ရှေ့သို့
Image

ကိုင်ဟားဗက်ဇ်ကို အဝါကတ် ထိစေလောက်အောင် ပြောင်မြောက်ခဲ့တဲ့ ယယ်ရီမီနာရဲ့ ပြကွက်ဆန်း

10:16 AM, 2 May

အဲဗာတန် နောက်ခံလူ ယယ်ရီမီနာသည် ချဲလ်ဆီးအား အနိုင်ရရှိခဲ့သော ပွဲစဉ်တွင် ပြိုင်ဘက်ရှေ့တန်းလူ ကိုင်ဟားဗက်ဇ်ကို အဝါကတ်ထိစေလောက်အောင် ပြောင်မြောက်တဲ့ ပြကွက်ဆန်းကို ထုတ်ပြခဲ့ပြီး ဘောလုံးအားကစား၏ ညစ်ပတ်မှုအပိုင်းတွင် ဆရာတစ်ဆူအဖြစ် ဂုဏ်မြှင့်တင်ခဲ့သည်။

ရစ်ချာလီဆန်၏ ဒုတိယပိုင်းသွင်းဂိုးနဲ့ ဂွတ်ဒီဆင်ပါ့ခ်မှာ သုံးမှတ်အပြည့်ယူနိုင်ခဲ့သော ချဲလ်ဆီးနှင့် ပွဲစဉ်တွင် အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်၏ လက်စွမ်းမှာလည်း အသိအမှတ်ပြုရမည်ဖြစ်သည်။ ယခုပွဲစဉ်ကို ဖေဖော်ဝါရီလဆန်းပိုင်းကတည်း အဲဗာတန်အတွက် ပွဲထွက်ခွင့်မရခဲ့သော ကိုလံဘီယာလက်ရွေးစင် ယယ်ရီမီနာလည်း ပါဝင်ကစားခဲ့သည်။

ပွဲချိန်နှောင်းပိုင်းအရောက် အဲဗာတန်ဂိုးဧရိယာအတွင်း ဘောလုံးဖမ်းမိခဲ့သော ပစ်ဖို့ဒ်အား ချဲလ်ဆီးရှေ့တန်းလူက ခြေထောက်ဖြင့် ကန်မိသလိုဖြစ်ခဲ့ပြီးနောက် ယယ်ရီမီနာနှင့် ကိုင်ဟားဗက်ဇ်တို့ အချင်းများခဲ့ကြသည်။ ကိုင်းဟာဗက်ဇ်၏ လုပ်ရပ်အတွက် ယာရီမီနာက ဂျာမနီလက်ရွေးစင်ကို စိန်ခေါ်ခဲ့ပြီး ခြောက်လှန့်ဖို့ ကြိုးစားခဲ့သည်။

ထို့နောက် ကိုင်းဟားဗက်ဇ်က မီနာကို ပြန်တွန်းခဲ့ရာ မီနာတစ်ယောက် ကွင်းပြင်ပေါ်သို့ ဟန်မူပိုစွာ ဟပ်ထိုးလဲကျသွားခဲ့သည်။ ကွင်းလယ်ဒိုင်က အခြေအနေကို ထိန်းသိမ်းနိုင်ရန် ကိုင်းဟားဗက်ဇ်အား အဝါကတ်ပြသခဲ့ပေမယ့် မီနာကိုမူ မည်သည့်ပြစ်ဒဏ်မှ မချမှတ်ခဲ့ပေ။ ယခုဖြစ်စဉ်မှတ်တမ်းဗီဒီယိုတစ်ခု Twitter လူမှုကွန်ရက်တွင် ပျံ့နှံ့လာခဲ့ပြီးနောက် အဲဗာတန်ပရိသတ်များမှာ မီနာ၏ အပြုအမှုအတွက် ဟာသဖြစ်နေခဲ့သလို ကြိုက်နှစ်သက်ကြောင်း ပြောဆိုခဲ့သည်။

ပရိသတ်တစ်ယောက်က “ လက်သီးပုန်းထိုးတဲ့နေရာမှာတော့ သူက နောက်တဆင့်ရောက်သွားပြီ။ ဒီအတွက် သူ့ကို အရမ်းချစ်သွားပြီ”ဟု Twitter တွင် ရေးသားခဲ့သည်။

လက်ရှိအချိန်တွင် အဲဗာတန်သည် အမှတ်ပေးဇယားအဆင့် ၁၈ နေရာတွင် ရပ်တည်နေသော်လည်း တန်းဆင်းဇုန်အထက်ရှိ လိဒ်၊ ဘန်လေတို့နှင့် ရမှတ်ကွာဟမှုကို နှစ်မှတ်အထိ လျှော့ချနိုင်ခဲ့သည်။ ဖရန့်လမ်းပတ်၏ အသင်းသည် လာမယ့်သီတင်းပတ်တွင် ကင်းပါဝါကွင်း၌ လက်စတာနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

#မီနာ #ချဲလ်ဆီး #အဲဗာတန်