ရှေ့သို့
Image

ဂွါဒီယိုလာကိုတောင် ထိုင်ရက်ကျသွားစေတဲ့ ဖာနန်ဒင်ဟိုကို အရူးလုပ်သွားတဲ့ ဗင်နီစီးယက်စ်ရဲ့ စကေး

12:06 PM, 27 April

ပက် ဂွါဒီယိုလာဟာ ယမန်နေ့ညက ဗင်နီစီးယက်စ်ဖာနန်ဒင်ဟိုကို ကျော်ဖြတ်ပြသွားတာ မြင်ခဲ့ပြီးနောက် ဒူးထောက်ကျသွားလောက်အောင် အံ့အားသင့်ခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ အဆိုပါပွဲစဉ်မှာ ရီးရဲလ်ကို ၄-၃ဂိုးနဲ့ အနိုင်ရခဲ့ပေမဲ့ လူတွေရဲ့ အာရုံစိုက်မှုက ဗင်နီစီးယပ်စ်အပေါ် ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဗင်နီစီးယက်စ်ဟာ ဒုတိယပိုင်းမှာ ဖာနန်ဒင်ဟိုကို ခြေယောင်ပြ ကျော်ဖြတ်သွားခဲ့ပြီးနောက် တောက်လျောက်ဆွဲပြေးကာ အီဒါဆန်နဲ့ တစ်ယောက်ချင်းအတွေ့မှာ ဂိုးသွင်းသွားခဲ့ပါတယ်။ ဗင်နီစီးယက်စ်လုပ်ပြသွားချိန် ကွင်းဘေးက ဂွါဒီယိုလာရဲ့ တုံ့ပြန်မှုကိုတော့ ပရိသတ်တွေ သဘောကျလျက် ရှိနေကြပါတယ်။ ပွဲအပြီးမှာ ဂွါဒီယိုလာက ပထမပိုင်းအတွင်း ဂျွန်စတုန်း ဒဏ်ရာရသွားခဲ့ပြီးနောက် ညာနောက်ခံလူအဖြစ် ဝင်ကစားခဲ့တဲ့ ဖာနန်ဒင်ဟိုကို ချီးကျူးသွားခဲ့ပါတယ်။

“ဗင်နီစီးယက်စ်က အရမ်းကောင်းတဲ့ ကစားသမားဖြစ်လို့ သူ့ကို ထိန်းချုပ်ဖို့က မလွယ်ပါဘူး။ ဒါပေမဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့ပြီး ဒါကြောင့်လည်း ဖာနန်ဒင်ဟိုက အရေးပါတဲ့ ကစားသမား၁ဦး ဖြစ်နေတာပါ။ ကျွန်တော် သူ ခြေစွမ်းပြနိုင်မယ်ဆိုတာ သိထားခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

#မန်စီးတီး #ဖာနန်ဒင်ဟို #ချန်ပီယံလိဂ် #ဗင်နီစီးယက်စ်