ရှေ့သို့
Image

ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ရုန်းကန်ရမှာကို စိုးရိမ်နေတဲ့ လော့ဖ်တက်ချိ

10:30 AM, 3 May

ချဲလ်ဆီးအသင်းကွင်းလယ်လူ လော့ဖ်တက်ချိက ပြီးခဲ့တဲ့ပွဲစဉ်တွေက စွမ်းဆောင်ရည်ဟာ ချဲလ်ဆီး အဆင့်အတန်းမဟုတ်ဘူးလို့ ဝန်ခံပြောကြားလိုက်ပြီး ထိပ်ဆုံး ၄ သင်းနေရာအတွက် တိုက်ပွဲဝင်ရတော့မှာဖြစ်ပါတယ်။

တူချယ်ရဲ့ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကာလရှည်စိတ်ပူခဲ့ရတာမဟုတ်ပဲ ချန်ပီယံဆုအတွက် လီဗာပူးနဲ့ မန်စီးတီးတို့ကို ယှဉ်ပြိုင်နေတဲ့အသင်းမျိုးဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ရုန်းကန်လာခဲ့ရပြီး နောက်ဆုံး ၄ ပွဲမှာ ၁ ပွဲသာအနိုင်ရရှိခဲ့သလို အဲဗာတန်ကိုလည်း ပူပူနွေးနွေးအရေးနိမ့်ထားခဲ့ကာ အခုဆို အာဆင်နယ် နဲ့ ၃ မှတ်အကွာကို ရောက်လာခဲ့ပါတယ်။

ချဲလ်ဆီးရဲ့ကံကြမ္မာက သူတို့လက်ထဲမှာရှိနေတာဖြစ်ပြီး လက်ကျန်ပွဲတွေမှာ ထပ်မှားလို့မရတော့တဲ့ အနေအထားမှာ အက်စ်ပီလီကျူတာက အဲဗာတန်နဲ့ပွဲမှာ အမှားလုပ်ခဲ့ပြီး ရစ်ချာလီဆင်ရဲ့အနိုင်ဂိုးကို ခွင့်ပြုခဲ့ရပါတယ်။

“ကျွန်တော်တို့ စိတ်ပျက်မိပါတယ်။ ပွဲကစားကတည်းက ကျွန်တော်တို့ ခက်ခဲတော့မယ်ဆိုတာကို သိခဲ့ပြီး သူတို့က ဖိုင်နယ်လိုကစားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ သူတို့က ခံစစ်ကိုသာပိတ်ဆော့ခဲ့ပြီး ကျွန်တော်တို့ တိုက်ပွဲဝင်ခဲ့သလို ပရိသတ်တွေကလည်း ကျွန်တော်တို့နောက်မှာ ရှိခဲ့ပါတယ်။ ရလဒ်မကောင်းခဲ့တဲ့အတွက် စိတ်ပျက်မိပါတယ်။ ကျွန်တော်တို့ အမှားအနည်းငယ်လေးတွေကနေ ဂိုးတွေပေးခဲ့ရသလို တစ်ဦးချင်းအမှားတွေကနေ ပေးဂိုးမရှိအောင် မလုပ်နိုင်ခဲ့ပါဘူး။ ဒါက ဘောလုံးပါ။ ကျွန်တော်တို့ ဆက်သွားမယ်ဆိုရင် ဒီအခြေအနေဆိုးကနေ ရုန်းထွက်နိုင်မှာပါ”လို့ လိုတပ်ဖ်ချိက ပြောကြားခဲ့ပါတယ်။

လိုတပ်ဖ်ချိက အသင်းအနေနဲ့ အဆင့်အတန်းတစ်ခုကို အိမ်ကွင်းမှာ ပြန်လည်မြှင့်တင်ဖို့ လိုအပ်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ တစ်ဦးချင်းအမှားတွေကို ပြန်လည်ပြင်ဆင်သင့်ပါတယ်။ အသင်းတစ်သင်းအနေနဲ့ အတူတကွ ပြန်လည်နိုးထပြီး ပွဲအတွက်အသင့်ဖြစ်နေရပါမယ်။ ဒါက ဘောလုံးရဲ့အခြေခံပါ။ အဲ့တာတွေကို မသိဘူးဆိုရင် နောက်ဆုံး ၄ ပွဲကို ရုန်းကန်ရနိုင်ပါတယ်။ ချဲလ်ဆီးရဲ့အဆင့်အတန်းမျိုး မဟုတ်ပါဘူး။ အာရုံစူးစိုက်အဆင့်က မလုံလောက်ခဲ့ပါဘူူး။ ကျွန်တော်တို့ ထိပ်ဆုံး ၄ သင်းဝင်ချင်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုးစွမ်းဆောင်ရည်နဲ့ဆိုရင် အဆင်မပြေပါဘူး။ နိုင်ပွဲတွေ လိုအပ်ပြီး ကျွန်တော်တို့ အကောင်းဆုံး စွမ်းဆောင်ရည်နဲ့ တည်တည်ငြိမ်ငြိမ်ကစားသင့်ပါတယ်”လို့ အင်္ဂလန်သားက ပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #လော့ဖ်တပ်ချိခ်