ရှေ့သို့
Image

ရော်နယ်ဒိုသာ ချဲလ်ဆီးမှာဆိုရင် ဂိုး၅၀လောက် သွင်းပြီးနေလောက်ပြီလို့ ရွိုင်ကိန်းဆို

9:44 AM, 30 April

ရွိုင်ကိန်းက ခရစ္စတီယာနို ရော်နယ်ဒိုသာ ယူနိုက်တက်ပြိုင်ဘက် ချဲလ်ဆီးမှာသာ ကစားတယ်ဆိုရင် ၁ရာသီ ဂိုး၅၀လောက် သွင်းပြီးနေလောက်ပြီလို့ ပြောခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်တို့မှာ အောင်မြင်တဲ့ ကစားသမားဘ၀ ဖြတ်သန်းခဲ့ပြီးနောက် ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်ကို ပြန်လာခဲ့ပါတယ်။ ၃၇နှစ်သားဟာ ယခုနှစ်ရာသီ ဝေဖန်မှုအချို့ ရင်ဆိုင်ခဲ့ရပေမဲ့ သွင်းဂိုး ပါဝင်ပတ်သက်မှုတွေမှာတော့ အငြင်းပွားစရာ မရှိပါဘူး။

တိုက်စစ်မှူးဟာ ယခုနှစ်ရာသီ ပြိုင်ပွဲစုံ ၃၇ပွဲ ကစားရာမှာ ၂၃ဂိုသွင်းထားပြီး ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ပွဲမှာ ၈ဂိုးအထိ သွင်းထားပါတယ်။ ပြီးခဲ့တဲ့ ချဲလ်ဆီးနဲ့ပွဲမှာလည်း ယူနိုက်တက် သရေရစေမယ့် ချေပဂိုး သွင်းယူပေးသွားခဲ့ပါတယ်။

ကိန်းက “လူတွေက ရော်နယ်ဒို ဘာမလုပ်နိုင်ဘူးဆိုတဲ့အပေါ်မှာပဲ ဝေဖန်နေကြတာ ဖြစ်ပေမဲ့ သူအဲ့ဒီနေရာမှာဆို ဘယ်တော့မှ မကောင်းခဲ့တာတော့ ဟုတ်ပါဘူး။ သူရဲ့ အကောင်းဆုံးနေရာကတော့ အခက်ခဲဆုံးဖြစ်တဲ့ ဂိုးသွင်းတဲ့နေရာပါပဲ”“ချဲလ်ဆီး ဘယ်လောက်ထ် အခွင့်အရေးရနေတယ်ဆိုတာ ခင်ဗျားတို့ မြင်မှာပါ။ သူသာ ချဲလ်ဆီးမှာ ဆိုရင် ဂိုး၅၀လောက် ရနေပြီးပါပြီ။ သူ အခုတော့ သူ့အတွက် ဘာအခွင့်အရေးမှ ဖန်တီးပေးနိုင်ခြင်းမရှိတဲ့ ဆိုးရွားတဲ့ ယူနိုက်တက်မှာ ကစားနေရပါတယ်”လို့ ပြောခဲ့ပါတယ်။

အလားတူ ကိန်းက ချဲလ်ဆီးတိုက်စစ်မှူး လူကာကူရဲ့ အားထုတ်မှုအပေါ်မှာလည်း ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

“သူ ယူနိုက်တက်နဲ့ပွဲမှာ ဝင်လာတယ်။ သူ ကစားသမားတစ်ယောက် ဖြစ်တာကြောင့် အရည်အသွေးတွေ ပြရမယ်ဆိုပြီး ခင်ဗျားတို့ ထင်လို့မယ်။ သူ ဝင်လာပြီး လမ်းလျှောက်နေကာ ဂိုးသွင်းမယ်လို့ ဆုံးဖြတ်ထားတာမျိုး မရှိပါဘူး။ သူ့ရဲ့ ကြံ့ခိုင်မှုနဲ့ဆိုရင် ဒီအားထုတ်မှုက မဟုတ်သေးဘူးလို့ ထင်ပါတယ်”လို့ ကိန်း ဆိုခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ချဲလ်ဆီး #ရော်နယ်ဒို #ရွိုင်ကိန်း