ရှေ့သို့
Image

ယူနိုက်တက် အနေနဲ့ ရော်နယ်ဒိုအပေါ် မှီခိုနေရတယ်လို့ ရန်းနစ် ဝန်ခံ

2:17 PM, 30 April

မန်ချက်စတာယူနိုက်တက်ဟာ ယခုရာသီမှာ အသင်းရဲ့ ရလဒ်ပိုင်းအတွက် ရော်နယ်ဒိုကိုမှီခိုနေရပါတယ်။ ထိုအချက်ကို လက်ရှိယာယီနည်းပြ ရန်းနစ်က ဝန်ခံလိုက်ပါတယ်။ သို့သော်လဲ ရော်နယ်ဒိုဟာ အသင်းမှာ နောက်ရာသီဆက်ရှိမလားတိုတာ မသေချာဘူးလို့ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ကြားရက်မှာ ကစားခဲ့တဲ့ ချဲလ်ဆီးအသင်းနဲ့ ပွဲမှာလဲ အသင်းအတွက် ချေပဂိုးကို ရော်နယ်ဒိုက သွင်းယူပေးခဲ့ပြီး အသင်းရှုံးပွဲမကြုံရအောင် ကူညီခဲ့ပါတယ်။ ရော်နယ်ဒိုအနေနဲ့ ယူနိုက်တက်အသင်းမှာ နောက်ရာသီ ကစားဖို့ မသေချာဖြစ်နေသလို နည်းပြရန်းနစ်ကလဲ ထိုအချက်နဲ့ ပတ်သက်လို့ တိတိကျကျ အာမခံချက် မပေးနိုင်ဖြစ်နေပါတယ်။

ချဲလ်ဆီးအသင်းနဲ့ပွဲအပြီးမှာ ယူနိုက်တက်အသင်းဟာ ရော်နယ်ဒိုကို မှီခိုနေရသလားဆိုတဲ့ ‌မေးခွန်းကို
"ကျွန်တော်တို့ ဝက်စ်ဟမ်းနဲ့ ပွဲကစပြီး မပါဝင်နိုင်ခဲ့တဲ့ ကစားသမားစာရင်းကို ပြန်ကြည့်ကြည့်ပါ။ ကျွန်တော်တို့တိုက်စစ်မှာ ကစားသမားအားလုံးပ့ဝင်ပါတယ် ။အရန်ဆိုလို့ မာတာတစ်ယောက်ပဲ ရှိခဲ့တာပါ"
လို့ ရန်းနစ်က ဆိုပါတယ်။

ရော်နယ်ဒိုကတော့ ယူနိုက်တက်အသင်းအတွက် စုစုပေါင်း ၂၃ ဂိုးသွင်းယူပေးထားပြီး အသင်းရဲ့ တခြားသော ကစားသမားအားလုံးထက် နှစ်ဆ ကျော်သွင်းယူပေးထားတာပါ။ ဒုတိယဂိုးသွင်းအများဆုံးက ဖာနန်ဒကစ် ဖြစ်ပြီး သွင်းဂိုး ၉ ဂိုးသွင်းယူပေးထားပါတယ်။ ရန်းနစ်ကတော့ အသင်းကစားသမားတွေဘက်က ကာကွယ်ပြောခဲ့ပါတယ်။

"ကျွန်တော်တို့ ကစားသမားတွေအပေါ်မှာ မျှတဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့မှာ ဂိုးသွင်းယူပေးနေတဲ့ တချို့သော ကစားသမားတွေရှိပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ယူနိုက်တက်အစပထမဆုံး ၁၀ ပွဲမှာ ဂိုးသွင်းယူထားခဲ့တဲ့ ကစားသမား ၁၀ ‌ယောက်ရှိခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ ဂိုးသွင်းယူဖို့ အခွင့်အ‌လမ်းတွေ ဖန်တီးပေးနိုင်တယ်ဆိုတာရယ် အသင်းအတွက် သွင်းဂိုးယူပေးနိုင်တဲ့ ကစားသမား ဘယ်လောက်ရှိတယ်ဆိုတာရယ်ကို ပြသတာပါ"

