ရှေ့သို့
Image

ယူနိုက်တက်နဲ့ ပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ဝါနာနဲ့ ဟားဗက်စ်တို့ကို တူချယ် ဝေဖန်

10:47 AM, 29 April

အိုးထရက်ဖို့ဒ်ကွင်းမှာ ချဲလ်ဆီးအသင်း ယူနိုက်တက်ကို ၁-၁ နဲ့သရေရခဲ့တဲ့ ရလဒ်နဲ့ ပတ်သက်ပြီး တီမိုဝါနာနနဲ့ ကိုင်ဟားဗက်စ်တို့ကို တူချယ်က ဝေဖန်လိုက်ပါတယ်။ ချဲလ်ဆီးတို့ စိုးမိုးချယ်လှယ်ပြီး ဂိုးပေါက်ခြိမ်းခြောက်မှု ၂၁ခုလုပ်ခဲ့တဲ့ ပွဲမှာ အလွန်ဆိုသွင်းခဲ့တဲ့ ဂိုးတစ်ဂိုးသာဂိုးပြီး သိပ်မကြာခင်မှာတင် ရော်နယ်ဒိုက ချေပဂိုးပြန်လည်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဟာဗက်စ်နဲ့ ဝါနာတို့ ဒုတိယပိုင်းမှာလည်း ပါဝင်ကစားခဲ့ပေမဲ့ ပါဝင်ကစားခဲ့ပေမဲ့ ပွဲပြီးဖို့ မိနစ် ၂၀ အလိုမှာတော့ သူတို့ကို လူကာကူ၊ ပူလီဆစ်တို့နဲ့ အစားထိုးခဲ့ပါတယ်။ ပွဲပြီးတဲ့နောက် ထိုနှစ်ယောက်ရဲ့ခြေစွမ်းနဲ့ ပတ်သက်ပြီးမေးတဲ့အခါ အနိုင်sမရခဲ့တဲ့အတွက် စိတ်ပျက်နေတဲ့ သူ့ရဲ့ခံစားချက်ကို သူဟာ မဖုံးကွယ်ခဲ့ပါဘူး။

တူချယ်က “ဟုတ်တယ်။ ကျွန်တော်တို့တွေ အခွင့်အရေးအများကြီး ရခဲ့တာကြောင့် သူတို့ ၂ ယောက်က အကောင်းဆုံး ခြေစွမ်းမပြသခဲ့ဘူး။ သူတို့သာ ခြေစွမ်းပြရင် ကျွန်တော်တို့ အနိုင်ရတဲ့သူတွေဖြစ်နေပြီ။ ဒီလောက်ပါပဲ။ ဘယ်သူ့ဘယ်သူကိုမှတော့ လက်ညိုးထိုးနေလို့မရပါဘူး။ ကျွန်တော်တို့တွေ ဂိုးဖို့အတွက် အခွင့်အရေးတွေ အပြည့်အဝရတာလည်းရှိတယ်။ မပြည့်မဝရတာလည်းရှိတယ်”လို့ ဆိုပါတယ်။

ပုံမှန်ဆိုရင် အကောင်းဆုံးခြေစွမ်းပြတတ်တဲ့ ဟားဗက်စ်ဟာလည်း ဒီနေ့ပွဲမှာတော့ ဂိုးရှေမှာ အခွင့်အရေးပေါင်းများစွာကို လွဲချော်နေခဲ့ပါတယ်။ ကြာသပတေးနေ့ညက ပွဲမှာရုန်းကန်နေရတဲ့အဆိုပါဂျာမန်လက်ရွေးစင်ကစားသမားဟာ ချဲလ်ဆီးရဲ့ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ပြီး ပြိုင်ပွဲစုံမှာ ၁၃ ဂိုးသွင်းယူထားပါတယ်။

တူချယ်က “ သူခြေစွမ်းပြန်ပြနိုင်ဖို့လိုတယ်ဗျ။ အဲလိုဖြစ်ရမှာ။ သူသိမယ်လို့မျှော်လင့်ပါတယ်။ တိုက်စစ်ကစားသမားလေးတွေက ငယ်တော့ ကျွန်တော်တော့ လက်ညိုးထိုးနေမှာမဟုတ်ဘူး။ သူတို့က နောက်ပိုင်း တော်တော်လေးကို လိုက်ဖက်ညီညီနဲ့ကောင်းနေတာပါ။ ဆောက်သမ်တန်နဲ့ ရီးရဲကို ဒုကျော့မှာ အနိုင်ရတဲ့ ပွဲတွေမှာဆိုရင် သူတို့က အခွင်အရေး အပိုင်သေချာကို အသုံးချခဲ့ကြတယ်။ ဒီလိုပါပဲ။ အဲတုန်းက အချက်အလက်တွေကြည့်ပြီးသေချာလေ့လာမယ်ဆိုရင်တော့ ဝါနာနဲ့ ဟားဗက်စ်တော်တော့်ကို ကောင်းခဲ့ကြတာ။ ဒီနောက်ပိုင်းပွဲတွေမှာတော့ သူတို့ခြေစွမ်းက အကောင်းဆုံးမဖြစ်လာဘူးပေါ့။  အဲဒီအတွက်လည်း သူတိုကို ကာကွယ်ပေးရပါမယ်။ ဘာလို့ဆို အသင်းလိုက်ကစားရတဲ့ အားကစားမို့ သူတို့ကိုပဲကြည့်ပြီး အပြစ်တင်နေလို့မရပါဘူး။ နောက်ပိုင်းလောက်မှာသာ သူ့ပုံစံက သိပ်အဆင်မပြေဖြစ်နေတာပါ”လို့ ဆိုပါတယ်။

ရှေ့ပွဲတွေမှာ ၅ ဂိုးထိသွင်းယူခဲ့တဲ့ ဟားဗက်စ်ဟာ နောက်ဆုံးသုံးပွဲမှာ တစ်ဂိုးတောင်မသွင်းယူနိုင်ခဲ့ပါဘူး။ ဝါနာဟာ ရှေ့ ၂ ပွဲ နဲ့ ရီးရဲလ်ကို ၃-၂ နဲ့နိုင်တဲ့ပွဲမှာသာ ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ နောက်ဆုံး ၂ ပွဲမှာ တစ်ဂိုးမှ မဂိုးသေးတာပဲဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ချဲလ်ဆီး #ဟားဗက်ဇ် #တူချယ် #ဝါနာ