ရှေ့သို့
Image

ဒရော့ဘာလို ကစားသမားမျိုးခေါ်ယူဖို့ တူချယ်အား ရက်ပ်နက် တိုက်တွန်း

4:18 PM, 29 April

ကြာသသပတေးညက ယူနိုက်တက်နဲ့ ကစားခဲ့တဲ့ပွဲမှာ ချဲလ်ဆီးဟာ ၁-၁ ဆိုတဲ့ သရေရလဒ်နဲသာကျေနပ်ခဲ့ရပြီး ပွဲကိုအနိုင်ရနိုင်တဲ့ အခွင့်အရေးပေါင်းများစွာကို လက်လွတ်ခဲ့ရတာဖြစ်ပါတယ်။

ဒီရာသီချဲလ်ဆီးဟာ ပြီးခဲ့တဲ့နှစ် နွေရာသီက အင်တာမီလန်ကနေ သန်း ၁၀၀ နဲ့ခေါ်ယူခဲ့ပြီး ခြေစွမ်းမပြခဲ့တဲ့ လူကာကူကြီးကြောင့် ရုန်းကန်နေရတာဖြစ်ပါတယ်။ လီဗာပူးကွင်းလယ်လူဟောင်း ရက်ပ်နက်ကတော့ ယူနိုက်တက်နဲ့ပွဲတုန်းက အခွင့်အရေးပေါင်းများစွာကို လွဲချော်ခဲ့တာဟာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူးတစ်ယောက်ကို ချဲလ်ဆီးအသည်းအသန်လိုအပ်နေတာကို သက်သေပြနေတာဖြစ်ကြောင်း ဆိုပါတယ်။

သူက “သူတို့ဘာလို့အနိုင်မရခဲ့လဲဆိုတာ တူချယ်တွေးနေလောက်တယ်လို့ထင်တယ်။ သူတို့တွေရခဲ့တဲ့ အခွင့်အရေးတွေမှ မနည်းဘဲ။ သူတို့ကတော့ လူကာကူကို သူတို့လိုအပ်နေခဲ့တဲ့အပိုင်းအစတစ်ခု၊ သူတို့ကို ဂိုး ၂၀၊ ၂၅ ဂိုးလောက်သွင်းယူပေးပြီး ဖလားရအောင်ယူပေးမယ့်သူလို့ထင်ခဲ့ပေမဲ့ အဆင်မပြေဖြစ်ခဲ့တာပါပဲ။ ဝါနာက တကယ်ပွဲသိမ်းတော်တဲ့သူပါ။ ဟားဗက်စ်ကိုလည်း အရမ်းသဘောကျပါတယ်။ ဒါပေမဲ့ သူတို့က ဒရော့ဘာတို့ ကိုစတာတို့လို ဂိုး ၂၀၊ ၂၅ ဂိုးလောက်သွင်းယူပေးပြီး ဖလားယူပေးနိုင်မယ့်သူတွေ မဟုတ်ဘူးဗျ။ ဒီတော့ အဲနေရာဟာ အသည်းအသန်လိုအပ်နေတာပါ”လို့ ဆိုပါတယ်။

၂၀၀၄ နဲ့ ၂၀၁၂ ကြားမှာ ဒရော့ဘာဟာ ချဲလ်ဆီးအတွက် ဂိုး ၁၀၀ တောင်သွင်းယူပြီး ဖလား ၃ လုံးတောင် ယူပေးခဲ့တယ်။ ဒီယေဂိုကိုစတာကလည်း ၂၀၁၅ နဲ့ ၂၀၁၇ ကြား ၂ ရာသီဆက်တိုက်မှာ လိဂ်ဂိုး ၂၀ သွင်းယူပြီး ဖလား  ၂ လုံးရအောင် စွမ်းဆောင်ပေးခဲ့တယ်။  နှိုင်းယှဉ်ရမယ်ဆိုရင် ဝါနာဟာ ၂၀၂၀ ချဲလ်ဆီးကို ရောက်လာတည်းကနေ အခုထိ လိဂ်ဂိုး ၂၀ ပဲသွင်းယူထားတာဖြစ်ပါတယ်။ လူကာကူကလည်း ဒီရာသီမှာ ၅ ဂိုးသာသွင်းယူထားခဲ့ပါတယ်။

ယူနိုက်တက်နဲ့ သရေကျပြီးနောက်မှာတော့ တူချယ်က အသင်းဟာ ရှေ့တန်းမှာတော်တော့်ကို လိုအပ်နေပြီး ဆုံးဖြတ်ချက်လည်း မခိုင်မာဘူးလို့ သူကဆိုပါတယ်။ သူက “နိုင်သင့်တဲ့အသင်းက ဘယ်အသင်းလဲဆိုရင် ကျွန်တော်တို့အသင်းပဲ။ ကျွန်တော်တို့ မနိုင်ခဲ့ဘူး။ အရမ်း အရမ်းခြေစွမ်းကောင်းပေမဲ့ ဆုံးဖြတ်ချက်မခိုင်မာခဲ့ဘူး။ ပွဲကို အနိုင်ရဖို့အတွက် ဂိုးကို အပိုင်သွင်းမယ်ဆိုတဲ့ စိတ်ထားမျိုးပျောက်နေခဲ့တယ်။ တစ်ခါတလေဖြစ်တတ်ပါတယ်။ အဲလိုကိစ္စကနေ သင်ယူရမှာ ကျွန်တော်တို့တာဝန်ပါ။ ဖလားရဖို့ဆိုရင် ကောင်းမွန်ပြည့်စုံနေအောင် သေချာလေ့လာနိုင်ရမယ်။  တစ်မှတ်တည်းရတာတော့ မမျှတပါဘူး”လို့ ဆိုပါတယ်။

#မန်ချက်စတာယူနိုက်တက် #ချဲလ်ဆီး #တူချယ် #ဒရော့ဘာ #ရက်ပ်နက်