ရှေ့သို့
Image

ဗီလာရီးရဲလ်နဲ့ပွဲမှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့တဲ့ သီယာဂိုအား ပီတာခရော့ချ် ချီးကျူး

10:32 AM, 29 April

လီဗာပူးတိုက်စစ်မှူးဟောင်း ပီတာခရော့ချ်က ဗီလာရီးရဲလ်နဲ့ပွဲမှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့တဲ့ကွင်းလယ်လူ သီယာဂိုက ချီးကျူးလိုက်ပါတယ်။

စပိန်သားဟာ ဒီနေ့ပွဲမှာလည်း အသင်းအတွက် စွမ်းဆောင်ရည်ကောင်းတစ်ရပ် ထပ်မံပြသနိုင်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးဟာ ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်ရောက်နိုင်ဖို့အတွက် ပထမအကျော့မှာ ဗီလာရီးရဲလ်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ကာ ဂျော်ဒန်ဟန်ဒါဆန်က own goal နဲ့ မာနေးက ဒုတိယဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

သွင်းဂိုးတွေက ဒုတိယပိုင်းမှာမှ မြင်တွေ့ခဲ့ရပေမယ့် လီဗာပူးက ပွဲကိုထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ အူနိုင်းအမ်မရီရဲ့ အသင်းက အချက်အလက်အရ ဒုတိယအကျော့မှာ ဒုက္ခပေးနိုင်သေးတာဖြစ်ပါတယ်။ လီဗာပူးအသင်းမှာ စွမ်းဆောင်ရည်ကောင်းတစ်ရပ်ပြသနိုင်တဲ့ကစားသမားတစ်ဦးရှိနေပြီး သီယာဂိုက အသင်းမှာ ဆက်တိုက်ခြေစွမ်းပြနေတာဖြစ်ပါတယ်။

“တစ်ခါတလေမှာ အချက်အလက်တွေက အထင်လွဲမှားစေပါတယ်။ ၉၅ နဲ့ ၉၆% အထိ ဘောလုံးပေးပို့မှု ပြုလုပ်နိုင်တယ်လို့ ပြသနေပါတယ်။ ကစားသမားတွေက ၅ ကိုက် နဲ့ ၁၀ ကိုက်အကွာကနေ ပေးပို့နိုင်ပါတယ်။ သီယာဂိုက ကိုက် ၃၀ နဲ့ ၄၀ လောက်ကနေ ဘောလုံးပေးပို့နိုင်တဲ့သူပါ။ သူက ကစားချိန်တိုနိုင်သလို ကွင်းထဲမှာ မျက်လုံးနဲ့ကစားနေပေမယ့် သူက ဘောလုံးပေးပို့မှု % က ရရှိနေဆဲပါ။ သူက တကယ့်ကိုထူးခြားသလို ပေးပို့မှုတိုင်း အောင်မြင်တဲ့သူပါ”လို့ ခရော့ချ်က ပြောကြားခဲ့ပါတယ်။ ကာရေဂါကတော့ သီယာဂိုဟာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ပေမယ့် လီဗာပူးမှာ အဆင့်တစ်ခုကို မမြင်ရသေးဘူးလို့ ပြောကြားခဲ့ပါတယ်။

အခုချိန်မှာတော့ သီယာဂိုဟာ ခြေစွမ်းကောင်းတွေဆက်တိုက်ပြသနေကာ မန်စီးတီးနဲ့ဝင်ဘာလေ ၊ ယူနိုက်တက် နဲ့ပွဲ ၊ အခုဗီလာရီးရဲလ်နဲ့ပွဲတွေမှာ ဆက်တိုက်ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။

#လီဗာပူး #ဗီလာရီးရဲလ် #သီယာဂို #ချန်ပီယံလိဂ် #ပီတာခရော့ချ်