ရှေ့သို့
Image

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဖလား ရသွားသလို အောင်ပွဲခံခဲ့တယ်လို့ ခရစ္စဆက်တန်ပြောကြား

11:09 AM, 3 May

ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ခရစ္စဆက်တန်က အာဆင်နယ်ဟာ ဝက်စ်ဟမ်းကိုအနိုင်ရရှိခဲ့တဲ့ပွဲမှာ ပရီးမီးယားလိဂ်ဖလားရသလို အောင်ပွဲခံခဲ့တယ်လို့ ဝေဖန်ပြောကြားလိုက်ပါတယ်။

အာဆင်နယ်ဟာ တနင်္ဂနွေနေ့တုန်းက ဝက်စ်ဟမ်းကို အဝေးကွင်းမှာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အဆင့် ၄ နေရာအတွက် တော့တင်ဟမ်ကို ၂ မှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်။ အာဆင်နယ်အတွက် ဂိုးတွေကို နောက်ခံလူ ၂ ဦးဖြစ်တဲ့ ဟိုးလ်ဒင်း နဲ့ ဂါဘရီရယ်တို့က သွင်းယူပေးခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေပိုကောင်းလာခဲ့ပါတယ်။

ပွဲပြီးချိန်မှာ အာဆင်နယ်အသင်းဟာ ပရိသတ်တွေထံကို သွားရောက်ပြီး အတူတကွအောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းက အရေးပါတဲ့နိုင်ပွဲရယူနိုင်ခဲ့ပေမယ့် ဆဲလ်တစ်အိုင်ကွန် ဆောက်တန်က သူတို့ဟာ ဖလားရသလိုမျိုးအောင်ပွဲခံခဲ့တယ်လို့ ယုံကြည်နေပါတယ်။

“အာဆင်နယ်အောင်ပွဲခံနေတာက ဖလားရသွားသလိုပါပဲ”လို့ ဆောက်တန်က ပြောကြားခဲ့ပါတယ်။ အာဆင်နယ်အသင်း အခုလိုဝေဖန်ခံရတာ ပထမဆုံးအကြိမ်မဟုတ်ပဲ ဝုဗ်ကွင်းလယ်လူ နီဗက်စ်က ဖေဖော်ဝါရီလတုန်းက ၂-၁ ဂိုးနဲ့ သူတို့အသင်းကို အနိုင်ရရှိတုန်းကလည်း ဝေဖန်ခဲ့သေးတာဖြစ်ပါတယ်။ အခြားတစ်ဖက်မှာလည်း ဗီလာအသင်းစတား အက်ရှ်လေယန်းကလည်း ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ အာဆင်နယ်အသင်းရဲ့အောင်ပွဲခံပုံကို ဝေဖန်ခဲ့ပါသေးတယ်။ ဗီလာစတားဟောင်း အဘွန်လဟောက ဝေဖန်ခဲ့သေးပေမယ့် နောက်ပိုင်းမှာ သူဟာ မနာလိုစိတ်ကြောင့် မှားယွင်းခဲ့တာလို့ အာဆင်နယ်ပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။ အာတီတာက သူ့ရဲ့လူငယ်ကစားသမားတွေအောင်ပွဲခံတာနဲ့ပတ်သက်ပြီး သဘောကျမိတယ်”လို့ ပြောကြားခဲ့ပါတယ်။

“ကစားသမားတွေကို  အောင်ပွဲခံဖို့ မခံဖို့ ကျွန်တော် မပြောပါဘူး။ အဲ့တာက သူတို့ဆီကနေ လာတာပါ။ တစ်ယောက်နဲ့ တစ်ယောက် ဖက်တဲ့အချိန်ကျွန်တော်မြင်ရတာ ပရိသတ်တွေနဲ့အောင်ပွဲခံတာတွေက ကျွန်တော့်အတွက် တကယ်ကောင်းပါတယ်။ သူတို့အောင်ပွဲခံခွင့်ရှိပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

#အာတီတာ #အာဆင်နယ် #ဝက်စ်ဟမ်း #ခရစ္စဆက်တန်