"ကျွန်တော်တို့ ကစားသမားတစ်ယောက်ကို ချဲလ်ဆီး ကစားသမားတစ်ယောက် ၊ ချဲလ်ဆီး အရန်ကစားသမားတစ်ယောက်နဲ့ နှိုင်းယှဉ်ပြောတာက ဆင်ခြေပေးတာမဟုတ်ပါဘူး ရှင်းပြတာပါ"
"ဟုတ်ပါတယ် အခုအချိန်မှာတော့ ကျွန်တော်တို့ဟာ ရော်နယ်ဒိုအပေါ် မီခိုနေပါတယ်။ သူကလဲ ချဲလ်ဆီးအသင်းဘောလုံးပိုင်ဆိုင်ထားချိန်မှာတောင် စွမ်းဆောင်ရည်ကောင်းပြထားနိုင်ခဲ့ပါတယ်။ အသင်းအတွက် တိုက်သစ်ကစားသမားခေါ်ယူနိုင်ဖို့ကိုလဲ အာရုံစိုက်နေပါတယ်"

ရန်းနစ်ဟာ နောက်ရာသီမှာ ယူနိုက်တက်အတွက် နည်းပြရာထူးအဖြစ်အလုပ်လုပ်တော့မှာမဟုတ်ပဲ အကြံပေးရာထူးကို ကူးပြောင်းထမ်းဆောင်မှာ ဖြစ်ပါတယ်။ သူဟာ ဩစတီးယား အမျိုးသားအသင်းကို နည်းပြအဖြစ်ပူးတွဲဆောင်ရွက်ဖို့လဲ ရှိပါတယ်။ ရန်းနစ်နေရာကို အေဂျက်အသင်းနည်းပြ တန်ဟတ်က တာဝန်ယူမှာ ဖြစ်ပြီး ရော်နယ်ဒိုရဲ့ အနာဂတ်ကလဲ ယူနိုက်တက်မှာ မသေချာဖြစ်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့လဲ ရန်းနစ်က အတိအကျမပြောနိုင်ပဲ နောက်လာမယ့် နည်းပြက အဓိက ဆုံးဖြတ်ပါလိမ့်မယ်လို့ ဆိုထားပါတယ်။

"ဒါက နောက်လာမယ့် နည်းပြ တန်ဟတ်နဲ့ ဘုတ်အဖွဲ့နဲ့ ကျွန်တော်နဲ့ တိုင်ပင်ကြရမယ့် ကိစ္စတစ်ရပ်ဖြစ်ပါတယ်။ ရော်နယ်ဒိုက အသင်းနဲ့ စာချုပ်သက်တမ်းတစ်နှစ် ကျန်ပါသေးတယ်။ သူအသင်းမှာဆက်နေမယ်ဆိုရင် သူဘာအလိုရှိသလဲဆိုတာကို ရှာဖွေသွားပါမယ်။ နောက်ပြီး ဒီကိစ္စကို တန်ဟတ်နဲ့ ကျွန်တော် မပြောရသေးပါဘူး ခုချိန်မှာ ဒီကိစ္စပြောတယ်ဆိုတာကလဲ အဓိပ္ပါယ်မရှိဘူးလေ"လို့ ရန်းနစ်က ဆိုပါတယ်။

မရေရာမှုတွေ များပြားနေသော်လည်းပဲ ချဲလ်ဆီးအသင်းနဲ့ပွဲမှာရော်နယ်ဒိုဟာ အဖိုးတန်ချေပဂိုး သွင်းယူပေးခဲ့ပြီး ယူနိုက်ကို ရှုံးပွဲမကြုံရလေအောင်နဲ့ ချန်ပီယံလိဂ် ဝင်ခွင့်မျှော်လင့်ချက် အသက်ဆက်နိုင်အောင် ကြိုးစားပေးထားပါတယ်။

"ဒီည အိုးထရက်ဖို့မှာ အားပေးကြတာတွေအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အသင်း ပရိသတ်တွေဟာ ကျွန်တော်တို့အသင်းကို အမြဲ အကူအညီဖြစ်အောင် အားပေးကြတာက အံ့ဩစရာကောင်းလောက်အောင်ပါပဲ "လို့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရော်နယ်ဒို #ရန်းနစ်