ရှေ့သို့
Image

ချဲလ်ဆီးနဲ့ ပွဲမှာ မာတာကို လူစားဝင်စေခဲ့တဲ့ ရန်းနစ်ရဲ့ ဆုံးဖြတ်ချက်ကို ရွိုင်ကိန်း ဝေဖန်

10:50 AM, 29 April

ယူနိုက်တက် ဂန္တဝင် ရွိုင်ကိန်းက ချဲလ်ဆီးနဲ့ ပွဲမှာ လူငယ်တွေကို အခွင့်အရေးပေးမယ့်အစား မာတာကို လူစားဝင်စေခဲ့တဲ့ နည်းပြ ရန်းနစ်ရဲ့ ဆုံးဖြတ်ချက်အပေါ် ဝေဖန်သွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ဒဏ်ရာပြဿနာ များပြားနေမှုကြောင့် အကယ်ဒမီထွက် ကစားသမားအများအပြားကို ချဲလ်ဆီးနဲ့ပွဲ လူစာရင်းမှာ ထည့်သွင်းလာခဲ့ရပါတယ်။

ဂါနာချိုက ပွဲဦးထွက်အဖြစ် လူစားဝင်ခွင့် ရခဲ့ပေမဲ့ ရန်းနစ်က ဟန်နီဘယ်၊ ရှိုလာ ရှိုရီတိုင်းယား၊ အယ်ဗာရို ဖာနန်ဒက်ဇ်တို့အစား မာတာ၊ ဖီးလ် ဂျုံးစ်တို့ကိုသာ ထည့်ကစားခဲ့ပါတယ်။ ကိန်းက အဆိုပါ ဆုံးဖြတ်ချက်အပေါ် မကျေနပ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ခြေစွမ်းပြနိုင်ခဲ့တဲ့ မာတစ်နဲ့ ဂျုံးစ်တို့ကို ချီးကျူးခဲ့ပါတယ်။

ကိန်းက “ဒီနေ့ ကျွန်တော်တို့ ပွဲအပြီးမှာ အသင်းက ထွက်ခွာတော့မယ့်အကြောင်း အင်တာဗျူးလုပ်ခဲ့တဲ့ မာတစ်အကြောင်း ပြောထားပါတယ်။ ၃ပွဲကစားဖို့ ကျန်ချိန် အသင်းက ထွက်မယ့်အကြောင်း မပြောသင့်ပါဘူး” “မာတာက ယူနိုက်တက်အတွက် လူစားဝင်လာပြီး လွန်ခဲ့တဲ့ ပွဲအနည်းငယ်ကလည်း ဝင်လာပါတယ်။ သူ့မှာ သုံးစရာ လူငယ်တွေ အများအပြား ရှိနေပါတယ်။ အဲ့ဒါကို မာတာအတွက် နှုတ်ဆက်ပွဲလို၊ အမှတ်တရာပွဲလို ကစားခိုင်းနေပါတယ်”“မင်းက ယူနိုက်တက်ဖြစ်ပြီး ရမှတ်အတွက် တိုက်ပွဲဝင်နေချိန် ဂုဏ်ယူစရာတွေအတွက် ကစားနေပါတယ်။ အဲ့ဒါမျိုးက သူ့ကို ပွဲပေးကစားမယ်ဆိုပြီး ဖြစ်နေပါတယ်။ ဖီးလ်ဂျုံးစ်လို ကစားသမားမျိုးကို ထည့်လိုက်တော့ အားလုံးက လက်ခုပ်တီးကြရောပေါ့”

“ဘောလုံးပွဲတစ်ပွဲ နိုင်ဖို့ ကြိုးစားနေပါတယ်။ ရာသီကုန်တော့မှာမလို့ သူတို့ကို သုံးမယ်ဆိုပြီး လုပ်နေတာတွေကို မေ့လိုက်သင့်ပါတယ်။ တကယ်တမ်း သူတို့က လွန်ခဲ့တဲ့ ၂နှစ်ကတည်းက ထွက်သင့်တဲ့ ကစားသမားတွေပါ။ အဲ့ဒီမှာ မိနစ်၂၀လောက် ပေးကစားတားမျိုး ဖြစ်တာပါ။ မာတာက ဝင်လာပြီး ဘောလုံးနည်းနည်းထိတဲ့အခါ ဂယ်ရီနဗီးလ်က သူ့ကို ချီးကျူးလိမ့်မယ်ဆိုတာ သိတယ်။ ဒါပေမဲ့ လူငယ်တွေကို ထည့်သင့်ပါတယ်”လို့ ပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ချဲလ်ဆီး #မာတာ #ရွိုင်ကိန်း #ရန်းနစ်