစားသမားတွေကို ခေါ်ဖို့  လိုနေပါပြီ။ အဲ့ဒီလိုဆိုရင် သိပ်မကြာနိုင်ဘူးလို့ ထင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရန်းနစ်