ရှေ့သို့
Image

ဘရန်ဒန်ရော်ဂျာက ပေါ်တူဂီဝိုင်ပုလင်း လက်ဆောင်ပေးခဲ့တယ်လို့ မော်ရင်ဟို ထုတ်ဖော်ပြောကြား

12:18 PM, 30 April

ရိုးမားအသင်းနည်းပြ မော်ရင်ဟိုက ဘရန်ဒန်ရော်ဂျာဟာ ရိုးမား ၁ - ၁ လက်စတာပွဲအပြီးမှာ သူ့အတွက် အကြိုက်ဆုံး ပေါ်တူဂီဝိုင်ပုလင်းလက်ဆောင်ယူလာတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

သူတို့ ၂ ဦးဟာ မော်ရင်ဟို ချဲလ်ဆီးအသင်းကို ပထမဆုံးကိုင်တွယ်တုန်းက ရော်ဂျာက ချဲလ်ဆီးအကယ်ဒမီမှာ အလုပ်လုပ်ခဲ့တာဖြစ်ပါတယ်။ ၂ ဦးကြားမှာ အပြန်အလှန်လေးစားမှုရှိနေဆဲဖြစ်ပြီး မော်ရင်ဟိုက ပွဲကြိုသတင်းစာရှင်းပွဲမှာ ရော်ဂျာအကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“သူက ကျွန်တော့်ကို အကောင်းဆုံးပေါ်တူဂီဝိုင်ပုလင်းတစ်လုံး ဝယ်ပေးခဲ့ပါတယ်။ အနည်းငယ်ဈေးကြီးတာကြောင့် သူငိုနေပါတယ်။ ဒါပေမယ့် သူက ကျွန်တော်အကြိုက်ဆုံး ပေါ်တူဂီဝိုင်ပုလင်းပေးချင်ခဲ့တာပါ။ အဲ့ပုလင်းက ရှာရတာ အင်မတန်ခက်ပါတယ်။ သူဘယ်လိုရှာလာလဲဆိုတာ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် ဘယ်လောက်ပေးခဲ့ရလဲဆိုတာ ကျွန်တော်သိပါတယ်”လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။

လာမယ့်အပတ်မှာ ဝိုင်ပုလင်းကို သောက်မယ်လို့ ပြောကြားခဲ့ပါတယ်။ “ကျွန်တော်လာမယ့်အပတ်မှာ အဲ့တာကို သောက်ဖို့ စဉ်းစားထားပါတယ်။ ရလဒ်က ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် သူ့ကို ဒီလိုမြင်ရတာ ပျော်ပါတယ်။ သူ့ဘဝကို အကောင်းဆုံးလုပ်ပြနေတာကို ကျွန်တော်ပျော်ပါတယ်။ ကျွန်တော်တို့ အမြင်တွေ ဖလှယ်ကြပါတယ်”လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။

ရော်ဂျာကလည်း မော်ရင်ဟိုဟာ ထိပ်တန်းနည်းပြတစ်ဦးဖြစ်ပြီး အမြဲတမ်းအဲ့လိုဖြစ်နေမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“သူက ထိပ်တန်းနည်းပြတစ်ဦးပါ။ အမြဲတမ်းပါပဲ။ သူ့အသင်းက ကျွန်တော့်ကို အခက်တွေ့အောင်လုပ်နိုင်ပါတယ်။ ဒါပေမယ့် တကယ်ပျော်ရွှင်ရပါတယ်။ မှန်ပါတယ်။ ကျွန်တော်ပွဲမတိုင်ခင် သူနဲ့စကားအကြာကြီးပြောဖြစ်ပါတယ်။ သူ ဝိုင်ပုလင်းရရှိခဲ့ပြီး ပျော်နေပါတယ်”လို့ ရော်ဂျာက ပြောကြားခဲ့ပါတယ်။

ရိုးမားနဲ့ လက်စတာတို့ဟာ ကြာသပတေးနေ့မှာ နောက်တစ်ကြိမ်ထပ်မံရင်ဆိုင်ရမှာဖြစ်ပြီး နိုင်တဲ့အသင်းက ဖီယင်နု ဒါမှမဟုတ် မာဆေးလ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#စီးရီးအေ #ရိုးမား #လက်စတာ #ရော်ဂျာ #မော်ရင်ဟို