ရှေ့သို့
Image

နည်းပြသစ် တန်ဟက် အနေနဲ့ ရော်နယ်ဒိုကို ယူနိုက်တက်မှာ ဆက်ထိန်းထားဖို့ ရန်းနစ် တိုက်တွန်း

8:29 AM, 3 May

ရက်ဖ် ရန်းနစ်က ယူနိုက်တက်ကို နွေရာသီမှာ တိုက်စစ်မှူး၂ဦး ခေါ်ယူဖို့ တိုက်တွန်းခဲ့သလို နည်းပြသစ် တန်ဟက်ကိုလည်း ရော်နယ်ဒိုအား အသင်းမှာ ဆက်ထိန်းထားဖို့ အကြံပေးသွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ယမန်နေ့ည ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာလည်း အကောင်းဆုံး ကစားသမားဆုရနိုင်တဲ့ စွမ်းဆောင်ရည် ပြသခဲ့ကာ ၂၄ဂိုးမြောက် ဂိုးကို သွင်းယူခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ အိမ်ကွင်းနောက်ဆုံးပွဲစဉ်အပြီး ရော်နယ်ဒိုက “ငါ မပျက်စီးသေးဘူး”လို့ ပရိသတ်တွေကိုပြောကာ လက်ပြခဲ့ပြီးနောက် ဥမင်ထဲကို ဝင်သွားခဲ့ပါတယ်။

ရန်းနစ်က “ကျွန်တော်တို့ ဒီည ကစားတဲ့ပုံစံမှာ သူ့ကြောင့် ရတဲ့ပင်နယ်တီကို ကိုယ်တိုင်ကန်သွင်းခဲ့သလို ခံစစ်ကိုလည်း ကူခဲ့ပါတယ်။ သူ ဘာကြောင့် အသင်းကို မကူနိုင်ရမှာလဲ။ ဒါပေမဲ့ နောက်ရာသီအတွက်ကတော့ တန်ဟက်နဲ့ ခရစ္စတီယာနိုကိုပဲ မေးကြည့်ရမှာပါ”“ခရစ္စတီယာနိုက အထောင်တိုက်စစ်မှူး မဟုတ်ပါဘူး။ သူ အဲ့ဒီနေရာမှာ မကစားချင်ပေမဲ့ နိုင်ငံတကာပွဲစဉ်တွေကြည့်ရင် တိုက်စစ်မှူး၂ယောက်နဲ့ ကစားတဲ့အသင်း သိပ်မရှိပါဘူး။ ကျွန်တော့်အတွက်ကတော့ ဒါက ယူနိုက်တက်ကစားသမားတွေရဲ့ အနာဂတ်နဲ့ သက်ဆိုင်မယ်လို့ ထင်ပါတယ်။ ယူနိုက်တက်က အရည်အချင်းရှိတဲ့ တိုက်စစ်မှူး၂ယောက် လိုတယ်ဆိုတာ သိသာပါတယ်”

“မော်ဒန်တိုက်စစ်မှူတွေက တိုက်စစ်မှူးဖြစ်ဖို့ မလိုပါဘူး။ လီဗာပူးနဲ့ မန်စီးတီးဆို ထိပ်တန်း တိုက်စစ်မှူး ၅ယောက်၊ ၆ယောက်လောက် ရှိပါတယ်။ ဂျီးဆပ်စ်၊ ဂရီးလစ်ချ်တို့က တောင်ပံမှာ ကစားတယ်ဆိုပေမဲ့ တိုက်စစ်မှူးအဖြစ်လည်း ကစားနိုင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရော်နယ်ဒို #အဲရစ်တန်ဟက် #ရန်းနစ်