ရှေ့သို့
Image

နည်းစနစ်ပိုင်းကြောင့်သာ ဂရီးလစ်ရှ် မပါဝင်နိုင်‌ခြင်းဖြစ်ကြောင်း ဂွာဒီယိုလာဆို

12:59 PM, 30 April

လတ်တလောမှာ မာရက်ဇ်နဲ့ ဖိုဒန်ကို ဖယ်ထား၍မရသော နည်းစနစ်ပိုင်းကြောင့် ဂရီးလစ်ရှ်ကို ပွဲအစပိုင်းမှာ ထည့်မထားခြင်းဖြစ်ကြောင်း မန်စီးတီးနည်းပြ ဂွာဒီယိုလာကဆိုပါတယ်။

အဆိုပါကစားသမားဟာ ပြီးခဲ့တဲ့နှစ်နွေရာသီက အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးသန်း ၁၀၀ နဲ့ အက်စတွန်ဗီလာကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဒီရာသီမှာ ခြေစွမ်းမပြနိုင်ဖြစ်နေခဲ့တာဖြစ်ကာ လိဂ်ဂိုး ၂ ဂိုးသွင်း၊ ၂ ဂိုးဖန်တီးသာပြုလုပ်ထားနိုင်ခဲ့ပါတယ်။

အဆိုပါအင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ပရီးမီးယားလိဂ်မှာ လိုက်လျောညီထွေဖြစ်အောင်လုပ်နေရတာဖြစ်သလို ခြေစွမ်းပြဖို့ ရုန်းကန်နေရတာဖြစ်ပေမဲ့ အဆိုပါကစားသမားဟာ အသင်းကိုကြီးမားတဲ့သက်ရောက်မှုရှိစေနိုင်တယ်လို့ ဂွာဒီယိုလာကပြောကြာပြီး မာရက်ဇ်နဲ့ ဖိုဒန်ကတော့ အသင်းကိုဂိုးအခွင့်အရေးရအောင် ပိုမိုဖန်တီးပေးနိုင်တယ်လို့ဆိုပါတယ်။

လိဒ်ယူနိုက်တက်နဲ့ကန်မယ့်ပွဲမသွားခင်မှာ ဂွာဒီယိုလာက “သူက အသင်းအတွက်ကြီးမားတဲ့ သက်ရောက်မှုပေးနိုင်ပါတယ်။ မာရက်ဇ်နဲ့ ကျွန်တော်တို့ကြားက အခြေအနေတွေ အချိန်အကြာကြီးထိအောင် လုံးဝမပြောင်းလဲဘူးဆိုတာက သူက တကယ့်အရေးကြီးပွဲတွေမှာ မတူထူးခြား‌တာတွေလုပ်ပြနိုင်လို့ပါ။ ဖိုဒန်ကကျတော့ အရမ်းဆုံးဖြတ်ချက်ပြတ်သားပြီး တိကျတာပေါ့။ အမြဲတမ်း ပွဲတစ်ပွဲပေါ်မှာ သူ့ရဲ့ လွှမ်းမိုးနိုင်စွမ်းက ကြီးလို့ပါ။ အဲအတွက်ကြောင့်ပါ” လို့ ဆိုပါတယ်။

စတာလင်ဟာလည်း ပွဲကစားခွင့်ရဖို့အတွက်ရုန်းကန်နေရတဲ့ နောက်ထပ်ကစားသမားတစ်ဦးဖြစ်ပြီး ဂွာဒီယိုလာကတော့ သူရော ဂရီးလစ်ရှ်ရောဟာ မကောင်းတဲ့ကစားသမားတွေမဟုတ်ဘဲ တစ်ချို့အခြေအနေတွေမှာ သူ့အတွက် ပေးစွမ်းနိုင်တာတွေရှိတယ်လို့ဆိုပါတယ်။

“အများအားဖြင့် အသုံးပြုတဲ့ နည်းစပိုင်းကြောင့်ပါ။ သူတို့ကို သဘောမကျလို့၊ သူတို့ကစားတာမကောင်းလို့ မဟုတ်ပါဘူး။ နည်းစနစ်ပိုင်းအရပါ” လို့ သူကဆိုပါတယ်။

ဂရီးလစ်ရှ်ဟာ ဒီရာသီမှာ ၁၉ ပွဲကစားခဲ့ပြီးပြီဖြစ်ပေမဲ့ အရင်ရာသီ အက်စတွန်ဗီလာမှာလောက်တော့ ခြေစွမ်းမပြနိုင်ဘူးဖြစ်နေပါတယ်။  သူဟာ အက်စတွန်ဗီလာမှာတုန်းက ပြိုင်ပွဲစုံမှာ ၇ ဂိုးသွင်း၊ ၁၀ ဂိုးကူညီနိုင်ခဲ့ပေမဲ့ မန်စီးတီးအတွက်တော့ ၅ ဂိုးသွင်း၊ ၃ ဂိုးကူညီသာ လုပ်နိုင်ခဲ့ပါတယ်။ #မန်စီးတီး #ဂွါဒီယိုလာ #ဂရီးလစ်ချ်