ရှေ့သို့
Image

ချူအာမီနီနဲ့ ကယ်လ်ဗင်ရမ်ဆေးတို့ကို စိတ်ဝင်စားနေတဲ့ လီဗာပူး

10:07 AM, 29 April

လီဗာပူးအသင်းဟာ လာမယ့်နွေရာသီမှာ အသင်းလူအင်အားကိုဖြည့်တင်းဖို့ ပြင်ဆင်နေပြီး ကလော့ပ်က မိုနာကိုစတား ချူအာမီနီကို သဘောကျနေပါတယ်။ ထွက်ပေါ်လာတဲ့သတင်းတွေအရ လီဗာပူးက ဗီလာရီးရဲလ်ကို ၂ ဂိုးပြတ်အနိုင်ရရှိပြီးနောက် ကလော့ပ်ဟာ အသင်းနဲ့စာချုပ်သက်တမ်း တိုးဖို့ ပြင်ဆင်လာပါတယ်။

လီဗာပူးဟာ ဒီရာသီဖလား ၄ လုံးချန်ပီယံဖြစ်ဖို့ မျှော်လင့်ချက်ရှိနေဆဲဖြစ်ကာ နွေရာသီထက် လက်ရှိရာသီကိုသာ အာရုံစိုက်ဖို့ စီစဉ်နေပါတယ်။ တိုင်းမ်စ်သတင်းဌာနကတော့ လီဗာပူးဟာ ကစားသမား၂ ဦးကို ပစ်မှတ်ထားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ လီဗာပူးဟာ မိုနာကိုစတားချူအာမီနီကို ခေါ်ယူချင်နေပြီး စပိန်ကလပ် ရီးရဲလ်ကလည်း မျက်စိကျနေပါတယ်။

ဒါ့အပြင် အသင်က ၁၈ နှစ်သား ညာနောက်ခံလူ ကယ်လ်ဗင်ရမ်ဆေးကိုလည်း စိတ်ဝင်စားနေပြီး ပရီးမီးယားလိဂ်ကလပ် လိဒ်အသင်းကလည်း စိတ်ဝင်စားနေပါတယ်။ လီဗာပူးဟာ ဒီနွေရာသီမှာ ဖူလ်ဟမ်စတား ကာဗယ်လ်ဟိုကို ပေါင် ၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိထားပြီးဖြစ်ပါတယ်။

ချိန်ဘာလိန်က လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုဖို့ မသေချာသေးတာဖြစ်ပါတယ်။ အသက် ၂၂ နှစ်သား တာချိုမီနီဟာ ဥရောပရဲ့အလားအလာအရှိဆုံး လူငယ်တစ်ဦးဖြစ်ပြီး နွေရာသီမှာ ပေါင် ၃၃.၅ သန်းနဲ့ ရရှိနိုင်ဖွယ်ရှိနေပါတယ်။ သူဟာ လိုင်လီကနေ မိုနာကိုအသင်းထံပြောင်းရွှေ့ပြီးနောက် ပြင်သစ်အသင်းအတွက် ၈ ပွဲပါဝင်ကစားပေးထားပါတယ်။

ရမ်ဆေးကလည်း ကိုဗစ်မစခင် စီနီယာအသင်းအတွက် ပထမဆုံး ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး စကော့တလန်ကလပ်အတွက် ပြိုင်ပွဲစုံ ၂၇ ပွဲအထိ ပါဝင်ကစားပေးထားပါတယ်။

#လီဗာပူး #မိုနာကို #ကလော့ပ် #ချူအာမီနီ #ရမ်ဆေး