ရှေ့သို့
Image

မက်ဆီဟာ မာရာဒိုနာနဲ့ အဆင့်တူအနေအထားမှာ ရှိတယ်လို့ ပိုချက်တီနို ပြောကြား

11:49 AM, 2 May

လီယွန်နယ်မက်ဆီဟာ မာရာဒိုနာနဲ့အဆင့်တူအနေအထားမှာ ရှိနေတယ်လို့ ပီအက်စ်ဂျီအသင်းနည်းပြ ပိုချက်တီနိုက ထောက်ခံပြောကြားလိုက်ပါတယ်။

မက်ဆီဟာ ဘာစီလိုာမှာ ၁၇ နှစ်တာကာလကိုဖြတ်သန်းခဲ့ပြီး စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့သလို လာလီဂါ နဲ့ ချန်ပီယံလိဂ်ဖလားအများအပြားရယူနိုင်ခဲ့ကာ ကလပ်အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်လည်းဖြစ်လာခဲ့ပါတယ်။ သို့ပေမယ့် ပြီးခဲ့တဲ့နွေရာသီတုန်းက အသင်းနဲ့စာချုပ်သစ်အဆင်မပြေခဲ့တာကြောင့် ဘာစီလိုနာကနေ ထွက်ခွာလာခဲ့ပြီး ပီအက်စ်ဂျီကို အလွတ်နဲ့ ပြောင်းရွှေ့ခဲ့ပေမယ့် ပြင်သစ်မြေမှာ ပထမရာသီအတွင်း ဖြတ်သန်းနေရတာဖြစ်ပါတယ်။

မက်ဆီဟာ ၂၀၂၁ - ၂၂ ရာသီမှာ မက်ပီရဲ့အရိပ်အောက်မှာ ကျရောက်နေပြီး final third ဇုန်ထဲမှာ တည်ငြိမ်တဲ့စွမ်းဆောင်ရည်ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရကာ ချန်ပီယံလိဂ်မှာလည်း ရီးရဲလ်ကို အရေးနိမ့်ပြီးနောက် ပီအက်စ်ဂျီပရိသတ်တွေရဲ့မုန်းတီးခြင်းခံခဲ့ရပါတယ်။

လီဂူးဝမ်းဖလား ရယူထားနိုင်ခဲ့ပြီးဖြစ်ပေမယ့် မက်ဆီဟာ သောကြာနေ့က စထရာဘော့ဂျ်အသင်းကို ၃ ဂိုးစီသရေကျခဲ့တဲ့ပွဲမှာလည်း ဂိုးမသွင်းနိုင်ခဲ့တာဖြစ်ကာ ပိုချက်တီနိုက ၁၂ လအတွင်း မက်ဆီကို ဆုံးဖြတ်တာက မမျှတဘူးလို့ တွေးထင်နေပါတယ်။ ပီအက်စ်ဂျီနည်းပြက မက်ဆီ အာဂျင်တီးနားအိုင်ကွန် မာရာဒိုနာနဲ့ဆင်တူတယ်လို့ ခိုင်းနှိုင်းခဲ့ပါတယ်။

“ကျွန်တော်တို့ သာမန်ကစားသမားတစ်ဦးအကြောင်းပြောနေတာ မဟုတ်ပါဘူး။  မက်ဆီက မာရာဒိုနာနဲ့ တူညီတဲ့အနေအထားရှိပါတယ်။ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ပြောင်းလာတာက ကြီးမားတဲ့ပြောင်းလဲမှုပါ။ သေချာတဲ့အခြေအနေမှာ ဘာစီလိုနာမှာ သူလုပ်ပြခဲ့တာတွေက ဘယ်လိုအနေအထားရှိလဲဆိုတာကို သိနိုင်ပါတယ်။  အခုက တစ်နှစ်တာသင်ယူခြင်းပါပဲ။ လိဂ်အသစ် ၊ အသင်းဖော်အသစ်တွေနဲ့ အထိုင်ကျဖို့ဆိုတာ  အချိန်ယူရပါမယ်။ ဘယ်လိုကစားသမားမျိုးဖြစ်ဖြစ် ထိခိုက်မှုရှိမယ်ဆိုတာ သေချာပါတယ်”လို့ ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။

မက်ဆီဟာ ကိုပါအမေရိကဖလားပွဲအပြီးမှာ ကြံ့ခိုင်မှုပြည့်ဝဖို့ တည်ဆောက်ခဲ့ရကာ ပီအက်စ်ဂျီရဲ့ ပွဲအနည်းငယ်လောက် လွဲချော်ခဲ့သေးတာဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းခေါင်းဆောင်ဟောင်းဟာ ပီအက်စ်ဂျီ အတွက် ပြိုင်ပွဲစုံ ၃၁ ပွဲအထိ ပါဝင်ကစားပေးခဲ့ပေမယ့် ၉ ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပေမယ့် အသင်းဖော်တွေကို ၁၃ ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့ကာ လက်ကျန် ၃ ပွဲကစားဖို့ ကျန်ရှိနေပါတယ်။

#မာရာဒိုနာ #ပီအက်စ်ဂျီ #မက်ဆီ #လီဂူးဝမ်း #ပိုချက်တီနို