ရှေ့သို့
Image

အပြောင်းအရွှေ့မှာ ယူနိုက်တက်က မန်စီးတီး၊ လီဗာပူးနဲ့ ချဲလ်ဆီးတို့ကို မယှဉ်နိုင်ကြောင်း ရန်နစ်ဝန်ခံ

12:00 PM, 30 April

ယူနိုက်တက်ယာယီနည်းပြ ရန်နစ်က မိမိတို့အသင်းဟာ အခြားထိပ်တန်းအသင်း ၃ သင်းဖြစ်တဲ့ မန်စီးတီး ၊ လီဗာပူး နဲ့ ချဲလ်ဆီးတို့ကို လူငယ်ကစားသမားတွေခေါ်ယူချိန်မှာ ယှဉ်ပြိုင်နိုင်စွမ်းမရှိကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။

ရန်နစ်က အသင်းဟာ ကစားသမားတွေအတွက် ဆွဲဆောင်မှုရှိနေဆဲဖြစ်ပေမယ့် ပြိုက်ဘက်ထိပ်တန်း ၃ သင်းနဲ့ ယှဉ်ရင်တော့ ခက်ခဲနိုင်တယ်လို့ ဆိုခဲ့ပါတယ်။ ချဲလ်ဆီးက ပိုင်ရှင်အသစ်မတွေ့ခဲ့ရင်တော့ သူတို့က ဆွဲဆောင်မှုရှိနေဆဲဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ရုန်းကန်ရနိုင်တာကြောင့် တန်ဟက်အနေနဲ့ ကစားသမားသစ်ခေါ်ယူဖို့ အာရုံစိုက်ရဖွယ်ရှိနေပါတယ်။

“အခြားအသင်းတွေဝင်လာရင်တော့ ယူနိုက်တက်က ခက်ခဲနိုင်ပါတယ်။ အဲ့အတွက် ကစားသမားတွေကို ရှင်းပြဖို့ လိုအပ်ပါတယ်။ တန်ဟက်က အဲ့တာကြောင့် အရေးကြီးတာပါ။ ချန်ပီယံလိဂ် မကန်ရရင်တောင် အသင်းကို ပြောင်းလာဖို့အတွက် သိမ်းသွင်းနိုင်ဖို့ လိုအပ်ပါတယ်”လို့ ရန်နစ်က ပြောကြားခဲ့ပါတယ်။

သူက အသင်းအနေနဲ့ ထိပ်တန်းကစားသမး ၁၀ ဦးလောက်အထိ လိုအပ်နေတယ်ယုံကြည်နေပါတယ်။ ယူနိုက်တက်ဟာ ယခင်တုန်းက ငွေကြေးအများအပြားနဲ့ ထိပ်တန်းကစားသမားတွေဖြစ်တဲ့ ဒီမာရီယာ ၊ ဆန်းချက်ဇ် ၊ လူကာကူ ၊ ပေါ့ဂ်ဘာတို့ိကို ခေါ်ယူခဲ့သေးတာဖြစ်ပါတယ်။ ရန်နစ်က အသင်းရဲ့လက်ရှိအနေအထားမှာ လူငယ်ကစားသမားတွေအပေါ် အားထားသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်အကယ်ဒမီဟာ အသင်းအတွက် အရေးပါတဲ့အနေအထားတစ်ရပ်မှာ ရှိနေဆဲလို့ ဆိုခဲ့ပါတယ်။

“အကယ်ဒမီကနေ လူငယ်ကစားသမားတွေကို မွေးထုတ်နိုင်ဖို့ လိုအပ်ပါတယ်။ မေဆင်ဆိုရင် ပြီးခဲ့တဲ့နှစ်အငယ်လောက်က အထွန်းတောက်ဆုံးကစားသမားဖြစ်ခဲ့ပါတယ်”လို့ ရန်နစ်က ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးနဲ့သရေကန်နိုင်လိုက်တာကြောင့် “ရန်နစ်က ယူနိုက်တက်ဟာ ယူရိုပါလိဂ်ဝင်နိုင်မယ်လို့ တွေးထင်နေပါတယ်။ ဖြေရှင်းရမယ့် ပြဿနာအချို့ရှိနေပါတယ်။ တန်ဟက်က ကိုင်တွယ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ သူက ထိပ်တန်းနည်းပြတွေထဲက တစ်ဦးပါ။ အသင်းကို မှန်ကန်တဲ့လူခေါ်ယူမှု ၊ မှန်ကန်တဲ့လေ့ကျင့်မှုနဲ့သာ နည်းပြနိုင်မယ်ဆိုရင် အကောင်းဆုံးအသင်းတစ်သင်းဖြစ်လာပါလိမ့်မယ်”လို့ ရန်နစ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #မန်စီးတီး #ရန်နစ်