ရှေ့သို့
Image

ချဲလ်ဆီးနဲ့ ပွဲအတွက်လူစာရင်းထဲကို ၁၉ နှစ်သားခံစစ်မှူး ဝီလ်ဖစ်ရှ်ကို ထည့်သွင်းခဲ့တဲ့ ရန်နစ်

2:59 PM, 28 April

မန်ချက်စတာယူနိုက်တက် ယာယီနည်းပြရန်နစ်အတွက်တော့ ဒီရာသီအခက်အခဲ ပေါင်းစုံနဲ့ ရင်ဆိုင်နေရပြီး ယနေ့ညမှာကစားမယ့် ချဲလ်ဆီးနဲ့ပွဲမှာလည်း စီနီယာကစားသမားတွေ ဒဏ်ရာပြဿနာတွေ ရှိနေတာကြောင့် ဆယ်ကျော်သက် လူငယ်ခံစစ်မှူးလေး ဝီလ်ဖစ်ရှ်ကိုပထမအသင်းနဲ့ လေ့ကျင့်ဖို့ ခေါ်ယူခဲ့ပါတယ်။ ယူနိုက်တက်ဟာ ရလဒ်ဆိုးတွေကြောင့် လာမယ့်ရာသီ ချန်ပီယံဝင်ခွင့်နဲ့ လွဲချော်ဖို့များနေပြီး ယနေ့ညချဲလ်ဆီးနဲ့ပွဲ အပါအဝင် လက်ကျန်ပွဲတွေက ယူနိုက်တက်ရဲ့ လာမယ့်ရာသီ အခြေအနေကို အဆုံးအဖြတ် ပေးသွားမှာလည်း ဖြစ်ပါတယ်။

ပေါလ်ပေါ့ဂ်ဘာ၊ အက်ဒီဆင်ကာဗာနီ၊ ဟယ်ရီမက်ဂွာရီနဲ့ လုခ်ရှောတို့အားလုံး ယနေ့ညပွဲကို သေချာပေါက် လွဲချော်ကြမှာဖြစ်လိုပ အသင်းရဲ့လိုအပ်နေတဲ့ နေရာတွေကိုတော့ အကယ်ဒမီထွက် လူငယ်တွေနဲ့ပဲ အစားထိုးသွားရဖို့ ရှိနေပါတယ်။ သတင်းတွေအရတော့ ရန်နစ်ဟာ ကြာသပတေးညမှာ ကစားမယ့် ချယ်လ်ဆီးအသင်းနဲ့ပွဲစဉ်အတွက် ထရိန်နင်မှာ လူငယ်ခံစစ်မှူး ဖစ်ရှ်ကိုပထမအသင်းနဲ့ ပူးပေါင်းစေခဲ့တာလို့ သိရပါတယ်။

ဖစ်ရှ်ကပထမအသင်းနဲ့ စိမ်းတဲ့သူတော့မဟုတ်ပဲ အသင်းကြီးမှာတောင် ပွဲဦးထွက်ကစားပြီးပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဝုဗ်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ နည်းပြဟောင်း အိုလီဂန်နာဆိုးလ်ရှားက ဖစ်ရှ်လူစားလဲပါဝင်ကစားစေခဲ့ပါတယ်။ ဒါပေမယ့် ၁၉ နှစ်သား ခံစစ်မှူးဟာ ဒီရာသီမှာတော့ အသင်းကြီးမှာ နေရာမရပဲ နေးရှင်းလိဂ်ကလပ် စတော့ပို့ကောင်တီကို အငှားထွက် ကစားခဲ့ပေမယ့် နှစ်ပွဲအတွင်းမှာ ၈၄ မိနစ်သာ ကစားခွင့်ရရှိခဲ့တာကြောင့် အိုးလ်ထရက်ဖို့ဒ်ကို ပြန်လည်ခေါ်ယူထားတာပဲ ဖြစ်ပါတယ်။

ဖစ်ရှ်ဟာ ယူနိုက်တက် ယူ ၂၃ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ရရှိနေသူဖြစ်ပြီး ဟန်နီဘယ်မက်ဂျ်ဘရီ၊ အယ်ဗာရိုဖာနန်ဒက်စ်နဲ့ ရှိုလာရှိုရီတိုင်းယားတို့နည်းတူ ပထမအသင်းမှာ ပူးပေါင်းခွင့် ရရှိနေသူလည်း ဖြစ်ပါတယ်။ ဖစ်ရှ်အနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ချဲလ်ဆီးအသင်းကို ရင်ဆိုင်ရာမှာ ပွဲထွက်ခွင့်ရဖို့မဖြစ်နိုင်ပေမယ့် ဟန်နေဘယ်နဲ့အတူတူ အရန်ခုံတန်းမှာတော့ ပါဝင်လာဖွယ်ရှိပါတယ်။

#မန်ချက်စတာယူနိုက်တက် #ချဲလ်ဆီး #ရန်နစ် #ဝီလ်ဖစ်ရှ်