ရှေ့သို့
Image

ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပေမယ့် ဂျူဗင်တပ်စ်အတွက် အပေါင်းလက္ခဏာဆောင်နိုင်ဖို့ ပြင်ဆင်နေတဲ့ အယ်လီဂရီ

11:30 AM, 2 May

ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီက အသက် ၁၈ နှစ်သား ဖေဘီယိုမီရက်တီရဲ့ ဗင်နီဇီယာနဲ့ပွဲဦးထွက်ခြေစွမ်းကို ချီးကျူးခဲ့ပြီး ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပေမယ့် အပေါင်းလက္ခဏာဆောင်နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။

ဗင်နီဇီယာကို ခက်ခက်ခဲခဲအနိုင်ရရှိပြီးနောက် ဂျူဗင်တပ်စ်အသင်းဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ သေချာသလောက်ဖြစ်လာခဲ့ပါတယ်။ ဂျူဗင်တပ်စ်အတွက် ဦးဆောင်ဂိုးကို နောက်ခံလူ ဘိုနူချီက ပွဲကစားချိန် ၇ မိနစ်မှာ စတင်သွင်းယူပေးခဲ့ပါတယ်။

“တကယ်ကို အစကောင်းခဲ့သလို ဂိုးပေါက်တည့်ကန်ချက်တွေရရှိခဲ့ပြီး ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ အဲ့နောက် ကျွန်တော်တို့ အတွင်းထဲရောက်ခဲ့သလို နောက်ထပ်ဂိုးထပ်ရဖို့လည်း အခွင့်အရေးဖန်တီးနိုင်ခဲ့ပါတယ်။ ပထမပိုင်းအပြီးမှာ ဗင်နီဇီယာက အကောင်းဆုံးပြန်လာနိုင်ခဲ့သလို ကံကောင်းစွာနဲ့ ဒုတိယဂိုးထပ်မံရရှိခဲ့ပါတယ်။ နည်းစနစ်အကြောင်းပြောမယ်ဆိုရင် ကျွန်တော်တို့ ပိုကောင်းအောင်လုပ်နိုင်ခဲ့ပြီး အချက်အလက်တွေအရ ၃ လအတွင်းပွဲတိုင်းကစားရတာကြောင့် တူညီတဲ့အနေအထားတော့ မဟုတ်ခဲ့ပါဘူး။ အခုတော့ကျွန်တော်တို့ ရလဒ်ကောင်းရယူနိုင်ခဲ့ပါတယ်”လို့ အယ်လီဂရီက ပြောကြားခဲ့ပါတယ်။

မီရက်တီကလည်း အသက် ၁၈ နှစ်သာရှိသေးပေမယ့် စီနီယာအသင်းအတွက် ပွဲဦးထွက်မှာ ခြေစွမ်းကောင်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။

“ဖေဘီယိုမှာ ပွဲကောင်းတစ်ပွဲရှိခဲ့ပါတယ်။  သူဘောလုံးဘယ်လိုကစားလဲဆိုတာ သိပါတယ်။ အဲ့တာက သူ့အတွက် လွယ်ကူစေတာပါ။ သူက တိုက်စစ်ကိုပေးပို့နိုင်ဖို့ အမြဲတမ်းကြိုးစားပါတယ်။ ပြီးတော့ သူက တကယ်ကောင်းတဲ့စရိုက်လက္ခဏာနဲ့ ကစားတာပါ။ ဒီနေ့ပွဲစွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ကျွန်တော် ကျေနပ်ပါတယ်။ ဂျူဗင်တပ်စ်အကယ်ဒမီက သူ့လိုကစားသမားမျိုးကို ပျိုးထောင်ပေးဖို့ ကျေးဇူးတင်ပါတယ်။ လူကယ်အသင်းကနေ ဒီလိုကစားသမားမျိုးတွေ ပြုလုပ်ပေးနိုင်တာက တကယ့်ရွှေပါပဲ။ အချက်အလက်အရ ကျွန်တော် မီလန်ကိုမြင်ပြီး အဲ့နောက် ဂျူဗင်တပ်ကို မြင်ပါတယ်။ ဒီရာသီအခြားလူငယ်ကစားသမားတွေပေါ်ထွက်လာဦးမလားဆိုတာ မသိသေးပါဘူး။ ဒါပေမယ့် ဒီလိုအသက်အရွယ်မျိုးမှာ ဒါကိုမြင်ရတာက သာမန်ပါပဲ။ သူတို့က ချန်ပီယံလေးတွေပါ။ အခြားကစားသမားတွေကိုလည်း မြင်ကောင်းမြင်ရနိုင်ပါတယ်။ အခြားလူငယ်ကစားသမားတွေက ဘောလုံးကို စိတ်အေးအေးထားကစားသင့်ပါတယ်။ ဒါပေမယ့် မီရက်တီမှာက အဲ့တာမြင်ရပြီးသားပါ”လို့ အယ်လီဂရီက ပြောကြားခဲ့ပါတယ်။

အယ်လီဂရီက သူဟာ ဒီရာသီစီးရီးအေ ဆုဖလားကို စိန်မခေါ်နိုင်တဲ့အတွက် စိတ်ပျက်မိတယ်လို့ ဆိုပါတယ်။ “ရော်နယ်ဒိုထွက်ခွာသွားတာက ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အဓိကကစားသမားတွေကို ဒဏ်ရာပြဿနာကြောင့် လက်လွှတ်ခဲ့ရပါတယ်။ အဲ့တာက တော်တော်ဆိုးပါတယ်။ ပွဲအပြီးမာ ကျွန်တော်တို့ အဲ့အဆင့်မျိုးမှာရှိနေတယ်ဆိုရင် မဆိုးပါဘူး။ ဗီလာရီးရဲလ်ကိုသာ အနိုင်ရရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်မှာပါ။ အခုတော့ ဒီရာသီချန်ပီယံလိဂ်ဝင်ခွင့်ရယူနိုင်ဖို့ပဲ ပြင်ဆင်သွားမှာပါ”လို့ အယ်လီဂရီက ထပ်လောင်းပြောကြားခဲ့ပါတယ်

#စီးရီးအေ #ဂျူဗင်တပ်စ် #ဗင်နီဇီယာ #အယ်လီဂရီ