မိန့်ဇ်နဲ့ပွဲစဉ်မှာ ချန်ပီယံဖြစ်ပြီးသား ဘိုင်ယန်မြူးနစ်က အလျော့ပေးခဲ့တယ်လို့ စွပ်စွဲခံနေရ
11:05 AM, 1 May
ဟာသာဘာလင်နည်းပြ ဖီးလစ် မာဂတ်ဟာ ယမန်နေ့ည မိန့်ဇ်က ဘိုင်ယန်မြူးနစ်ကို ၃-၁ဂိုးနဲ့ အနိုင်ရခဲ့ပြီးနော်က ပေါက်ကွဲလျက် ရှိနေပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ပြီးခဲ့တဲ့အပတ် ဒေါ့မွန်ကို အနိုင်ရခဲ့ပြီးနောက် ဘွန်ဒက်စ်လီဂါဆုဖလားကို ဆွတ်ခူးခဲပြီး ယမန်နေ့ညကတော့ ဖေဖော်ဝါရီလနောက်ပိုင်း ပထမဆုံး လိဂ်ရှုံးပွဲနဲ့ ကြုံခဲရပါတယ်။
ယခုအချိန်မှာတော့ မာဂတ်တစ်ယောက် တန်းဆင်းဇုန်ပြိုင်ဘက် စတုဂတ်ကို လာမယ့်အပတ် ဘိုင်ယန်မြူးနစ်က အလျော့ပေး ကစားသွားနိုင်တဲ့အပေါ် စိတ်ပူလျက် ရှိနေပါတယ်။
မာဂတ်က “စတုဂတ်၊ ဘီလ်ဖီးလ်နဲ့ ကျွန်တော်တို့အသင်းကြား အရေးပါတဲ့ အခြေအနေကို ရောက်နေပါပြီ။ အဲ့ဒါကို ဘယ်လို ပြောရမလဲမသိဘူး။ ဘိုင်ယန်က ချန်ပီယံဖြစ်သွားပြီဗျာ။ သူတို့ လက်ကျန်ပွဲတွေကို ကောင်းကောင်း ဆက်ကစားပါ့မလားဆိုတာ ကျွန်တော် မသိပါဘူး”
“ကျွန်တော် ရလဒ်ပဲ မြင်လိုက်ပါတယ်။ အဲ့ဒီရလဒ်ကြီး ဘယ်လို ဖြစ်သွားလဲကျွန်တော် မသိပါဘူး။ ဒါပေမဲ့ အဲ့ဒီရလဒ်က အဆင်မပြေပါဘူး။ အသင်းတိုင်းအတွက် နောက်ဆုံးရက်ထိ ပွဲတွေ ဆက်ကစာရမှာ ဖြစ်ပြီး အသင်း၁သင်းက ရည်မှန်းချက်ပြည့်သွားလို့ ဆက်မကစားတော့ဘူးဆိုတာမျိုး ပြောလို့ရတာလဲ မသိပါဘူး။ အဲ့ဒါက ဘွန်ဒက်စ်လီဂါ ဒါမှမဟုတ် အခြားပြိုင်ပွဲတွေအတွက် မဖြစ်သင့်ပါဘူး”လို့ ပြောခဲ့ပါတယ်။
ဂရူသာဖတ်တို့ တန်းဆင်းသွားပြီးနောက် လက်ကျန် ၂နေရာအတွက် ၃သင်း ပြိုင်ဆိုင်လျက် ရှိနေပါတယ်။
ဘီလ်ဖီးလ်က လက်ရှိ တိုက်ရိုက် တန်းဆင်းရမယ့် ဒုတိယနေရာမှာ ရှိနေပြီး စတုဂတ်နဲ့ ၂မှတ်ကွာနေကာ ပလေးအော့ဖ် ကစားရမယ့်နေရာက ဟာသာဘာလင်နဲ့ ၆မှတ်ကွာနေပါတယ်။