ရှေ့သို့
Image

အာဆင်နယ် အသင်းခေါင်းဆောင် လက်ပတ်ကို နောက်တစ်ကြိမ်ရယူဖို့ အသင့်ဖြစ်နေတဲ့ ဇာခါ

11:42 AM, 2 May

အာဆင်နယ်အသင်းကွင်းလယ်လူ ဇာခါဟာ ၂၀၁၉ တုန်းက အသင်းပရိသတ်တွေနဲ့ ပြဿနာဖြစ်ခဲ့ပြီး အသင်းခေါင်းဆောင်နေရာကနေ ဖယ်ရှားခံခဲ့ရပြီးနောက် အခုချိန်မှာ အသင်းခေါင်းဆောင် နေရာအတွက် နောက်တစ်ကြိမ်ရယူဖို့ အသင့်ဖြစ်နေပါတယ်။

အသက် ၂၉ နှစ်သားဟာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ပွဲမှာ လူစားလဲခံရချိန် အသင်းပရိသတ်တွေနဲ့ ပြဿနာတက်ခဲ့ပြီးနောက် အာဆင်နယ်မှာ အနာဂတ်မသေချာခဲ့တာဖြစ်ပါတယ်။ သူ့ကို ရိုးမားအသင်းက အသည်းအသန်ချိတ်ဆက်ခဲ့ပေမယ့် အာတီတာနဲ့စကားပြောပြီးမှာတော့ အသင်းမှာ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။ အခုလက်ရှိအချိန်မှာလည်း အသင်းခေါင်းဆောင် အူဘာမီယန်းနေရာက လစ်လပ်နေပြီး ဇာခါက နောက်တစ်ကြိမ်ပြန်လည်ရေပန်းစားလာပါတယ်။

ဇာခါနည်းတူ လာကာဇက်တီ ၊ အိုဒီဂတ်တို့ကလည်း အသင်းခေါင်းဆောင်နေရာကို ရယူနိုင်ဖွယ်ရှိနေကာ “ကျွန်တော် အသင့်ဖြစ်နေဘူးလို့ ဘယ်တော့မှာ မပြောပါဘူး။ အသင်းခေါင်းဆောင်လက်ပတ်မရှိပဲ အာဆင်နယ်အသင်းခေါင်းဆောင်ဖြစ်နိုင်ပါတယ်။ ကျွန်တော်က ပွဲကိုဦးဆောင်နိုင်ဖို့ ကြိုးစားသလို ကစားသမားတွေကိုလည်း လက်ပတ်မရှိပဲ ဦးဆောင်နိုင်ဖို့ ကြိုးစားပါတယ်။  ဒါပေမယ့် အသင်းကတစ်စုံတစ်ယောက် ကျွန်တော့်ကို အဲ့နေရာအတွက်ပြောလာရင်တော့ လက်ခံဖို့ အသင့်ပါပဲ။ အဲ့ကိစ္စဖြစ်တုန်းကဆို လူတွေက ကျွန်တော့်ကို အဲ့တာက မုန်းစရာမဟုတ်ဘူး”လို့ ပြောကြပါတယ်။

ဒါပေမယ့် “ကျွန်တော့်အတွက်တော့ အဲ့တာက မုန်းစရာပါ။ ဘာမုန်းစရာလဲဆိုတာ ကျွန်တော်သိပါတယ်။ ပြီးတော့ အချစ် နဲ့ အမုန်းကြားက အရာကိုလည်း သိပါတယ်။ အခုဆို လူမှုမီဒီယာကနေ ပရိသတ်တွေရဲ့အပေါင်းလက္ခဏာဆောင်တာကို ရရှိပါတယ်။ အဲ့အတွက် ကျွန်တော်အရမ်းဂုဏ်ယူပါတယ်။ ကျွန်တော့်အတွက်တော့ အဲ့တာက ပြီးပြည့်စုံတဲ့အချိန်ပါ။ လူတွေက သူတို့အမြင်ကို ပြောင်းလဲမှာမဟုတ်ပါဘူး။ ဒါပေမယ့် အဲ့တာက အဆင်ပြေပါတယ်။ အရေးအကြီးဆုံးက ကျွန်တော်ဘယ်လိုခံစားနေရလဲဆိုတာပါပဲ”လို့ ဇာခါက ပြောကြားခဲ့ပါတယ်။

ဇာခါဟာ ဒီရာသီအာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၂၅ ပွဲပါဝင်ကစားထားကာ အချက်အလက်အရ အသင်းအတွက် ပွဲ ၂၅၀ ပြည့်တော့မှာဖြစ်ပါတယ်။ အာဆင်နယ် နဲ့ သူ့ရဲ့စာချုပ်သက်တမ်းက ၂၀၂၄ မှာ ကုန်ဆုံးမှာဖြစ်ကာ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့မယ်ဆိုရင် ဇာခါတစ်ယောက် အသင်းမှာ ဆက်ရှိနိုင်ဖွယ်ရှိနေပါတယ်။

“ကျွန်တော် အကောင်းဆုံးတွေနဲ့ရင်ဆိုင်ကစားချင်ပြီး အောင်မြင်မှုရယူချင်ပါတယ်။ အဓိကအချက်က ကျွန်တော်တို့ အတူတကွပေါင်းစပ်ပြီး ယုံကြည်ချက်ထားဖို့ပါ။  ကျွန်တော်တို့ အတူတကွရှိနေတယ်ဆိုရင် အဲ့တာက အမြဲတမ်းလွယ်ကူစေပါတယ်။ ဒါပေမယ့် ရှုံးနိမ့်နေချိန်မှာ အဲ့တာက အရမ်းခက်ပါတယ်။  ကျွန်တော့်ကိုယ် ကျွန်တော် အရမ်းဂုဏ်ယူမိတယ်လို့ ခံစားရပါတယ်။ ပြီးတော့ အသင်းတစ်သင်း အနေနဲ့ရှိနေတယ်လို့ ခံစားရပါတယ်။ လေးစားမှုအများကြီး နဲ့ ကျွန်တော်တို့အတူတကွရယ်မောပြီး အတူတကွစိတ်ပျက်ကြပါတယ်။ အဲ့တာက အလုပ်ရဲ့ အစိတ်အပိုင်းပါ။ ဒါပေမယ့် ယေဘုယျတော့ ကျွန်တော်တို့အရမ်းပျော်ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံး အဆင့်မှာ ရပ်တည်နိုင်ဖို့အတွက် အလုပ်ကောင်းကောင်းလုပ်ဖို့ လိုအပ်ပါတယ်။ အခွင့်အရေးက ကျွန်တော်တို့ လက်ထဲမှာပါ”လို့ ဇာခါက ထပ်လောင်းပြောကြားခဲ့ပါတယ်။

#အာတီတာ #အာဆင်နယ် #ဇာခါ