ရှေ့သို့
Image

အိုဒီဂတ်က အသင်းခေါင်းဆောင် လက်ပတ်နဲ့ ထိုက်တန်တဲ့သူလို့ ရက်ပ်နက် အခိုင်အမာဆို

10:44 AM, 3 May

အာတီတာ အနေနဲ့ မာတင်အိုဒီဂတ်ကို အသင်းခေါင်းဆောင်လက်ပတ်ပေးတာဟာ မှန်ကန်ခဲ့တယ်လို့ ရက်ပ်နက်က ပြောကြားလိုက်ပါတယ်။

အသက် ၂၃ နှစ်သာရှိသေးပေမယ့် နော်ဝေသားဟာ အသင်းရဲ့နောက်ဆုံး ၄ ပွဲကို အသင်းခေါင်းဆောင် လက်ပတ်ဝတ်ဆင်ကာ ၃ ပွဲဆက် နိုင်ပွဲရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းမှာ အသင်းခေါင်းဆောင်နေရာနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့နှစ်တွေက ပြဿနာတွေရှိခဲ့ကာ ဗာမေလန် ၊ ကိုစီရယ်လ်နီ ၊ ဇာခါ နဲ့ အူဘာမီယန်းတို့ဟာ အသင်းကို ဦးမဆောင်နိုင်ခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိအာဆင်နယ်အသင်းမှာလည်း အူဘာမီယန်း မရှိတဲ့နောက် အသင်းခေါင်းဆောင်နေရာက လစ်လပ်နေခဲ့တာဖြစ်ပါတယ်။ လာကာဇက်တီက ကစားခွင့်ရတဲ့အချိန်မှာ ဝတ်ဆင်ခဲ့ပေမယ့် စွမ်းဆောင်ရည်ကျဆင်းမှုကြောင့် နေရာပါပျောက်ခဲ့ရပါတယ်။ ဒါပေမယ့် အိုဒီဂတ်ကတော့  အာဆင်နယ် အသင်းကို ဦးဆောင်နိုင်တဲ့သူအဖြစ် သတ်မှတ်လို့ရတာဖြစ်ပါတယ်။

“သူ့ကိုအသင်းလူစာရင်းထဲထည့်လိုက်တာက အာဆင်နယ်အသင်း ဖြစ်ပွားနေတဲ့ပြဿနာတွေကို  ဖြေရှင်းပြီးသားဖြစ်သွားစေပါတယ်။ ဇာခါက အသင်းခေါင်းဆောင်ခနတာလုပ်ခဲ့ပေမယ့် အဆင်မပြေခဲ့သလို အူဘာမီယန်းကလည်း အဆင်မပြေပါဘူး။ လာကာဇက်တီကို ပေးလိုက်ချိန်မှာလည်း အဆင်မပြေပါဘူး။ ဘယ်သူမှ အသင်းခေါင်းဆောင်မလုပ်ချင်တဲ့ပုံပါပဲ။ အိုဒီဂတ်ကိုပေးလိုက်ချိန်မှာ သူ့က ဒီနေရာနဲ့သင့်တော်မယ့်သူလို့ ခံစားရပါတယ်။ သူက စကားအများကြီး မပြောပဲ သူကစားတာကို ကြည့်လိုက်ရင် လူတွေကို  စုစည်းနိုင်သလို တိကျတဲ့ဘောလုံးပေးပို့မှုလည်း ပြုလုပ်နိုင်ပါတယ်။ သူကစားတာကို ကြည့်ရတာ တကယ်ကောင်းပါတယ်။ အာတီတာဘက်ကနေ ကြည့်မယ်ဆိုရင် သူက ကွင်းထဲမှာ သူ့နည်းပြလိုပါပဲ။ သူက အနာဂတ်မှာ ဒီနေရာနဲ့ ထိုက်တန်တဲ့သူဆိုတာ သေချာနေပါတယ်”လို့ ရက်ပ်နက်က ပြောကြားခဲ့ပါတယ်။

အိုဒီဂတ်ဟာ  ရီးရဲလ်အသင်းမှာ အဆင်မပြေခဲ့တဲ့နောက် အာဆင်နယ်ကို ပြီးခဲ့တဲ့နွေရာသီတုန်းက အပြီးသတ်ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ အဲ့မတိုင်ခင်တုန်းက အာဆင်နယ်အသင်းမှာ ရာသီဝက်အငှားလာကစားခဲ့သေးတာဖြစ်ပါတယ်။

“သူက တာဝန်ယူမှုအပြည့်ရှိပါတယ်။ တစ်စုံတစ်ယောက်အတွက်တော့ ငယ်ရွယ်လွန်းတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ အာဆင်နယ် ပရိသတ်တော်တော်များများက သူ့ကို အလိုရှိကြတယ်ဆိုတာ ကျွန်တော်သိပါတယ်။ဒါပေမယ့် အများစုကတော့ မကြိုက်ကြပေမယ့် သူကပိုပိုကောင်းလာနေပါတယ်။ လူငယ်အသင်းတစ်သင်းအဖြစ် သူတို့က တိုးတက်လာနေပါတယ်။ ပြီးတော့ အိုဒီဂတ်က အဓိကကစားသမားဖြစ်လာပါလိမ့်မယ်”လို့ အလန်စမစ်က ပြောကြားခဲ့ပါတယ်။

#အာတီတာ #အာဆင်နယ် #အိုဒီဂတ် #ရက်ပ်နက်