ရှေ့သို့
Image

ပြန်လည်တည်ဆောက်မှုမလုပ်ခင် ယူနိုက်တက်အနေနဲ့ အဆင့် ၈ အထက်ရထားသင့်တယ်လို့ ရန်းနစ်ဆို

2:54 PM, 28 April

ယူနိုက်တက်ဟာ ယခုဆိုရင် ချန်ပီယံလိဂ်မဝင်နိုင်တော့တာဖြစ်ပြီး ဝုဗ်သာ သူတို့ကိုအမှတ်မီလာခဲ့ရင် ယူရိုပါလိဂ်ပါ ဝင်ခွင့်မရနိုင်တော့တဲ့ အဆင့် ၈ နေရာကို ကျရောက်သွားတော့မှာဖြစ်ပါတယ်။

ရန်းနစ်က “သူတို့တွေ အခွင့်သာသွားတာဆိုပေမဲ့ ကျွန်တော်တို့ကလည်း ကျန်တဲ့ ၄ ပွဲလုံးကို ဖြုန်းတီးပစ်မှာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့အတွက် ကျွန်တော်တို့လုပ်ရမယ့်တာဝန်ကို ကွဲကွဲပြားပြားသိပါတယ်။ ဒါကျွန်တော်တို့ အလုပ်ပါ။ ကျွန်တော့်အလုပ်ပါ။ တတ်နိုင်သမျှအကောင်းဆုံး ရလဒ်ရအောင်ကြိုးစားနေတဲ့ ကစားသမားတိုင်းရဲ့ အလုပ်ပါ။ ရာသီကုန်ကျရင် ဘယ်အဆင့်ရောက်မလဲကတော့ ကြည့်ရမှာပါ။ ပြောရမယ်ဆိုရင် ကျွန်တော်တို့တွေ အခွင့်အရေး ပိုသာသည်ဖြစ်စေ၊ မသာသည်ဖြစ်စေ အဓိပ္ပာယ်မရှိပါဘူး။ ဘာလို့ဆို အဲလိုလုပ်ရင်လည်း ဆက်ပြီးတော့ ကြားခံတင်ဆက်ခံရဦးမှာ”ပဲလို့ သူက ပြောပါတယ်။ ရန်းနစ်ကတော့ လေးပွဲဆက်တိုက် နိုင်ခဲ့မယ်ဆိုရင်တောင် ထိပ်ဆုံးလေးသင်းမှာ ပါဖို့မဖြစ်နိုင်သလောက်ပဲ”လို့ ဆိုပါတယ်။

ယူနိုက်တက်ဟာ သူတို့ရဲ့နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲရှုံးနိမ့်ခဲ့ပြီး အဆင့် ၆ နေရာကို ရောက်ရှိခဲ့ကာ အဆင့် ၄ နေရာက အာဆင်နယ်နဲ့ ၆ မှတ်တိတိကွာခဲ့ပြီဖြစ်သလို တစ်ပွဲပိုကစားထားတာလည်းဖြစ်ပါတယ်။

သူက “အခုအချိန်အထိ ချန်ပီယံလိဂ်အကြောင်းပြောနေမယ်ဆိုရင် အဓိပ္ပာယ်မရှိတော့ဘူး။ ကျွန်တော်တို့တွေ လက်တွေ့ကျရပါမယ်။ လေးပွဲလုံးကို ကျွန်တော်တို့နိုင်ရင်တောင် အဲဒီအနိုင်က ကျွန်တော်တို့လက်ထဲမှာမဟုတ်ဘူး။ ဘယ်လိုကစားလဲ၊ ဘယ်လောက်ခြေစွမ်းကောင်းလဲကမှ ကျွန်တော်တို့လက်ထဲကဟာ။ ဒီရာသီမှာ အကောင်းဆုံးဖြစ်သွားဖို့ အရေးကြီးပါတယ်။ ကစားဖို့ ၄ ပွဲ ကျန်တဲ့ထဲမှာ ၂ ပွဲက အိမ်ကွင်းမှာဆိုတော့ တတ်နိုင်သမျှ နိုင်အောင်ကစားပြီး အမှတ်များများယူရမယ်။ အဲလိုလုပ်နိုင်ဖို့လည်း တတ်နိုင်သမျှအကောင်းဆုံး ခြေစွမ်းနဲ့ကစားဖို့လိုတယ်။ ချဲလ်ဆီးဆိုတာ အကောင်းဆုံး အသင်းဆိုပေမဲ့ ကျွန်တော်တို့ ကောင်းကောင်းကစားမယ်ဆိုရင် သူတို့ကို နိုင်ဖို့လည်းဖြစ်နိုင်မယ်ထင်တယ်”လို့ ပြောသွားခဲ့ပါတယ်။

နည်းပြသစ်တန်ဟက်နဲ့ ပတ်သက်ပြီးတော့လည်း တန်ဟက်နဲ့ အတူတွဲလုပ်ပြီး အကြံပေးနေရာကနေကူဖို့ကို မျှော်လင့်နေကြောင်း၊ နောက်ရာသီမှာ ကစားအသစ်တွေ ရောက်လာမှာတွေ၊ ထွက်သင့်တဲ့ ကစားသမားတွေ ထွက်မှာတွေနဲ့ ပိုမိုကောင်းမွန်လာနိုင်ကြောင်းလည်း ရန်းနစ်က ဆိုပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရန်းနစ်